Dhamma  ay nakakaramdam Masaya
7 taon

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

"သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့"

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့
=====+=====
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့ စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏ ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန် လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏ ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည် ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူုလိုက်၏။

ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည် ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့် သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။ ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို ဟောကြားတော်မူလေသည် ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌ အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက် ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တကို ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည် ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြားသောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

Credit: Original creator #ShweChat
………………………………………
ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~
#Zawgyi
ဝါဆိုလျပည့္ေန႔ အေၾကာင္း သိေကာင္းစရာ
……………………………………………………
ဝါဆိုလျပည့္ေန႔ နဲ႔ ပတ္သက္လို႔ ဗုဒၶဝင္မွာ

"သေႏၶ ေတာထြက္ ဓမၼစက္
မိန႔္ႁမြက္သံခ်ိဳ လဝါဆို တဲ့"

ဘုရားျဖစ္စဥ္ ဗုဒၶဝင္မွာ ထူးျခားေသာ
ဝါဆိုလျပည့္ေန႔
( ၁ ) ဘုရားေလာင္းသိဒၶတၱမင္းသား ပဋိသေႏၶ ေနေသာေန႔

( ၂ ) ဘုရားေလာင္း ေတာထြက္ေတာ္မူေသာေန႔

( ၃ ) ေဂါတမျမတ္စြာဘုရား ဓမၼစၾကာ စတင္ေဟာေတာ္မူေသာေန႔

( ၄ ) ေရမီးအစုံစုံတို႔ျဖင့္ တန္ခိုးျပာဋိဟာကို ျပေတာ္မူေသာေန႔

( ၅ ) ဘုရားအျဖစ္ကို ဝန္ခံေတာ္မူေသာေန႔

( ၆ ) တရားရတနာ စတင္ေပၚေသာေန႔

( ၇ ) သံဃာရတနာ စတင္ေပၚေသာေန႔

( ၈ ) ပုထုဇဥ္ခရီးမွ အရိယာခရီးသို႔ စတင္ကူးေျပာင္းခြင့္ႀကဳံေသာေန႔

( ၉ ) ဧဟိဘိကၡဳ ဟူေသာစကားကို စတင္ၾကားရေသာေန႔

ဝါဆိုလျပည့္ေန႔ ဓမၼစၾကာအခါေတာ္
~~~~~~~~~~~~~~~~~~~
ေဂါတမဘုရားေလာင္းေတာ္သည္ ပၪၥဝဂၢိ ၅ ဦးတို႔ စြန႔္ခြာထြက္သြားၿပီးသည္ေနာက္ တစ္ကိုယ္တည္း တရားက်င့္ေတာ္မူခဲ့ရာ မဟာသကၠရာဇ္ ၁၀၃ ခု

ကဆုန္လျပည့္ေန႔ ေသာၾကာေန႔ တြင္ သဗၺညဳတဉာဏ္ေတာ္ကိုရရွိကာ ဘုရားအျဖစ္သို႔ေရာက္ေတာ္မူေလသည္။ ထိုအခါ သဟမၸတိျဗဟၼာမင္း၏

ေလွ်ာက္ထားေတာင္းပန္ ခ်က္အရ အဘယ္သူ႔ကို တရားဦးေဟာၾကားအံ့နည္းဟု ဆင္ျခင္ေတာ္မူ၏။
ဗုဒၶျမတ္စြာ၏ အာသယာႏုသယဉာဏ္ ဣျႏၵိယပေရာပရိယဉာဏ္ေတာ္တို႔ျဖင့္ ဆင္ျခင္သည္။

ပထမဦးစြာဈာန္လမ္းျပခဲ့ဖူးေသာ အာဠာရရေသ့ဆရာကိုျမင္၏ ထိုရေသ့ကား ကြယ္လြန္ခဲ့ၿပီးျဖစ္သည္ ထိုမွတစ္ဆင့္ ဥဒကရေသ့ဆရာကို ျမင္ေတာ္မူေလသည္ ဥဒကရေသ့လည္း ကြယ္လြန္ခဲ့ၿပီျဖစ္၏။

