မြေခွေးနဲ့ ကျီးမိုက်ပုံပြင်
ကျီးတစ်ကောင်က အသားတုံးတစ်ခုကို ကိုက်ချီလာပါတယ်။ အစာရှာလာတဲ့မြေခွေးက ကျီးကန်းအစာကိုက်ချီလာတာကို တွေ့တဲ့အခါ အကြံတစ်ခုချက်ချင်းရလိုက်ပါတယ်။ အဲဒါနဲ့ မြေခွေးက ကျီးကန်းကို အော်ပြောလိုက်ပါတယ်။ “ ဟယ်….အဆွေကျီး၊ နင်ဒီနေ့သီချင်းမဆိုတော့ဘူးလား၊ နင့်အသံလေးက သီချင်းဆိုတဲ့အခါ အရမ်းကို နားထောင်လို့ကောင်းတာ ငါသိတယ်။” မြေခွေးရဲ့အပြောကို ကြားတဲ့ ကျီးကန်းက ဘဝင်မြင့်သွားပါတော့တယ်။ “အော်….ငါသီချင်းဆိုတာကို သူကြားဖူးတယ်ထင်ရဲ့” ဆိုပြီး သစ်ကိုင်းတစ်ခုမှ နားလိုက်ပါတော့တယ်။ အဲဒီ့အခါမှာ မြေခွေးက ဒီကျီးမိုက်ကတော့ ငါ့စကားကို အဟုတ်ထင်နေရှာပြီ ဆိုပြီး စကားကို ထပ်ဆက်လိုက်ပါတယ်။ “ အမှန်ပြောတာပါ။ ငါတစ်နေ့တုန်းက မင်းသီချင်းဆိုသံကို ကြားခဲ့တာ။ အရမ်းနားထောင်ကောင်းလို့ အသံရှင်ကို လိုက်ရှာတော့ မင်းဖြစ်နေတာပါပဲ။ ခုကော….ငါ့ကို သီချင်းတစ်ပုဒ်လောက်ဆိုပြနိုင်မလား” ဆိုပြီး ကျီးကန်းကိုတောင်းဆိုတဲ့အခါမှာပဲ ကိုယ့်ကိုကိုယ်အဟုတ်ထင်နေတဲ့ကျီးမိုက်က ချက်ချင်း အ….အ….အ… ဆိုပြီး ထအော်လိုက်ပါတော့တယ်။ အဲဒီ့အချိန်မှာ ကျီးမိုက်ရဲ့ပါးစပ်မှာ ကိုက်ချီထားတဲအသားတုံးက အပင်အောက်ကို ဗြုန်းဆို ပြုတ်ကျသွားပါလေရော။ အခွင့်ကောင်းကို စောင့်နေတဲ့ မြေခွေးက ချက်ချင်း အသားတုံးကို ကိုက်ဆွဲပြီး အဝေးကို ထွက်သွားပါတော့တယ်။ ကျီးမိုက်ကတော့ ခုမှသာ မြေခွေးရဲ့ရည်ရွယ်ချက်ကို သိသွားပေမယ့် နောက်ကျသွားခဲ့ပါပြီ။
ဒီပုံပြင်လေးကတော့ ကိုယ့်ကိုကိုယ်အထင်မကြီးမိစေဖို့ မက်ဆေ့ပေးထားတဲ့ပုံပြင်လေးဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းက မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာတတ်တယ်ဆိုတာကို ပြောပြထားတာပါ။
Credit: Original Author #baby #kiddy #education #bright #clever #smart #learn

