ဒေါင်းယောင်ဆောင်သောကျီး
ကလေးတို့ရေ......
အရောင်လှလှဒေါင်းတောင်‌ေလး‌ေတွနဲ့လှပနေတဲ့‌ေဒါင်းနဲ့
အရောင်မဲမဲတအာအာအော်တတ်တဲ့ကျီးတို့ကို
မြင်ဖူးကြလားကွယ်....
ကလေးတို့ရောဘယ်အကောင်လေးကိုချစ်လဲ။

ကျီးရုပ်ဆိုးကြီးကဒေါင်းကလေးကိုအားကျပြီးဒေါင်းလိုမျိုးဖြစ်ချင်တော့ယုတ်မာတဲ့အကြံစည်တွေကြံတော့တာပေါ့ကွယ်။
ဒေါင်းမျိုးနွယ်ကလဲခဏပဲစောင့်ကြည့်တာပေါ့ဘယ်ငြိမ်ခံနေမလဲနော်။
ကျီးရုပ်ဆိုးကြီးကိုဝိုင်းပြီးတိုက်ထုတ်လိုက်ကြတာရုပ်ပျက်ဆင်းပျက်နဲ့ထွက်ပြေးရပါလေရော။
အဲ့ကျီးရုပ်ဆိုးကြောင့်အရှက်ရတယ်ဆိုပြီးကျီးမျိုးနွယ်တွေကလဲပြန်လက်မခံကြတော့ဘူးတဲ့ကွယ်။

ကိုယ့်နေရာကိုယ်မနေပဲဟန်ဆောင်လိမ်လည်တတ်တဲ့သူကိုဘယ်သူမှမကြိုက်ဘူးဆိုတာကလေးတို့သိရပြီနော်။
ကလေးတို့လဲကိုယ့်အမျိုးကိုစောင့်ရှောက်နိုင်တဲ့သူရဲကောင်း၊သူယုတ်မာကိုတိုက်ထုတ်နိုင်တဲ့သူရဲကောင်းတွေဖြစ်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ကွယ်။
က‌ေလးတို့ကိုအမြဲချစ်ခင်‌ေနမယ့်တီတီလေး