Ankylosing spondylitis အင်ကိုင်လိုဇင်း စပွန်ဒိုင်လိုက်တစ်

ဆရာအချိန်ရရင် Ankylosing Spondylitis အကြောင်း ဆောင်ရန်ရှောင်ရန်နှင့်ဘယ်လိုကုသလို့ရပါသလဲ ဆိုတာသိချင်လို့ပါ ကျေးဇူးတ

October 30, 2014
Ankylosing spondylitis အင်ကိုင်လိုဇင်း စပွန်ဒိုင်လိုက်တစ်

ဆရာအချိန်ရရင် Ankylosing Spondylitis အကြောင်း ဆောင်ရန်ရှောင်ရန်နှင့်ဘယ်လိုကုသလို့ရပါသလဲ ဆိုတာသိချင်လို့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Ankylosing spondylitis

ခါးရိုးတွေရောထွေးသွာတဲ့ရောဂါဖြစ်ပါတယ်။ အဲလိုဖြစ်လာရင် ခါးရိုးမကြီးဟာ ပုံမှန်လိုလှုတ်ရှာလို့မရတော့ပါ။ လူအနေထားကိုက ပြောင်းလာမယ်။ hunched-forward posture ခေါ်တယ်။ ခါးကုန်းကြီးခေါ်တာမျိုးနဲ့ ပြောင်းပြန်။ အသက်ရှူရတာလဲ ခက်ခဲလာနိုင်တယ်။

ယောက်ျားတွေမှာပိုဖြစ်တယ်။ ကိုယ်ရဲ့တခြားနေရာတွေကိုထိခိုက်လာနိုင်တယ်။ မျက်စိလဲပါတယ်။
ဖြစ်နေသူတွေ စိတ်တော့မျပက်စေချင်ပါ။ ပျောက်အောင်လုလို့မရသေးပါ။ ဆေးကုသမှုခံယူနေရင် ခံစားနေရတာတွေ အများကြီးသက်သာပါမယ်။ ခံစားရမှာတွေက နာမယ်။ တင်းကြမ်နေမယ်။ ခါးအောက်ပိုင်းနဲ့ တင်ပါး။ မနက်ထနဲ့ မလှုတ်မရှားနေတာ ကြာအပြီးမှာ ဆိုးတယ်။ ဆိုးလိုက် သက်သာလိုက်ဖြစ်မယ်။ ကြာတော့ ပိုဆိုးတယ်။

ဘာလို့ဖြစ်ရသလဲ မရှင်းပါ။ မျိုးဗီဇကိုစဉ်းစားရတယ်။ gene HLA-B27 ရှိနေသူတွေမှာ ဖြစ်လာနိုင်တယ်။
ဆိုးတဲ့ရောဂါဖြစ်နေရင် အမာရွတ်ဖြစ်စဉ်သဘောအရ အရိုးသစ်ဖြစ်လာတတ်တယ်။ တခုနဲ့တခုဆက်စပ်ပြီး ရောထွေးလာမယ်။ အဲလိုဖြစ်တာက နံရိုးဆိုရင် အသက်ရှူရခက်လာမယ်။

မျက်စိမှာ Eye inflammation (uveitis) ဖြစ်နိုင်တယ်။ မျက်စိအမြန်နာလာမယ်။ ကြည့်မကောင်းဘူး။ အလင်းရောင်မခံနိုင်ဘူး။ Compression fractures ဖိမိလို့ကျိုးတာဖြစ်နိုင်တယ်။ Heart problems နှလုံးကိုထိခိုက်နိုင်တယ်။

X-rays နဲ့ Magnetic resonance imaging (MRI) ရိုက်မယ်။

ဆေးကုပေးရတာရဲ့ ရည်မှန်းချက်ကတော့ နာတာနဲ့ တင်းကြပ်နေတာသက်သာဘို့ဖြစ်တယ်။ (NSAIDs) အနာသက်သာဆေးအမျိုးအစားတွေဖြစ်တဲ့ naproxen (Naprosyn) နဲ့ indomethacin (Indocin) ပေးတယ်။ မရသေးသူတွေကို tumor necrosis factor (TNF) blockers ထိုးဆေးပေးမယ်။ Adalimumab (Humira), Etanercept (Enbrel), Golimumab (Simponi) နဲ့ Infliximab (Remicade) တွေဖြစ်တယ်။
ဘေးထွက်-ဆိုးကျိုးတွေသတိထားရမယ်။ ဥပမာ ငုပ်နေတဲ့ တီဘီ ပေါ်လာမယ်။

Physical therapy ဖီဇစ်ကယ်သာရာပီ လဲ လုပ်နိုင်တယ်။ လိုအပ်ရင်ခွဲစိတ်ကုသပေးမယ်။ ဆေးလိပ် မသောက်ပါနဲ့လို့ ဆရာဝန်ကတားမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2014/10/ankylosing-spondylitis.html


Healthy Life

253 Blog posts

Comments