blank  shared a  post
5 yrs

သောတာပန် ဖြစ်မဖြစ်စစ်‌ရန်
မဟာပစ္စဝေက္ခဏာ (၇) ချက်
🙏🙏🙏

⛳(၁) သောတာပန်များသည် ကိလေသာများ ဖြစ်နိုင်သေး၏။ ဖြစ်လျှင် ဖြစ်ကြောင်းကို ချက်ချင်းသိ၏။ ထို့ကြောင့် သောတာပန်တွင် ကိလေသာတို့သည် ကြာမြင့်စွာ မတည်နိုင်ပေ။
...........................................
⛳(၂) သောတာပန်သည် ကိလေသာ ဖြစ်ပေါ်လာပါက ဖြစ်ပျက်ရှုကာ ငြိမ်းအေးအောင် လုပ်၏။ ငြိမ်းအေးအောင် လုပ်လိုစိတ်လည်း ပေါ်၏။
...........................................
⛳(၃) ဘုရားသာသနာမှလွဲ၍ အခြားအယူဘာသာတို့တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ မရှိနိုင်ဟု ယုံကြည်မှုထက်သန်ခြင်း။
...........................................
⛳(၄) ရဟန်းသောတာပန်သည် အာပတ်ဖြစ်ပါက ချက်ချင်းဖြေ၏။ လူသောတာပန်သည် ကိလေသာပေါ်ပေါက်ပါက ပြေပျောက်အောင်လုပ်ချင်စိတ်ဖြစ်ပေါ်၏။ ပြေပျောက်အောင် လုပ်လည်း လုပ်၏။
...........................................
⛳(၅) သောတာပန်သည် မိမိနှင့်သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့က သက်သေအဖြစ် ခေါ်ပါက လိုက်၏။ ထိုအမှုတွင် သီလ၊ သမာဓိ၊ ပညာတို့ ထိခိုက်ပျက်စီးမည့် အပြုအမူကို လုံးဝမပြုလုပ်ပေ။
...........................................
⛳(၆) ဘုရား၊ ရဟန်းသံဃာများဟောကြားသောတရားကို နားလည်၏။ စိတ်သည်ပျံ့လွင့်ခြင်းမရှိဘဲ တရားနာနိုင်ခြင်း။
...........................................
⛳(၇) နာကြားရသော တရားများအပေါ်တွင် ပီတိများဖြစ်ခြင်း။ မေ့ပျောက်သွားခြင်းမရှိဘဲ တရားတော်အကြောင်း ပြောဆိုဆွေးနွေးခြင်း။
🙏🙏🙏🌿🙏🙏🙏🌿🙏🙏🙏
Credit. Wikipedia

image