Allergies Treatment (အလာဂျီ) ကိုကုသခြင်း

(အလာဂျီ) ဖြစ်စေတာကိုဖြစ်စေတဲ့ Allergens (အလာဂျင်) တွေကို ရှောင်တာဟာ ပဌမဆုံးလုပ်ရမဲ့ အလုပ်ဖြစ်တယ်။ အတော်ခက်ခဲတာ

October 30, 2014
Allergies Treatment (အလာဂျီ) ကိုကုသခြင်း

(အလာဂျီ) ဖြစ်စေတာကိုဖြစ်စေတဲ့ Allergens (အလာဂျင်) တွေကို ရှောင်တာဟာ ပဌမဆုံးလုပ်ရမဲ့ အလုပ်ဖြစ်တယ်။ အတော်ခက်ခဲတာကနေ မဖြစ်နိုင်တဲ့အထိ ခက်တဲ့အချက် ဖြစ်တယ်။ ဖြစ်ရင် ဆေးတွေကို အားကိုးရမယ်။ အလွယ်ဝယ်ရဆေးတွေ အများကြီးရှိတယ်။ ဒီဆေးတွေကနေ (အလာဂျီ) ရလို့ ဖြစ်လာတာတွေကို လျှော့နည်း သက်သာ၊ ပျောက်ကင်းစေဘို့ ဖြစ်တယ်။

Allergies Treatment

ဖြစ်နိုင်တဲ့ရောဂါတွေကတော့ -
• Angioedema (Urticaria, Quincke's disease) မြန်မာလို အင်ပြင်ထတာ၊ အင်္ဂလိပ်လို Hives လို့ ခေါ်ကြတာ များတယ်၊

• Asthma ပန်းနာ၊

• Hay fever (Allergic rhinitis) နှာမွှန်၊
- Congestion နှာရည်ယို၊ နှာခေါင်းပိတ်၊
- Itchy, runny nose နှာခေါင်းယား၊
- Itchy, watery or swollen eyes (conjunctivitis) မျက်စိမွှန်၊

• Atopic dermatitis (Eczema) နှင်းခူနာ၊
- Itchy skin အရေပြားယားယံ၊
- Red skin အရေပြားနီ၊
- Flaking or peeling skin အရေပြားကွာကျ၊

• Food allergy အစားနဲ့မတည့်ခြင်း၊
- Tingling mouth ပါးစပ်ကျင်၊
- Swelling of the lips, tongue, face or throat မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းရောင်၊
- Hives အင်ပြင်ထ၊
- Anaphylaxis (ရှော့ခ်)၊

• Insect sting (အင်းဆက်) ကိုက်ခံရခြင်း၊
- A large area of swelling (edema) at the sting site အကိုက်ခံရတဲ့နေရာရောင်၊
- Itching or hives all over your body အင်ပြင်ထခြင်း၊ တကိုယ်လုံးယားယံ၊
- Cough, chest tightness, wheezing or shortness of breath ချောင်းဆိုး၊ ရင်ကြပ်၊ အသက်ရှူရင် အသံမည်၊
- Anaphylaxis (ရှော့ခ်)၊

• Drug allergy ဆေးတခုခုနဲ့မတည့်ခြင်း၊
- Hives အင်ပြင်ထ၊
- Itchy skin အရေပြားယား၊
- Rash အနီပြင်တွေထွက်၊
- Facial swelling မျက်နှာရောင်၊
- Wheezing အသက်ရှူကြပ်၊
- Anaphylaxis (ရှော့ခ်)၊

• Anaphylaxis (ရှော့ခ်) ရခြင်း
- Loss of consciousness သတိမကောင်း၊ မေ့၊ လုံးဝသတိလစ်၊
- Lightheadedness ခေါင်းထဲပေါ့နေ၊
- Severe shortness of breath အသက်ရှူမဝ၊
- A rapid, weak pulse သွေးခုန်မြန်ပြီး စမ်းလို့ခက်၊
- Skin rash အရေပြား အနီပြင်တွေထွက်၊
- Nausea and vomiting ပျို့-အန်ခြင်း၊
- Swelling airways, which can block breathing အသက်ရှူလမ်း ရောင်ပြီးပိတ်၊

သုံးရတဲ့ဆေးတွေနဲ့ ကုသနည်း၊
၁။ (အလာဂျီ) ရတယ်ဆိုရင် ကိုယ်ထဲကနေ Histamine (ဟစ်တမင်း) ဓါတ်တွေ ထွက်လာရာကနေ ရောဂါလက္ခဏာတွေ ဖြစ်စေတာမို့ ဒီ (ဟစ်တမင်း) ကို ဆန့်ကျင်တဲ့ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးကို ပဌမဦးဆုံး သုံးကြရတယ်။
Antihistamines (အင်တီ-ဟစ်တမင်း)
• Diphenhydramine (Benadryl)
• Loratadine (Claritin)
• Cetirizine (Zyrtec)
• Fexofenadine (Allegra)
• Clemastine fumarate (Tavist)
• Chlorpheniramine (Chlor Trimeton)
• Brompheniramine (Dimetapp)

