ရွှေဥတစ်လုံးစီ ဥသော ငန်းပုံပြင်
ရွှေဥတစ်လုံးစီဥသော ငန်းပုံပြင် လေးကတော့ လူတိုင်းနီးပါးလည်း ကြားဖူးကြမယ်ထင်ပါတယ်။ လယ်သမားတစ်ယောက်က တစ်နေ့ကို ရွှေဥတစ်လုံးစီဥတဲ့ ငန်းတစ်ကောင်ကို ပိုင်ပါတယ်။ ထိုငန်းကနေ နေ့တိုင်းရွှေဥတစ်လုံးစီ ဥပါတယ်။ ဒါပေမယ့် လယ်သမားက နေ့တိုင်း ရွှေဥတစ်လုံးရရုံနဲ့ မတင်းတိမ်နိုင်ပါဘူး။ အဲဒါကြောင့် ငန်းရဲ့ဗိုက်ထဲမှာ ရွှေဥတွေအများကြီး ရှိမယ်ဆိုတဲ့ ရူးမိုက်တဲ့အတွေးမျိုးနဲ့ ငန်းကိုဖမ်းပြီး ဗိုက်ခွဲပစ်လိုက်ပါတော့တယ်။ အဲဒီ့အခါမှာတော့ လောဘကြီးတဲ့လယ်သမားဟာ ငန်းရဲ့ဗိုက်ထဲမှာ ဘာမှမရှိတဲ့အပြင် ငန်းကိုပါဆုံးရှုံးလိုက်ရပါတော့တယ်။
ဒီပုံပြင်လေးကတော့ လောဘကြီးပြီး ကစားဆိုလည်း နှစ်ခု၊ သုံးခုလိုချင်၊ မုန့်ဆိုလည်း အများကြီးရမှာကျေနပ်တတ်တဲ့ကလေးလေးတွေအတွက်ပါ။ လောဘကြီးတဲ့အခါ ကိုယ့်မှာရှိပြီးသား တန်ဖိုးရှိတဲ့အရာတွေတောင်မှ ဆုံးရှုံးသွားတတ်တယ်ဆိုတဲ့မက်ဆေ့ကိုပေးထားတာပါ။
Credit: Original Author #baby #kiddy #education #bright #clever #smart #learn

