အတာရေ (ဆရာကြီးမင်းသုဝဏ်)

အတာ အတာ၊ ရေသီတာကို
သဟာအပေါင်း၊ သွန်းကာလောင်းအံ့

အကြောင်းသို့ညွှန်၊ ကျွနု်ပ်ကျွန်ကို
လိုက်ရန်သူတို့ ခေါ်ဘိ၏။

သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာလောက၊ ကျွန့်ဘဝ၌

ချမ်းမြကြည်လင်၊ ကျွန့်ရေစင်ကို
သွန်းချင်တယောက် တည်းရှိ၏။

ဘဇာ ဘဇာ၊ မေးသောခါဝယ်
ဝေးမှာစံနေ၊ ကျွန့်သက်ဝေဟု
အဖြေပေးမည်၊ တွေးကြံစည်စဉ်

မတည်နှစ်ခွ၊ ကျွန့်ကြမ္မာ့ကြောင့်
နှုတ်အ ၍သာ နေမိ၏။

မင်းသုဝဏ် (၁၉၃၃)
~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

image