ထို႔ေနာက္ အျခားေသာ ေက်းဇူးရွိခဲ့ဖူးသူမ်ားအား တရားဦးေဟာၾကားရန္ ၾကည့္ေတာ္မူျပန္သည္။ ထိုအခါ ပၪၥဝဂၢီငါးဦးတို႔ကိုျမင္ေတာ္မူေလသည္

သို႔ေသာ္လည္း ထိုရေသ့မ်ားထံ ခ်က္ခ်င္းမႂကြေပ သုံးရက္ သီတင္းသုံး ေစာင့္ဆိုင္းေတာ္မူ၏။ ထို႔ေနာက္ ဗာရာဏသီအနီးရွိ မိဂဒါဝုန္ေတာသို႔ ခရီးဆက္ေတာ္မူေလသည္။

အစားနည္းေသာအက်င့္မွ မ်ားေသာအက်င့္သို႔ ေျပာင္းခဲ့ေသာေၾကာင့္ ဘုရားမျဖစ္ႏိုင္ေတာ့ဟု ပၪၥဝဂၢီတို႔ ယူဆခဲ့ၾက၏။ ထိုေၾကာင့္ ဘုရားေလာင္းအား စြန႔္ခြာၿပီးဗာရာဏသီ မိဂဒါဝုန္ေတာသို႔ေရာက္ခဲ့ ၾကေလသည္။

ျမတ္စြာဘုရားႂကြလာသည္ကိုပၪၥဂၢီတို႔ျမင္ၾက၏ ခရီးဦးမႀကိဳ ဝတ္မျပဳလိုၾကေတာ့ေပ သို႔ရာတြင္ အရွင္ျမတ္သည္ ဖန္ရည္ဆိုးသကၤန္းဝတ္႐ုံလ်က္ပင္ဝင္လာေတာ္မူ၏။

ကိေလသာ ကင္းစင္သျဖင့္ ေအးခ်မ္းတင့္တယ္ ၾကည္ညိဳဖြယ္ရွိ၏ သို႔ျဖစ္ရာ ပၪၥဂၢီတို႔သည္ ခရီးဦးႀကိဳၾက၏ ရွိခိုးပူေဇာ္ၾက၏ ႏႈတ္ခြန္းဆက္ၾက၏။

အခ်ိန္ကား ေနမင္းႀကီးဝင္လုဝင္ဆဲအခ်ိန္ လမင္းႀကီးမွာ ျပဴလစ္စ အခါသမယျဖစ္၏ ဆည္းဆာညခ်မ္း ျဖစ္သည္။

သူေတာ္ျမတ္ဓာတ္ေၾကာင့္ သာယာဖြယ္ေကာင္းေပ၏။ မိဂဒါဝုန္ေတာကား ႐ႊင္ပ်ေအးျမေန၏ ဆိတ္ၿငိမ္မႈျဖင့္
ၿပီးလ်က္ရွိ၏ ထိုအခိုက္တြင္ ျမတ္စြာဘုရားရွင္သည္ ပၪၥဂၢီတို႔၏ ေရွ႕တြင္ထက္ဝယ္ဖြဲ႕ေခြေနေတာ္မူသည္ ထို႔ေနာက္ ရဟန္းတို႔ ဟု ေခၚေဝၚကာႏႈတ္ခြန္းဆက္ေတာ္မူုလိုက္၏။

ဤကား တရားဦးေဟာရန္ဖိတ္ေခၚသံ အစတည္း။

ပၪၥဂၢီတို႔သည္ သီလစင္ၾကယ္ၿပီးသူမ်ားျဖစ္ၾကသည္ ထို႔ျပင္ သဒၶါ ဆႏၵ ဝီရိယ စိတ္ထားျပည့္စုံေနၿပီး သူမ်ား ျဖစ္ၾကေလရာ ျမတ္စြာဘုရား၏ စကားအစသည္ သူတို႔၏ ႏွလုံးသားဝယ္ တရား တည္၍တည္၍ လာေလသည္။

ထိုအခ်ိန္တြင္ ျမတ္စြာဘုရားက မိမိဘုရား ျဖစ္ေတာ္မူ ေၾကာင္းမိန႔္ၾကား၏ တရားနာယူၾကရန္လည္း တစ္ဆက္တည္းတိုက္တြန္း၏ သို႔ေသာ္မယုံၾကည္ႏိုင္ၾကသျဖင့္ သုံးႀကိမ္သုံးခါ ျငင္းဆန္ကာေနၾက၏ ျမတ္စြာဘုရားသည္
ထိုျငင္းဆန္မႈကို ဘုရားျဖစ္ေၾကာင္း ထပ္မံသိေစျပန္၏။ ၿပီးမွ တရားဦး ေခၚဓမၼစကၠ ပဝတၱန သုတၱ ကို ေဟာၾကားေတာ္မူေလသည္ ထိုတရားေတာ္၏ အဆုံးဝယ္ အရွင္ေကာ႑ညသည္ လူသားမ်ား အနက္ ပထမဦးဆုံး ေသာတာပတၱိဖိုလ္၌ တည္ေလ၏ ထိုေန႔သည္ ဝါဆိုလျပည့္ေန႔ ျဖစ္၏။

ထို႔ေနာက္တဖန္ ေဒသနာကိုေဟာျပေတာ္မူရာ ဝါဆိုလျပည့္ေက်ာ္ ( ၁ ) ရက္ေန႔၌ အရွင္ဝပၸ ( ၂ ) ရက္ေန႔၌ အရွင္ဘဒၵိယ ( ၃ ) ရက္ေန၌ အရွင္မဟာနာမ္ ( ၄ ) ရက္ေန႔၌ အရွင္အႆဇိ တို႔သည္ အသီးသီး ေသာတာပန္တည္ၾကေလကုန္၏။

ပၪၥဝဂၢီအားလုံးပင္ ဧဟိဘိကၡဳ ရဟန္း အျဖစ္ေရာက္ ၾကေလသည္။ ဝါဆိုလျပည့္ေက်ာ္ ( ၅ ) ရက္ေန႔တြင္ ျမတ္စြာဘုရားသည္ အနတၱလကၡဏသုတၱကို ေဟာၾကားေတာ္မူခဲ့သည္။

ဤတြင္ ငါးဦးလုံး ရဟႏၲာ ျဖစ္ေတာ္မူၾကေလသည္ ထိုေန႔ကို လည္း '' ရဟႏၲာ '' ဟု ဗုဒၶဘာသာဝင္တို႔ သတ္မွတ္ယူၾကကုန္သည္။

ဝါဆိုလျပည့္ေန႔ကို တရားဦး '' ဓမၼစၾကာ '' ေဟာၾကားေသာေန႔ျဖစ္၍ '' ဓမၼစၾကာေန '' ဟု ယေန႔အထိ ဗုဒၶဘာသာဝင္တို႔ အေလးအျမတ္ျပဳခဲ့ၾကေပသည္။

Credit: Original creator #ShweChat
………………………………………
ဒါနအားလုံးကို ဓမၼဒါနက ေအာင္ႏိုင္၏။
အရသာအားလုံးကို တရားအရသာက ေအာင္ႏိုင္၏။
~~~~~~~~~~~~~~~~~~~~~~~~~~~

image