စိတ်ဒဏ်ရာ
**************

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ သံယောဇဉ်ရှိရှိ
သွေးအေးသွားနိုင်တယ်။

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ ချစ်ချစ်
ကျောခိုင်းပစ်ခဲ့နိုင်တယ်။

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ ခင်ခင်
ဝေးဝေးကနေရှောင်ကျဉ်သွားနိုင်တယ်။

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ တွယ်တာနေပါစေ
လှည့်မကြည့်တမ်း စွန့်ခွာသွားနိုင်တယ်။

တကယ်သာစိတ်နာသွားခဲ့ရင်
ဘယ်လိုပဲ ပတ်သက်မှုတွေရှိနေပါစေ
ပြန်မဆုံကြေး နှုတ်ဆက်သွားနိုင်တယ်။

ခန္ဓာကိုယ်ပြင်ပကဒဏ်ရာတွေ
ဘယ်လောက်ပြင်းပြင်း
အချိန်ကြာလာရင်
အနာပြန်ကျက်သွားနိုင်တယ်။

စိတ်ထဲမှာဖြစ်သွားတဲ့ဒဏ်ရာ
အနာတရက‌ေတာ့
အချိန်ကြာလာတာနဲ့အမျှ
ပိုပြင်းထန်လာတတ်တယ်။

စိတ်ဆိုးရင်စိတ်ပြန်ပြေဖို့လွယ်တယ်။
စိတ်နာရင် ပကတိအတိုင်း
ပြန်ကောင်းလာဖို့မလွယ်ဘူး။

စိတ်ဒဏ်ရာ ဟာ ကျက်ဖို့ခက်တယ်...
စိတ်ဒဏ်ရာတွေမပေးမိပါစေနဲ့....

Credit.....မနောမြေ