Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)

TB တီဘီရောဂါရှိ-မရှိစမ်းသပ်နည်းတွေထဲမှာ (၁) Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်တာ၊ (၂) Sputum for AFB သလိပ်စစ်တာနဲ့ (၃) Tuberculin test လက်ဖ

October 22, 2014
Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)

Tuberculin test

TB တီဘီရောဂါရှိ-မရှိစမ်းသပ်နည်းတွေထဲမှာ (၁) Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်တာ၊ (၂) Sputum for AFB သလိပ်စစ်တာနဲ့ (၃) Tuberculin test လက်ဖျံမှာ ဆေးထိုးပြီး စမ်းတာတွေ လုပ်တယ်။

လက်ဖျံမှာ ဆေးထိုးပြီးစမ်းနည်းကို နာမည်တွေ အမျိုးမျိုးခေါ်တယ်။ Mantoux test or Mendel-Mantoux test, Tuberculin sensitivity test, Pirquet test, PPD test တွေဖြစ်တယ်။ လူအများစုကို ဆန်ကာတင် စစ်ဆေးနည်းတခုဖြစ်တယ်။ အရင်က Tine test ကိုသုံးခဲ့တယ်။ Heaf test နည်းကို ၂ဝဝ၅ ခုနှာစသုံးလာတယ်။

ကြူဘာကူလင် တက်စ် အဖြေဖတ်တဲ့အခါ False positive မှားပြီး အပေါင်းပြတာရှိနိုင်ပါတယ်။
· Non-tuberculous mycobacteria တီဘီပိုးမဟုတ်ဘဲ ဆင်တူတဲ့ပိုးအဝင်ခံရတာ၊
· BCG vaccine တီဘီ ကာကွယ်ဆေးထိုးထားရင် (နှစ်အတော်ကြာအထိ)၊
· ဆေးစမ်းဘို့ထိုးတဲ့နေရာကို ယားလို့ကုပ်မိရင်၊
· Allergic reaction ထိုးတဲ့ (စမ်းတဲ့) ဆေးနဲ့ မတည့်ရင် မှားပြီး အပေါင်းပြနိုင်ပါတယ်။

နောက်တဆင့် အကြံပေးချင်တာက ဝမ်းဗိုက်ကို (အာလ်ထွာဆောင်း) ရိုက်သင့်ပါတယ်။ အူ (တီဘီ) မရှိတာကို သေချာစေဘို့ ဖြစ်တယ်။ အူမှာ တီဘီ ဖြစ်ရင် ဗိုက်ကို လက်နဲ့ အသေအချာစမ်းရင် ဂျုံကို မုန့်မလုပ်ခင်မှာ နပ်သွားအောင် နယ်နေရသလို လက်ထဲမှာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/tuberculin-test.html


Healthy Life

253 Blog posts

Comments