ဘ၀မှာလေ ကိုယ်နဲ့မတန်တာတွေ အများကြီးရှိတယ်။

ဘဝတစ်ခုလုံးကို ကိုယ်စားမပြုတဲ့
အသေးအဖွဲပြဿနာလေးတွေအတွက်
အချိန်အကြာကြီး စိတ်ညစ်ခံနေဖို့ မတန်ဘူး။

သဘောထားသေးသိမ်တဲ့သူတွေကို
သတိလက်လွက် ဒေါသနဲ့တုန့်ပြန်ပြီး
ကိုယ့်စိတ်ကို ပူလောင်ခံလိုက်ဖို့ မတန်ဘူး။

အတွေ့အကြုံတွေသာများပြီး
တကယ်တမ်းမှာ ရင့်ကျက်မလာဘူးဆိုရင်
ကိုယ့်ရဲ့ရှင်သန်ခြင်းဟာ မတန်ဘူး။

အကြိမ်ကြိမ် နာကျင်စေတဲ့သူတွေကို
ဘဝထဲက အပြီးဆွဲမထုက်နိုင်သေးဘူးဆိုရင်
ကိုယ်ကျခဲ့ရတဲ့မျက်ရည်ဟာ မတန်ဘူး။

ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေကို
အပင်ပန်းခံ ဖတ်တွယ်ထားဖို့ မတန်ဘူး။

ကိုယ့်ဆီက အကောင်းတွေကိုဘဲလိုချင်ပြီး
ကိုယ့်ရဲ့အဆိုးတွေကို သဘောရိုးလေးနဲ့တောင် လက်ခံမပေးနိုင်တဲ့သူတွေကို ဆက်ချစ်နေရတာ မတန်ဘူး။

ငါဒီလိုလုပ်လိုက်လို့ , ငါဒီလိုပြောလိုက်လို့
သူဘာများဖြစ်သွားမလဲ , ဘာတွေများထိခိုက်သွားမလဲလို့ တစ်ဖက်သားအတွက် နည်းနည်းမှထည့်မစဉ်းစားဘဲ ကိုယ်အဆင်ပြေဖို့ပဲ အမြဲကြည့်တက်တဲ့သူမျိုးကို စိတ်ရင်းကြီးနဲ့တကယ်နှစ်ပြီး အလေးအနက်ထားပေါင်းဖို့ မတန်ဘူး။

ဘာမျော်လင့်ချက်မှမထားဘဲ
တက်နိုင်သလောက် ပေးလိုက်တာကောင်းပါတယ်။
စိတ်ကောင်းရှိတဲ့သူကို
ကံကောင်းခြင်းတွေက ပြန်ကူညီမှာပါ။

ဒါပေမယ့် သိထားဖို့က
လောကကြီးမှာ ,

အများကြီးချစ်ပေးတာနဲ့ မတန်တာတွေရှိတယ်။

အများကြီးရှင်းပြလိုက်ဖို့ မတန်တာတွေရှိတယ်။

အများကြီးစေတနာထားဖို့ မတန်တာတွေရှိတယ်။

အများကြီးပေးဆပ်လိုက်ဖို့ မတန်တာတွေရှိတယ်။

အများကြီးဖက်တွယ်ထားဖို့ မတန်တာတွေရှိတယ်။

အများကြီးမျှော်လင့်ထားဖို့ မတန်တာတွေရှိတယ်။

အများကြီးမျက်ရည်ကျဖို့ထိ မတန်တာတွေရှိတယ်။

အများကြီးနဲ့မတန်တာတွေ အများကြီးရှိတယ်.. 💭

#အရှင်ဇဝန
မျှဝေကုသိုလ်ယူပါသည်။