၂။ Decongestants (ဒီကွန်ဂျက်စတင့်န်) ဆေးကိုလဲ နှာခေါင်းမှာဖြစ်တာအတွက် သုံးရတယ်။ (အလာဂျီ) ကြောင့် နှာခေါင်းထဲမှာ အဖုံးလွှာပါးပါးလေး ရောင်လာလို့ အရည်တွေပိုထွက်လာတာကို သက်သာစေတယ်။ Sprays or Drops နှာခေါင်းထဲထည့်ဆေး၊ Tablets ဆေးပြား နဲ့ Syrups ဆေးရည်တွေနဲ့လာတယ်။ ဒီဆေးက Stimulants (စတီမြူလင့်) ဖြစ်လို့ နှလုံးခုန်နဲ့ သွေးဖိအား တက်စေမယ်။ ခေါင်းကိုက်တတ်တယ်။ ဒေါသထွက်တတ်တယ်။ ဆက်တိုက်ဆိုရင် ၄-၅ ရက်ထက် ပိုမသုံးရဘူး။ Saline nasal sprays ဆားရည်ပန်းဆေးထဲမှာ Decongestants မပါဘူး။ ကြာကြာသုံးလို့ရတယ်။
Decongestants (ဒီကွန်ဂျက်စတင့်န်)
• Oxymetazoline (Afrin)
• Pseudoephedrine (Sudafed)
• Phenylephrine (Neo Synephrine)

၃။ Corticosteroids (ကော်တီကို-စတီရွိုက်) ဆေး
ဆေးပြင်းတယ်လို့ ယေဘုယျခေါ်တဲ့ဆေးမျိုးကနေ ရောဂါလက္ခဏာတွေကို သက်သာစေတယ်။ သောက်ဆေးရော နှာခေါင်းထဲထည့်ဆေးပါလာတယ်။ ဥတုကြောင့် (အလာဂျီ) ရတာ၊ အအေးမိတာမျိုးက ရာသီဥတုဆိုးလာလေ ခံစားရတာဆိုးလေလေဖြစ်ပြီး တော်တော့ဆေး မတိုးသလိုနေတယ်။ (စတီရွိုက်) ဆေးက ဒါမျိုးအတွက်ကောင်းတယ်။ ဆေးစွမ်းက ဖြေးဖြေးနဲ့ တာရှည်ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ ရှိတယ်။ ခေါင်းကိုက်၊ နှာခေါင်းသွေးယို၊ အရသာပျက်မယ်။ အကြာကြီးသုံးရင် လူဝလာမယ်၊ မျက်စိအတွင်းတိမ်ဖြစ်မယ်၊ အရိုးအားနည်း၊ သွေးတိုးတက်၊ ဆီးချိုတက်၊ သွေးထွက်လွယ်တာတွေဖြစ်နိုင်တယ်။

Corticosteroids ဆေးအုပ်စုများ -
အုပ်စု (၁) = Hydrocortisone, Hydrocortisone acetate, Cortisone acetate, Tixocortol pivalate, Prednisolone, Methylprednisolone, and Prednisone
အုပ်စု (၂) = Triamcinolone acetonide, Triamcinolone alcohol, Mometasone, Amcinonide, Budesonide, Desonide, Fluocinonide, Fluocinolone acetonide, and Halcinonide
အုပ်စု (၃) = Betamethasone, Betamethasone sodium phosphate, Dexamethasone, Dexamethasone sodium phosphate, Fluocortolone

၄။ Immunotherapy (အင်မြူနိုသာရာပီ) ကုသနည်း
ကိုယ်နဲ့မတည့်တာကို ယဉ်ပါးလာအောင်လုပ်ပေးနည်းဖြစ်တယ်။ Allergy shots လို့လဲခေါ်တယ်။ Antibody (အင်တီဘော်ဒီ) အရေအတွက်ပြောင်းလဲစေလို့ IgE ဆိုတာကနေ (အလာဂျီ) ရလို့ဖြစ်လာတဲ့ တုံ့ပြန်မှုတွေကို သက်သာစေတယ်။ ကိုယ်နဲ့မတည့်တာဟာ ဘာလဲ။ ဘယ်လိုဟာတွေနဲ့ စမ်းမလဲ အရေးကြီးတယ်။ ဖြစ်နိုင်လောက်တာတွေနဲ့ စမ်းရတယ်။ မတည့်တာကို ဆေးထိုးထိုးပေးရတယ်။ နည်နည်းချင်းကစရတယ်။ လနဲ့ချီပြီးကြာတယ်။ အစွမ်းကောင်းကောင်ပြဘို့ရာ နှစ်နဲ့ချီပြီးကြာမယ်။ ၅ ယောက်မှာ တယောက်က အဆင်မပြေတာ တွေ့ရတယ်။

