"ကြာဆစ်ကြိုး" (ဆရာကြီးမင်းသုဝဏ်)

ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာပွင့်ကြတယ်။

ကောက်စိုက်အပြန်ရေကန်ကြီးက
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်၊

ကြာပွင့် ကြာငုံထုံထုံမွှေးကို
မလေး ဘယ်သို့သုံးပါ့မယ်။

ကြာရိုး ကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ်။

~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

image