Low Testosterone တက်စတိုစတီရုံး နှင့် လိင်စိတ်

• ယောက်ျားတွေရဲ့ လိင်စိတ်ဖြစ်ပေါ်မှုနဲ့ လိင်အရေးကို အားပေးစေတဲ့ အကြောင်းတရားတွေထဲမှာ (တက်စတိုစတီရုံး)

October 31, 2014
Low Testosterone တက်စတိုစတီရုံး နှင့် လိင်စိတ်

Low Testosterone

• ယောက်ျားတွေရဲ့ လိင်စိတ်ဖြစ်ပေါ်မှုနဲ့ လိင်အရေးကို အားပေးစေတဲ့ အကြောင်းတရားတွေထဲမှာ (တက်စတိုစတီရုံး) ကျား-ဟော်မုန်းလဲ ပါတယ်။
• (တက်စတိုစတီရုံး) နည်းနေရင် (၁) လိင်ကိစ္စကျေနပ်မှုကိုလည်း နည်းစေနိုင်တယ်။ (၂) Lack of sex drive လိင်စိတ် ဖြစ်ပေါ်မှုနည်းခြင်း နဲ့ (၃) Erectile dysfunction လိင်အင်္ဂါသန်မာမှုနည်းခြင်းတို့ကို ဖြစ်စေနိုင်တယ်။
• ဒီအချက်ကြောင့်သာ အဲလိုဖြစ်နေတာမှန်ရင် ဆေးကုလို့ ရပါတယ်။ လိင်စိတ်ဖြစ်ပေါ်မှုနည်းခြင်းကို Low Libido လို့လဲ ခေါ်တယ်။
• ယောက်ျားတိုင်းမှာ အသက် ၂ဝ ကျော်အရွယ်မှာ လိင်စိတ် အများဆုံးရှိရာကနေ တဖြေးဖြေးခြင်း နည်းနည်း လာတာ ပုံမှန်သာဖြစ်တယ်။ ဒါပေမဲ့ တယောက်နဲ့ တယောက် မတူကြပါ။ သူ့မှာ နည်းနေတယ်လို့ ထင်တာမျိုးကို နောက်တယောက်က အဲလိုထင်ချင်မှ ထင်မယ်။
• လူတယောက်ထဲမှာကို Stress စိတ်ဖိအားများတာ၊ Sleep deprivation အိပ်ရေးပျက်တာ၊ Opportunities for sex depression အခွင့်အလမ်းမသာတာ၊ Chronic illnesses ကျန်းမာရေးမကောင်းတာတွေကြောင့် လိင်စိတ် မတူတာတွေ ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘယ်လိုနေမှ ပုံမှန်ပါလို့ သတ်မှတ်ဘို့ သိပ်ခက်တယ်။
• ကာယကံရှင်ကိုယ်တိုင်ကနေ သူ့မှာ ဒီစိတ်နည်းနေတယ်လို့ ခံစားတာရှိသလို၊ သူ့အဖေါ်ကနေ သတိထားမိတာလဲ ရှိတယ်။
• Low testosterone (တက်စတိုစတီရုံး) နည်းနေတိုင်း လိင်စိတ်မဖြစ်တာတော့ မဟုတ်ပါ။ သူများထက် ဟော်မုန်း နည်းနေပေမဲ့ ပုံမှန်လောက် စွမ်းဆောင်နိုင်သူတွေလဲ ရှိပါတယ်။ အဲလိုဘဲ တချို့မှာ Testosterone levels ဟော်မုန်းပုံမှန်ရှိနေပေမဲ့ လိင်စိတ်နည်းသူတွေလဲ ရှိတယ်။
• Low testosterone နည်းခြင်းဟာ Low libido လိင်စိတ်နည်းခြင်းရဲ့ အကြောင်းခံတခုတော့ မှန်တယ်။ သိသိသာသာ နည်းနေရင်တော့ Sex drive လိင်ဆက်ဆံလိုစိတ်နည်းမှာ အမှန်ဘဲ။
