ဥပုသ်စောင့် (ဆရာကြီးမင်းသုဝဏ်)

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်။

မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်။

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်

လိုက်မယ် လိုက်မယ်။

~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

image