Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)

ကျွန်တော့် အမျိုးသမီးက အသက် ၃ဝ နှစ်၊ ကိုယ်အလေးချိန် ၄၇ ကီလို၊ လွန်ခဲ့တဲ့ ၅ နှစ်က ၅၃ ကီလို ရှိပါတယ်။ အိမ်ထေ

Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)

ကျွန်တော့် အမျိုးသမီးက အသက် ၃ဝ နှစ်၊ ကိုယ်အလေးချိန် ၄၇ ကီလို၊ လွန်ခဲ့တဲ့ ၅ နှစ်က ၅၃ ကီလို ရှိပါတယ်။ အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ။ လွန်ခဲတဲ့ ၂ နှစ် နီးပါးလောက်က Thyroid ရောဂါဖြစ်လို့ လည်ပင်းက အကျိတ်ကို ခွဲထုတ်လိုက်ပါပြီ။ အခု ဟိုမုန်းဓါတ် နည်းလို့ဆိုပြီး Thyroxine sodium 100mg ကို တနေ့ တလုံးစား နေရပါတယ်။ အခု အသက်ရှူမဝတဝ (သို့ ) အသက်တဝက်ဘဲ ရှုရသလိုဖြစ်နေပြီးတော့ မကြာမကြာ အသက်ပြင်းပြင်း ရှူပေးရပါတယ်။ နောက်ပြီး နှလုံးတုန် ရင်တလှပ်လှပ် ဖြစ်ပြီး ခြေလက် အားမရှိပါဘူး။

Hypothyroidism

အခြေအနေက ဖြစ်လိုက် ပျောက်လိုက်ပါ။ ခုရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။ တပတ်မှာ သုံးလေးရက် လောက်ပါ။ အလုပ် မလုပ်လည်း ဖြစ်ပါတယ်။ ဒီနှစ်ခုက တပြိုင်တည်း ဖြစ်တတ်သလို တစ်ခုချင်းလည်း ဖြစ်ပါတယ်။ အသက်ရှူ မဝတာက ငယ်ငယ်က ဖြစ်ဖူးတယ်။ နောက်ပိုင်းမှာ မဖြစ်တော့ဘဲနဲ့ လည်ပင်းခွဲခါနီးနဲ့ ခွဲပြီးနောက်မှ ပြန်ဖြစ်ပါတယ်။ ရင်တုန်တာက မခွဲခင်က ဖြစ်ပြီးတော့ ခွဲပြီးနောက်ပိုင်း အဖြစ်များလာတယ်။ နောက်တခုက ဇက်ကျောတက် ခေါင်းကိုက်ပါ။ ဒါကတော့ အမြဲလိုလို ဖြစ်နေပါတယ်။ နေကောင်းတဲ့ရက် တလမှာ ငါးရက်လောက်ပဲ ရှိပါတယ်။ ဆေးစစ် သွေးစစ်တော့လည်း Thyroid ဟိုမုန်း နည်းတာကလွဲပြီး ဘာရောဂါမှ မရှိပါဘူးတဲ့။ နှလုံး၊ သွေးတိုး၊ အားလုံး ကောင်းတယ်တဲ့။ နှလုံးခုန်နှုန်းက 78/min ပါ။

လည်ပင်းကြီးကြောင့် ခွဲခဲ့ရတာကို တိတိကျကျ မသိရသေးဘူး။ အရွယ် ကြီးနေလို့လား၊ ဟော်မုန်း များနေလို့လား။ ဘယ်နိုင်ငံမှာ ဘယ်အဆင့် ဆေးရုံမှာ ခွဲလဲ မသိပါ။

ခွဲလိုက်တုံးက လည်ပင်းကြီး-အကြိတ်ကို လိုတာထက် ပိုခွဲထုတ်လိုက်မိတယ် ထင်ရတယ်။ ခွဲစိတ်ဆရာဝန်ကို အပြစ်တင် ပြောချင်တာတော့ မဟုတ်ပါ။ ဘယ်လောက်အထိ ခွဲစိတ် ထုတ်ရမလဲ ဆိုတာကလည်း ဆရာဝန်တွေ အားလုံးက လက်ခံထားတဲ့ ပုံသေနည်း မရှိလို့၊ များတာ-နည်းတာ ဖြစ်နိုင်ပါတယ်။

Thyroid surgery လည်ပင်းကြီး ခွဲရတာဟာ အင်မတန်ကို သတိကြီးရတဲ့ ခွဲစိတ်မှုဖြစ်တယ်။ မတော်လာ၊ လွဲချော်တာ၊ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ အများကြီး။ Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်းလွန်းတာ၊ Bleeding သွေးယိုတာ၊ Recurrent Laryngeal Nerve အာရုံကြောထိတာ၊ Hypoparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်း နည်းတာ၊ Thyrotoxic Storm (သိုင်းရွိုက်) မုန်တိုင်းကျသလိုဖြစ်တာ၊ Superior Laryngeal Nerve အာရုံကြောထိတာ၊ Infection ရောဂါပိုးဝင်တာ အားလုံးက အကြီးစားတွေပါ။

Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်း ရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ -
• တချို့က ဘာမှ မဖြစ်သလိုဘဲ နေတတ်တယ်။
• သာမန်ဖြစ်သူတွေမှာ အားယုတ်၊ စိတ်ကျ၊ ကိုယ်အလေးချိန်တိုး၊ အအေးမခံနိုင်၊ အိပ်ချင်စိတ်များ၊ ဆံပင်ခြောက်၊ အသားအရေခြောက်၊ ဝမ်းချုပ်၊ ကြွက်သားနာ၊ (ကိုလက်စတီရော) များ၊ အာရုံစိုက်မှုနည်း၊ ဟိုက-ဒီကနာ၊ ခြေထောက်ရောင်၊
• ကြာရင် မျက်လုံးဘေးမှာ ဖေါင်း-ရောင်လာ၊ နှလုံးခုန်နှုန်းနှေးလာ၊ ကိုယ်အပူချိန်ကျလာ၊ နှလုံးရောဂါဝင်လာ၊
• ဒိထက်ဆိုးလာရင် Myxedema coma သတိလစ်တာ ဖြစ်နိုင်တယ်။

ဆေးကုရတာမှာ တသက်တာကုဘို့ လိုတယ်။ (T4) ဆေးမပေါ်ခင်က တိရစ္ဆာန် လည်ပင်းအကြိတ်ကနေ ထုတ်တဲ့ဆေး ပေးခဲ့တယ်။ Thyroxine sodium 100mg က T4 ဖြစ်ပါတယ်။ ဆေးကို 1.6-1.7 micrograms per kilogram per day ပေးရတယ်။ ကလေးတွေကို ပိုပေးရတယ်။ ဆေးစပေးပြီးနောက် ၁ လ၊ ၁လခွဲမှာ ပြန်စစ်ပြီး ဆေးအဆ ပြင်သင့် ပြင်ရတယ်။ ဆေးကို မနက်ခင်း အစာ မစားခင် နာရီဝက် ကြိုသောက်သင့်တယ်။

ဒီဆေးနဲ့ Amphetamines (အလာဂျီ) အတွက်ဆေး၊ Antacids အက်စစ်ပျယ်ဆေး၊ Anticoagulants သွေးမခဲဆေး၊ Antidepressants စိတ်ကျဆေး၊ Aspirin အက်စ်ပရင်၊ Metoprolol, Propranolol (ဘီတာ-ဘလော့ကာ)ဆေး၊ Cholestyramine (ကိုလက်စတီရော) ကျဆေး၊ Diabetes medications ဆီးချိုဆေး၊ Digoxin နှလုံးဆေး၊ Estrogens မ-ဟော်မုန်းဆေး၊ Iron သံဓါတ်ဆေး၊ Methadone အကိုက်-အနာသက်သာဆေး၊ Contraceptives ကိုယ်ဝန်တားစားဆေး၊ Phenytoin အတက်သက်သာဆေး၊ Theophylline ပန်းနာဆေး၊ Vitamins ဗီတာမင်တွေနဲ့ တချိန်တည်း တွဲမသောက်သင့်ဘူး။

ဆေးကုလို့ ကောင်းတယ်ဆိုတာ Cognition and Mood စိတ်ပိုင်းဖြစ်စဉ်နဲ့ အမူအယာ နှစ်ခုက ကောင်းလာရပါမယ်။

နှလုံးခုန်နှုန်း ၇၈ က ကောင်းပါတယ်။ ရင်တုန်တာက နှုန်းများတာနဲ့ မတူပါ။ ကျွန်တော်က အထူးကု သမားတော် မဟုတ်ပါ။ ဟော်မုန်းဆေး တခုထဲထက် ပိုလိုတယ်လို့ ယူဆပါတယ်။ ဆက်ဆံရေး ကောင်းပြီး၊ ကုန်ကျစရိတ်လည်း မထောင်းလှတဲ့ ဆရာဝန်၊ ဆေးခန်းနဲ့ နီးနီး နေတာ ကောင်းပါမယ်။ ဖြစ်မှတော့ စိတ်မကျပါနဲ့။ စောစောကရေးသလို မခွဲကင်က ရောဂါအမည် Diagnosis သိရမှ အခု ရေးတာတွေက ကိုက်ညီပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/hypothyroidism.html


Healthy Life

253 Blog posts

Comments