ဝံပုလွေနဲ့ ဆိတ်ပုံပြင်

ဒီပုံပြင်လေးကတော့ ဝံပုလွေတစ်ကောင်က အစာရှာရင်းတောထဲက ရေတွင်းဟောင်းတစ်ခုထဲ ပြုတ်ကျသွားပါတော့တယ်။ ရေတွင်းကသိပ်အနက်ကြီးမဟုတ်ပေမယ့် ရေတွင်းထဲကနေ ပြန်တက်ချင်ပေမယ့် ရေတွင်းနံရံတွေက ချောနေတဲ့အတွက် ဘယ်လိုမှ အပေါ်ကို ပြန်တက်လို့မရဘူးဖြစ်နေပါတယ်။ ရေတွင်းထဲမှာ စိတ်ညစ်ညစ်နဲ့ ထိုင်နေတုန်း ဆိတ်တစ်ကောင်က ရေရှာရင်း ရေတွင်းနှုတ်ခမ်းဝကိုရောက်လာပါတယ်။ ရေတွင်းထဲကို ငုတ်ကြည့်လိုက်တဲ့အခါ မြေခွေးကိုတွေ့သွားပါတယ်။ တုံးအတဲ့ဆိတ်က မြေခွေးကိုမေးလိုက်ပါတယ်။ “ဟယ်….အဆွေ မြေခွေး၊ ရေသောက်နေတာပါလား။ ဒီရေတွင်းထဲကရေက သန့်ရှင်းပြီးသောက်ရတာ အေးရဲ့လား” လို့မေးလိုက်ပါတယ်။ အဲဒီ့အခါ ကောက်ကျစ်တဲ့မြေခွေးက ချက်ချင်းပြန်ဖြေပါတယ်။ “ဟယ်…..အဆွေဆိတ်၊ ဒီရေတွင်းက ငါသောက်နေကျရေတွင်းပဲ၊ အရမ်းကြည်လင်ပြီး အေးနေတဲ့အပြင် ချိုတောင်ချိုသေးတယ်” ဆိုပြီး ရေတွင်းထဲဆင်းလာအောင် ဆွဲဆောင်ပါတော့တယ်။ ဦးနှောက်မရှိတဲ့ဆိတ်က မြေခွေးအပြောကို တကယ်ထင်ပြီး ရေတွင်းထဲ ခုန်ချလိုက်တဲ့အချိန်မှာပဲ မြေခွေးက ဆိတ်ရဲ့ကျောပေါ်ကနေတဆင့် ရေတွင်းနှုတ်ခမ်းဝရောက်အောင် ခုန်တက်လိုက်ပါတော့တယ်။ ရေတွင်းက သိပ်မနက်တဲ့အတွက် ဆိတ်ရဲ့ကျောပေါ်ကနေ ခုန်ကျော်ပြီး ရေတွင်းနှုတ်ခမ်းကို ရောက်အောင်တက်နိုင်သွားပါတယ်။ အသုံးမကျတဲ့ဆိတ်ကတော့ ရေတွင်းထဲမှာ ကျန်ခဲ့ပါလေရော။

ဒီပုံပြင်လေးကတော့ ဘယ်အရာမဆို လွယ်လွယ်နဲ့ အရာအားလုံးကို ယုံကြည်မလွယ်ဖို့ မက်ဆေ့ပေးထားတဲ့ပုံပြင်လေးဖြစ်ပါတယ်။ အလိမ်အညာတွေ များလှတဲ့ဒီနေ့ခေတ်ကြီးမှာ ဘယ်အရာကိုမဆို မစဉ်းစားမဆင်ခြင်ပဲ မယုံမိဖို့ သားသားမီးမီးတွေကို ပြောပြထားသင့်ပါတယ်။

Credit: Original Author #baby #kiddy #education #bright #clever #smart #learn

image