မိုးလင်းချိန် (ဆရာကြီးမင်းသုဝဏ်)
တုံးမောင်း ခေါက်၍
မိုးသောက်ခါဆီ ၊ နီးလေပြီဟု
ရောင်နီမျှော်လျက် ၊စောင့်မိသည်။
အဆိတ်အမိုက် ၊ နောက်ယောင်လိုက်သည်
ငိုက်သံပိုးသံ ၊ နားဆူညံတို့
သောင်ယံငှက်ကျေး ၊ သံစုံတေးသွင်
မှေး၍မိုက်ကြ ၊ ပြီးတကား။
ပင့်ကူကွန်ပျက် ၊ မှောက်မှထွက်မည့်
နံနက်နေခြည် ၊ ဝင်းကြည်ကြည်ကို
ဆီးရေဆွတ်ဖျန်း ၊ ရောင်စုံပန်းတို့
နုတ်ခွန်းဆက်ကြို ၊ သင်းနံချိုသည်
ဗဟိုရ် ရွမ်းကြ ၊ ပြီးတကား။
ကြည်နီရှေ့ပြေး ၊ နေခြည်အေးလည်း
မှောင်းမြေးပယ်ချ ၊ ထိုခဏ၌
မိုးဝကောင်းကင် ၊ လင်းတပ်ဆင်သည်
လူ့ခွင် ၊ လှုပ်နိုးရန်ဖို့တည်း။
~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

Aimer
Commentaire
Partagez