Cromolyn sodium ဆေးကို (အလာဂျီ) နဲ့ ပန်းနာ ရောနေသူတွေအတွက် ပေးနိုင်တယ်။ Nasal sprays နှာခေါင်း-ပန်းဆေး၊ Inhaler ရှူဆေး အနေနဲ့လာတယ်။

Contact dermatitis ထိမိ-ပွတ်မိတာကြာလို့ ဖြစ်ရတဲ့ အရေပြားနာဖြစ်ရင် မတည့်တာကိုသိအောင်လုပ်ပြီး ရှောင်ပါ။ ဥပမာ ဆွဲကြိုး၊ ဖိနပ်သဲကြိုး။ ဖြစ်တဲ့နေရာ Calamine lotion လိမ်းပါ။ ရေအေး-ရေခဲတင်ပါ။ Antihistamine နဲ့ Corticosteroid ပါတဲ့ Sprays, Gels, Creams ဆေးတွေသုံးပါ။ ယားနေတာ၊ ရောင်နေတာတွေ သက်သာစေမယ်။ ဆေးလိမ်းတာများရင် အရေပြားခြောက်သွေ့စေတတ်တယ်။ Acute contact dermatitis အခုမှ ဒီလိုအနာဖြစ်တာဆိုရင် (စတီရွိုက်) သောက်ဆေး ဆေးတပတ်လည်အောင် သောက်ပါ။ နဲနဲပြင်းတဲ့ (စတီရွိုက်) လိမ်းဆေးလိမ်းပြီး ပတ္တီးစီးထားပါ။

မဖြစ်အောင် နေတတ်-စားတတ်သွားလာတတ်ဘို့လိုတယ်။
• အိမ်ထဲမှာသာ နေပါ၊ ပြူတင်းပေါက်လဲ ပိတ်ထားပါ။
• ကားနဲ့သွားလဲ မှန်ပိတ်ထားပါ။
• ဆေးခန်းသုံး နှာခေါင်းစည်းသုံးပါ။
• စိုက်ပျိုးခင်းတွေ ရှောင်ပါ။
• ပန်းဝတ်မှုံေတွေရှောင်ပါ။
• အပြင်ကနေပြန်လာရင် အဝတ်အစားတွေဖွတ်လျှော်ပြစ်ပါ။
• လေအေးစက်နဲ့နေတာဆိုရင် သန့်ရှင်းမှု ပုံမှန်လုပ်စေပါ။ Electrostatic filters အမျိုးသုံးပါ။
• မှိုကနေကာကွယ်နိုင်အောင် Ventilation and Dehumidifiers သုံးပါ။
• ရေချိုးခန်း ကြမ်းပြင်-နံရံတွေ သန့်ရှင်းရာမှာ Diluted bleach ချွတ်ဆေးကိုရေဖျော်ပြီး သုံးပါ။
• အိမ်သုံးပစ္စည်း အဟောင်းတွေစွန့်ထုတ်ပါ။ နေလှမ်းပါ။
• လေစုပ်စက်နဲ့ ပုံမှန်သန့်ရှင်းပေးပါ။
• ရေစိုဝတ်နဲ့ ကြမ်း-နံရံတွေ ပုံမှန်တိုက်ပါ။
• ဖြစ်နိုင်သမျှ သူများတွေနဲ့ထိစပ်တာရှောင်ပါ။
• အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကင်ကင်း-ဝေးဝေးနေပါ။

Allergies (အလာဂျီ) ရတာမျိုးက ကြာရင် သက်သာတယ်။ ကံမကောင်းသူတွေမှာတော့ ပိုဆိုးလာတတ်တယ်။ Anaphylaxis (ရှော့ခ်) နဲ့ Severe Asthma ဆိုးဝါးတဲ့ပန်းနာတွေက အသက်ကိုတောင် ရန်ရှာတတ်တယ်။

Anaphylaxis (ရှော့ခ်) ရတဲ့အထိ ဆိုးဝါးခြင်းဟာ အရေးပေါ်ဖြစ်တယ်။ Adrenaline (Epinephrine) injection (အဒရီနယ်လင်) ဆေးထိုးရမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/allergies-treatment.html


Healthy Life

253 Blog posts

Comments