• Massachusetts မှာလုပ်ထားတဲ့ လေ့လာမှုတခုမှာ ယောက်ျား ၁၁% က Lack of sex drive လိင်စိတ် နည်းနေတယ်လို့ ပြောကြတယ်။ ဒါနဲ့သူတို့ကို Testosterone levels (တက်စတိုစတီရုံး) ဘယ်လောက်ရှိသလဲ စစ်ကြည့်တယ်။ ဟော်မုန်းနည်းနေသူတွေထဲက ၂၈% မှာ Low libido လိင်စိတ်နည်းတာ ဖြစ်နေကြတယ်။ ဒီလူတွေက ယေဘုယျဆိုရင် အသက်သိပ်မကြီးကြသေးပါ။ ပျမ်းမျှ ၄၇ နှစ်သာ ရှိကြတယ်။ အသက်ကြီးသူတွေမှာ ပိုဆိုးနေတာတော့ သေခြာတယ်။
• အံသြစရာကောင်းတာက Low testosterone ဟော်မုန်းနည်းနေတာ သက်သက်ကြောင့် Erectile dysfunction လိင်အင်္ဂါ မသန်မာဖြစ်တာ နည်းပါးတယ်။ တခြား အကြောင်းခံတခုခုရှိမှသာ လိင်အင်္ဂါမသန်မာတာ ဖြစ်တတ်တယ်။
• Erection problems လိင်အင်္ဂါ မသန်မာခြင်းပြဿနာရဲ့ အကြောင်းခံတခုကတော့ Atherosclerosis ခေါ်တဲ့ သွေးလွှတ်ကြောနံရံတွေ မာ-ထူနေတဲ့ရောဂါ ဖြစ်တယ်။ ဒါကြောင့် လိင်အင်္ဂါကိုသွားတဲ့ သွေးလွှတ်ကြောလေးတွေက ကျယ်လာဘို့ ခက်တော့တယ်။ လိင်စိတ်ဖြစ်တာနဲ့ လိင်အင်္ဂါမှာ သွေးကြေားလေးတွေက ပိုကျယ်လာပြီး သွေးတွေ ပိုဝင်တာတာကို လိင်အင်္ဂါသန်မာတယ်လို့ ခေါ်တာဖြစ်တယ်။
• ဒီရောဂါအပြင် Diabetes ဆီးချို၊ High blood pressure သွေးတိုးနဲ့ High cholesterol (ကိုလက်စထော) များခြင်းရောဂါ (၃) မျိုးကနေလဲ Atherosclerosis သွေးကြောထူတာ နဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုးကို ဖြစ်စေနိုင်တယ်။
• လေ့လာမှုတခုအရ ED လိင်အင်္ဂါမသန်မာပါဘူးဆိုပြီး ဆရာဝန်ဆီလာသူတွေထဲက ၃ ယောက်မှာ ၁ ယောက်ဟာ Low testosterone ဟော်မုန်းနည်းနေတာ တွေ့ရတယ်။
• Low testosterone ဟော်မုန်းနည်းတာ တခုထဲကြောင့်တော့ ED မဖြစ်စေပေမဲ့ တခြားတခုခုနဲ့ တွဲနေသူတွေမှာ သိသိသာသာ ဖြစ်မယ်။ အဲဒါတွေက Metabolic syndrome ရောဂါ၊ Obesity အဝလွန်ခြင်း၊ Endothelial dysfunction ရောဂါ နဲ့ Diabetes ဆီးချိုရောဂါတွေ ဖြစ်တယ်။
• Testosterone therapy ဆေးပေးကုသနည်းကြောင့် လူအတော်များများမှာ Sex drive လိင်စိတ်ပိုစေမယ်၊ Satisfaction with sex လိင်ကိစ္စမှာ ကျေနပ်မှု ရစေတယ်။
• သတိထားစရာရှိတာက Testosterone (တက်စတိုစတီရုံး) ဆေး အကြာကြီး ပေးနေရင် ဘာဖြစ်နိုင်လဲဆိုတာကို ကံသေကံမ ပြောမရနိုင်သေးပါ။ ပြောနိုင်ဘို့ရာ ကြာပါမယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/low-testosterone.html


Healthy Life

253 Blog posts

Comments