Weight loss surgery cures half of type-2 diabetes cases

ကိုယ်အလေးချိန်လျှော့ပေးတဲ့ခွဲစိတ်ကုသနည်းက ဆီးချိုကိုပါပျောက်စေ

ကနေ့ (လွန်ခဲ့တဲ့ ၃ နာရီက) ထွက်လာတဲ့ဆ

Weight loss surgery cures half of type-2 diabetes cases

ကိုယ်အလေးချိန်လျှော့ပေးတဲ့ခွဲစိတ်ကုသနည်းက ဆီးချိုကိုပါပျောက်စေ

ကနေ့ (လွန်ခဲ့တဲ့ ၃ နာရီက) ထွက်လာတဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အလွန်ဝသူတွေကို ကိုယ်အလေးချိန် လျှော့သွားအောင် ခွဲစိတ်ပေးခဲ့သူ တဝက်မှာ ဆီးချိုးအမျိုးအစား (၂) ရောဂါ အနည်းဆုံး ၅ နှစ်တာ ပျောက်သွားစေတာကို တွေ့ရတယ်။ လူပေါင်း ၆ဝ ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ ဆီးချိုပျောက်သူတွေကို အရင်က အစားအသောက်ဆင်ခြင်တာနဲ့ ဆေးပေးတာလုပ်ပေမယ့် မပျောက်ခဲ့ပါ။

ဘုရင့်ကော်လိပ်၊ လန်ဒန်နဲ့ အီတလီနိုင်ငံ ရောမ တက္ကသိုလ်တွေကနေ ပူးတွဲလေ့လာမှုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ကုသလိုက်ရင် အစာခြေလမ်းဟာ တမျိုးတမည်ဖြစ်လာတယ်။ အစာအိမ်သေးသွားလို့ စားတဲ့အစာတွေနဲ့ အူနဲ့ထိတွေ့မှုနည်းစေတယ်။

လူနာ ၈ဝ% ကတော့ ဆေးတမျိုးတည်းနဲ့ သွေးထဲကသကြားဓါတ်ကို အသင့်ဆုံးအဆင့်မှာ ထိန်းထားနိုင်ကြတာကိုလည်း တွေ့ရှိရပါတယ်။

ခွဲစိတ်ကုသမှုခံပြီးသူတွေမှာ ဆီးချိုရဲ့နောက်ဆက်တွဲဆိုးကျိုးတခုဖြစ်တဲ့ နှလုံးရောဂါဖြစ်တာလည်းနည်းကြတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် ၂ နှစ်လောက်မှာ အကျိုးကျေးဇူးတွေရလာကြတယ်။ တချို့ကတော့ ၃ နှစ်နေတော့ ပြန်ဖြစ်တာလည်း တွေ့ရတယ်။ ဒီခွဲစိတ်ကုသနည်းကို လက်လှမ်းမီသူအရေအတွက် အတော်နည်းပါတယ်။

သတင်းထဲမှာတော့မပါဘူး။ Gastric Sleeve $8,500 - endobariatric.com‎ နဲ့ Weight Loss Surgery $1500 - BeLiteWeight.com‎ ဆိုပြီးခွဲစိတ်ကုသမှု ကုန်ကျစရိတ် ဝဘ်ဆိုက်တွေတွေ့ပါတယ်။

ခွဲစိတ်နည်းဟာ အမေရိကမှာ Gastric Bypass Surgery နည်းကိုအများဆုံး (၈ဝ%) လုပ်ပါတယ်။ Roux-en-Y gastric bypass surgery လို့လည်းခေါ်တယ်။ အဆင့် (၂) ခုရှိတယ်။

ပဌမအဆင့် Small Pouch in the Stomach အစာအိမ်ထဲမှာ အိတ်ကလေးတခုလုပ်တယ်။ အစာအိမ်ကို အကြီးတပိုင်းနဲ့ အသေးပိုင်း၊ ၂ ပိုင်းပိုင်းလိုက်တယ်။ အသေးပိုင်းကို အိတ်လေးလိုဖြစ်အောင်ချုပ်ပေးတယ်။ အစာအိမ်အကြီးပိုင်းကို ထုတ်ပြစ်လိုက်တယ်။ အစာတခွက်စာသာ ဆန့်တယ်။ အစာစားလိုက်ရင် ခဏနဲ့ဗိုက်ပြည့်မယ်။ အဲတော့ များများစားလို့ မရတော့ဘူး။

ဒုတိယအဆင့် Bypass ဖြတ်လမ်းဖေါက်ခြင်း။ အစာအိမ်အသေးပိုင်းကို (ဒူယိုဒီနမ်) အူသိမ်ကနေ အဆက်ဖြတ်လိုက်တယ်။ နောက်မှာ အောက်နားက (ဂျက်ဂျူနမ်) အူသိမ်ပိုင်းနဲ့ဆက်ချုပ်ပေးတယ်။ Roux-en-Y လို့ခေါ်တယ်။

အဲလိုလုပ်လိုက်တော့ အစာဟာ (ဒူယိုဒီနမ်) နဲ့အထိတွေ့ရတော့ပဲ ကယ်လိုရီနည်းနည်းသာရတော့မယ်။ အာဟာရလည်း နည်းစေမယ်။ တနည်းအားဖြင်း အစာစုပ်ယူစွမ်းကို နည်းအောင် တမင်တကာလုပ်ပေးလိုက်တာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၄-၉-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/09/weight-loss-surgery-cures-half-of-type.html


Healthy Life

253 Blog posts

Comments