Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ

အသက်က ၅၉ နှစ်ပါဆရာ။ အမျိုးသားပါ။ ၂ဝဝ၂ ခုနှစ်လောက်ကစဖြစ်တာပါ။ Thyroid gland ညာဘက်ခြမ်းက နဲနဲကြီးတာပါ။ hyperthyroid ဖြစ်လိ

October 30, 2014
Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ

အသက်က ၅၉ နှစ်ပါဆရာ။ အမျိုးသားပါ။ ၂ဝဝ၂ ခုနှစ်လောက်ကစဖြစ်တာပါ။ Thyroid gland ညာဘက်ခြမ်းက နဲနဲကြီးတာပါ။ hyperthyroid ဖြစ်လို့ဆေးသောက်ပြီး ဆေးဆက်မသောက်တာ ၃ နှစ်လောက်ရှိပါပြီ၊ အခုသွေးပေါင်က ၉ဝ ကျော် ၁၅ဝ အမြဲလိုဖြစ်နေပါတယ်။ weight လဲကျသွားပါတယ်။ အရမ်းကျတာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့ပါလဲ။
ဆေးပြန်သောက်ရမှာလားဆရာ။ ဆေးပြန်စစ်ကြည့်ရမလားဆရာ။ ဘာတွေဆိုးဆိုးရွားရွား ဖြစ်နိုင်ပါသလဲဆရာ။ ဆေးပြန် မသောက်ဘဲနေရင်ကောဆရာ ဘာဖြစ်နိုင်လဲဆရာ။

Hyperthyroidism

လည်ပင်းကြီးနေတာ မမြင်ရဘဲ ဟော်မုန်းများနေတာလဲရှိတယ်။ Hyperthyroidism ခေါ်တယ်။ Toxic Goitre လို့လဲ ခေါ်တယ်။ Hypothyroidism ဆိုတာကတော့ ဟော်မုန်းနည်းရောဂါဖြစ်တယ်။ ကင်ဆာနဲ့ တခြားအကြောင်းတွေကြောင့် ကြီးနေတာဆိုပြီးရှိတယ်။ ဖြစ်တာမတူကြလို့ ကုရတာလဲ တခြားဆီ။

လည်ပင်းကြီးနေမှတော့ အိုင်အိုဒင်းဆားပေးကုပေမဲ့ ကြီးပြီးသားက ပြန်မငယ်နိုင်တော့ပါ။ ဆက်မတိုးတာနဲ့ ဟော်မုန်းနည်းလို့ ဖြစ်ရတာတွေကိုသာ ကာကွယ်ပါမယ်။ လည်ပင်းကြီးနေတော့ အကြည့်ရဆိုးတဲ့ ပြဿနာသာ ရှိပါတယ်။ မျိုလို့လဲ မခက်၊ အသက်လဲ ကောင်းကောင်း ရှူနိုင်တယ်။ Hyperthyroid ကို Carbimazole, Methimazole, Propylthiouracil ဆေး ပေးနည်း၊ Iodine-131 Radioactive isotope အနုမြူဆေးပေးနည်း၊ Thyroidectomy ခွဲစိတ်နည်း ဆိုပြီးရှိတယ်။ (မေဂျာ-အော်ပရေးရှင်း) ဖြစ်ပါတယ်။ တော်တော့ဆရာဝန် မခွဲခြင်ပါ။

Hyperthyroidism ထဲမှာ အများဆုံးဖြစ်တဲ့ Graves disease ဆိုတာက Autoimmune disease အမျိုးအစား ဖြစ်တယ်။ ဘာလို့လဲဆ ိုတော့ ရောဂါပြီးစနစ် ကမောက်မဖြစ်လို့ ဟော်မုန်းတွေ လိုတာထက် ပိုထုတ်ပေးနေလို့ပါ။ အမျိုးသမီးတွေက ပိုဖြစ်ကြတယ်။ ၂၅-၃ဝ% မှာ Exophthalmos ဆိုတဲ့ မျက်လုံးပြူလာတာ ဖြစ်ကြတယ်။ ခြေသလုံး ရှေ့ပိုင်း ရောင်နေမယ်။ သွေးတိုး (အထက်သွေး) များမယ်။ ဘာဖြစ်ဖြစ် တုံ့ပြန်တာ မြန်ဆန်တယ်။ ဘာဘဲလုပ်လုပ် သွက်လက် တက်ကြွနေမယ်။ အားယုတ်တယ်လို့ ခံစားရမယ်။ အိပ်မပျော်ဘူး။ လက်တုံနေမယ်။ ပိန်လာမယ်။ စားခြင်စိတ် ပိုနေမယ်။ ဒါ့ကြောင့် တချို့က ဝလာမယ်။ အပူမခံနိုင်ဘူး။ မအိုက်လှတာတောင် ရောဂါသည် ဇနီးက ပန်ကာဖွင့် အိပ်ခြင်နေမယ်။ ချွေးထွက် များနေမယ်။ ဆံပင်ပါးမယ်။ လက်သည်းခြေသည်း ကြွပ်တယ်။ (ဆိုင်းနပ်) ရောဂါဝင်လာမယ်။ ဝမ်းပျက်မယ်။ ယောက်ျားမှာ ရင်သား ထွက်လာမယ်။

ဖြစ်နေလဲ စိတ်အားမငယ်ပါနဲ့။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Il-Sung မှာရော အမေရိကန်သမတ George H. W. Bush နဲ့ သူ့ဇနီး Barbara Bush တို့မှာ ဒီရောဂါရှိကြတယ်။ သားတွေကို ခေါင်းဆောင်ဖြစ်အောင် လုပ်ပေးနိုင်ကြသူတွေပါ။

လူဦးရေရဲ့ ၃% မှာ Hypothyroidism ဟော်မုန်းနည်းရောဂါ ရှိတယ်။ ကလေးဖွါးပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာ မခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူက ဝလာမယ်။ စိတ်ဓါတ်ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန် နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလဲ ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာ ပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။

Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကျိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို့မှာ ဟော်မုန်း ဆက်ထုတ်ဘို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။

ဒီစာရေးတုံးက နှစ်ဆန်းပိုင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ မုန်းတိုင်းတွေ နှိပ်စက်နေတယ်။ နှစ်သစ်အတွက် ကျိန်းကျေအောင် Thyroid Storm လည်ပင်းကြီး-မုန်တိုင်း ဆိုတာပါ ထည့်ရေးလိုက်မယ်။ Graves’ disease ဖြစ်နေရင်းကနေ မုန်တိုင်းဝင်လာသလို အရေးပေါ်ဌာန ရောက်လာကြတဲ့ အခြေအနေပါ။ စမ်းကြည့်တော့ ကိုယ်ပူ၊ လူက ရင်တုံ၊ စိတ်က ပုံမှန်မဟုတ် ဖြစ်နေမယ်။ ချက်ချင်းဘဲ အောက်စီဂျင်ပေး၊ သွေးပြန်ကြောထဲဆေးသွင်း၊ Dexamethasone ထိုး၊ Propranolol ဆေး IV ၁ဝ မိနစ်တခါ ထိုးပေးရတယ်။ Reserpine နဲ့ Guanethidine ဆေးတွေအပြင် Propylthiouracil, Methimazole တွေကိုလည်း ပေးတယ်။

လည်ပင်းမကြီးအောင် ဓါတ်ဆားဆောင်။ မုန်တိုင်းဒုက္ခ ဝိုင်းကူကြ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/hyperthyroidism.html


Healthy Life

253 Blog Beiträge

Kommentare