ဆွမ်းအလှူတွေအကြောင်းပြောမယ်ဆိုရင် သုဇာတာရဲ့ ဃနာနို့ဆွမ်းဟာ နာမည်ကျော်သလို စုန္ဒ၏ ဝက်ပျိုသားဟင်းနှင့်ဆွမ်းကလည်း သူနဲ့တန်းတူ အကျိုးကြီးမားတဲ့
ဆွမ်းတစ်နပ်လို့ ဘုရားရှင်ဟောခဲ့တယ်ပေါ့....
ဒါပေမယ့်လည်း တရားအားထုတ်တဲ့ ရဟန်းတော်တွေကို
ရဟန္တာဖြစ်သည်အထိ တရားထူးတရားမြတ်တွေရအောင် အထောက်အကူပြုခဲ့တဲ့ ဆွမ်းအလှူကတော့
မာတိကမာတာရဲ့ ဆွမ်းအလှူတွေပဲဖြစ်ပါတယ်။
ဘုရားရှင်လက်ထက် ဟိမဝန္တာတောင်ခြေက မာတိကရွာမှာ လူအများလေးစားရတဲ့ မာတိကမာတာလို့ခေါ်တဲ့
အမျိုးသမီးတဦးရှိခဲ့ပါတယ်။
ဝါဆိုခါနီးတနေ့ အဲဒီရွာကို ရဟန်းအပါး၆၀ ရောက်ရှိလာပြီး မာတိကမာတာက ဒီရွာမှာပဲ သီတင်းသုံးနေထိုင်ဖို့ လျောက်ထားတောင်းပန်...ရဟန်းတော်တွေက လက်ခံလို့ နေစရာကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းသတဲ့...
သဒ္ဒါတရားပြည့်ဝတဲ့ မာတိကမာတာဟာ တညနေမှာ ပျားရည်သကာကို လှူဖို့အသွား ကျောင်းမှာ ရဟန်းတွေကိုမတွေရလို့ ကျောင်းပေါ်က တုံးကိုခေါက်လိုက်ပါတယ်၊
ခဏအကြာမှာ ရဟန်းတော်တွေဟာ တောထဲက တစ်ပါးစီထွက်လာကြပြီး ကျောင်းပေါ်မှာ တပါးနှင့်တပါး စကားမပြောကြပဲ သူ့ နေရာနှင့်သူ ငြိမ်သက်စွာထိုင်နေကြတယ်ပေါ.
ခေါင်းဆောင် ရဟန်းက မာတိကမာတာကို ရဟန်းတွေဟာ မသင့်မြတ်မညီမညွတ်ဖြစ်နေတာမဟုတ်... အပိုစကားမဆိုပဲ ကမ္မဌာန်းတရားကြိုးစားအားထုတ်နေကြတာလို့ ရှင်းပြတော့... မာတိကမာတာဟာ အလွန်စိတ်ဝင်စားလို့ ကမ္မဌာန်းတရား အားထုတ်နည်းကို ရဟန်းတော်ဆီက သင်ကြားပြီး ကြိုးကြိုးစားစားနှင့် အားထုတ် လိုက်တာ ရဟန်းတွေထက်အရင် သောတာပန်၊သကဒါဂါမ် အနာဂါမ်ဖြစ်လို့ လောကီအဘိညာဥ် ငါးပါး
ရသတဲ့....
မာတိကမာတာဟာ အနာဂါမိ ဖလသမာပါတ်ကထ အဘိညာဥ်နဲ့ကြည့်လိုက်တော့ သူကိုယ်တိုင်ဆွမ်းဝတ်ပြုနေတဲ့
ရဟန်းတော်တွေ တမဂ်တဖိုလ်မရသေးတာ ဘောဇနသပ္ပါယ မဖြစ်တာကိုတွေ့မြင်ရတယ်ပေါ့။
ဒါနဲ့ပဲ မာတိကမာတာဟာ ဆွမ်းအမျိုးမျိုး၊ယာဂုအမျိုးမျိုးကို ထောပတ်ဆီဦးတွေနဲ့ အမျိုးမျိုးစီမံပြီး ကပ်လှူတဲ့
အခါ ရဟန်းတော်တွေ သိပ်မကြာခင် အာသဝေါကုန်ခမ်း
လို့ ရဟန္တာတွေ အသီးသီးဖြစ်ကြပါသတဲ့...
ဒီနေ့ နတ်တော်လပြည့်နေ့ မှာ ယောဂီတွေအတွက်
ကြက်သားဟင်း၊ သရက်ချဥ်သုပ်၊ ပဲဟင်းရည်၊ကန်စွန်းရွက်အကြော်၊ ငြုပ်သီး ကြော်...ဆားတို့ဖြင့် ကျွေးမွေးလှူဒါန်းမှု ပြုလုပ်ပါသည်...
မတော်တဆဖြစ်စေ သေသေချာချာဖြစ်စေ ယောဂီတွေထဲက တယောက်ယောက်များ သောတာပတ္တိမဂ်နှင့်
ခလုပ်တိုက်မိလျင်....ဆွမ်းအလှူရှင်တွေရော ဝေယျာဝစ္စ
တွေအပြင် နှမ်းဖြူးတဲ့နိဗ္ဗာန်ဆော်ပါ အကျိုးကြီးမားတဲ့
ကောင်းမှုကုသိုလ် ဖြစ်ကြဦးမယ်ပေါ့.....
သောတာပတ္တိမဂ်နှင့် တည့်တည့်မတိုးတော့လည်း အနဲဆုံး ...သက်ရှည်.. ဆင်းလှ...ချမ်းသာရ..ဗလ..ညာဏ်ပညာဆိုတဲ့ ဆွမ်းအကျိုး ငါးမျိုးကတော့ မလွဲမသေ
ဧကန်မုချ ရရှိမယ်မဟုတ်ပါလား .....
သူငယ်ချင်း မိတ်ဆွေအပေါင်း သူတော်ကောင်းတို့။ ။
Credit: Original author




