အထင်ကြီးတာ လေးစားတာ မဟုတ်ဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာတိုင်းပြည်တည်ဆောက်ရအောင် - အပိုင်း(၅)
★ ကိုယ့်စိတ်ထဲမှာ မုဒိတာဖြစ်နေရင် You feel so secure. You feel very secure with yourself. ကိုယ့်အခြေအနေနဲ့ကိုယ် အရမ်းကို စိတ်ထဲမှာ လုံလုံခြုံခြုံရှိနေတာ ဘာဖြစ်လို့တုန်းဆို ကိုယ်အောင်မြင်ခဲ့တဲ့ဟာ ကိုယ်ကြိုးစားခဲ့တဲ့ဟာ အဲဒါ တွေးပြီးတော့ ကိုယ့်ဟာကိုယ် ပီတိဖြစ်နေတာ။ တခြားလူတွေလာပြီးတော့ ချီးမွမ်းတာကို စောင့်မနေတော့ဘူး။
🔺 အဲဒီဟာနဲ့ မပြီးသေးဘူးတဲ့ ကိုယ့်အကြောင်းလည်းတွေးပြီး ၀မ်းသာနေတယ်ဆိုရင် “မာန” ဖြစ်တတ်တယ်တဲ့ Superiority complex ဖြစ်တတ်တယ် အဲဒါလေး ၀င်တတ်တယ်။ ပါဠိလို သေယျမာန်ခေါ်တယ်၊ သာသူ နိုင်သူရဲ့မာနပါ။
🍃ဒါကြောင့် ဘယ်လိုလုပ်ရမှာတုန်းဆိုရင် တခြားလူတွေရဲ့ အောင်မြင်မှု သူတို့ကြိုးစားမှု အဲဒါတွေကို တွေးပြီးတော့ မုဒိတာ ဖြစ်ရမယ်။
★ မန္တလေး နည်းပညာတက္ကသိုလ်ရဲ့ Campus နှစ်ခု ကျောင်းသားလေးထောင်ကျော်ဆိုပြီး ဆရာကြီးပြောတယ် လေးထောင်ကျော် ငါးထောင်နီးပါး။ ဒီကျောင်းကိုရောက်အောင် ကျောင်းသားတွေ မနည်းကြိုးစားရတယ် ဒီကျောင်းဝင်နိုင်အောင်။ အမှတ်တွေ မြင့်မှ ဒီကျောင်းကို ၀င်နိုင်တယ်။
★ အဲဒါလေးကို တခါတည်း အင်ဂျင်နီယာဖြစ် ချင်တဲ့ ကျောင်းသူကျောင်းသားတွေက ကြိုးစားတယ်။ သူတို့ ကြိုးစားတဲ့ဟာလေးကို ကြည့်လိုက်ရင် ဒီကျောင်းသားတွေ ဒီကျောင်းမှာ ရှိနေတာ အရမ်းကို ပီတိဖြစ်စရာကောင်းတယ်။ You feel so secure in their presence. သူတို့ရှိနေတာကို ကိုယ် စိတ်ထဲမှာ အရမ်း secure (လုံခြုံ) ဖြစ်တယ်။
★ ကျောင်းသား ကျောင်းသူတွေလည်းပဲ ဒို့
ဆရာကြီး ဒို့ ပါမောက္ခချုပ်ကြီး ဒီ level ရောက်
အောင် မူလတန်းကနေ စပြီးတော့ ကြိုးစားခဲ့တာ အဆင့်ဆင့် ပါချုပ်တွေဖြစ်အောင်ဆို မနည်းဖြတ်သန်းလာရတယ်။ ဒုချုပ်တို့ တခြားဌာနမှူးတွေ တခြားဆရာတွေ ဒီတိုင်းပဲ။
★ အဲဒီဟာကိုကြည့်လိုက် အဲဒီဟာကို သတိရလိုက်ပြီးတော့ ကိုယ် Appreciate တန်ဖိုးထားမှု လုပ်တယ်ဆိုရင် ကျောင်းမှာ နေရတာ စိတ်ထဲမှာ အရမ်းကိုပျော်ရွှင်တယ် Secure ဖြစ်တယ်။ လေးစားတာပေါ့။ လေးစားတဲ့စိတ် ဂါရ၀ဖြစ်တဲ့စိတ် နိဝါတဖြစ်တဲ့စိတ် အလိုလို ဖြစ်တယ်။
★ သူများကို လေးစားတဲ့နေရာမှာ သူက နှစ်မျိုးရှိတယ်။ တစ်ခုကတော့ တမင်သက်သက် အထင် ကြီးတာ။ အထင်ကြီးလိုက်ရင် ကိုယ့်ကိုယ်ကို အထင်သေးတဲ့စိတ် ဖြစ်တတ်တယ် Inferiority complex ၀င်တတ်တယ်။ နာသူရဲ့ မာန သာသူရဲ့မာနနှစ်ခုထဲက နာသူရဲ့ မာန (ဟီနမာန်) ၀င်တတ်တယ်။
★ အထင်ကြီးပြီး လိုက်လုပ်... လိုက်လုပ် အဲဒါကို peer pressure ခေါ်တယ်။ ကိုယ်အထင်ကြီးတဲ့လူ ကိုယ်ရဲ့ Idol က ဘာဝတ်လို့ ကိုယ်က လိုက်ဝတ်တယ်။ ဘယ်လိုပြောလို့ ကိုယ်လိုက်ပြောတယ်။ ဘယ်လိုကားစီးလို့ ကိုယ်လိုက်စီးတယ်။ ဘယ်လိုစာမျိုးဖတ်လို့ ကိုယ်လိုက်ပြီးတော့ ဖတ်တယ်။
★ ဘယ်လိုဆံပင်မျိုးထားလို့ ကိုယ်အဲ့ဆံပင်ပုံစံမျိုး လိုက်ထားတယ်။ ဒါက အထင်ကြီးတာ၊ လေးစားတာ မဟုတ်ဘူး။ တမင်သက်သက် အထင်ကြီးတာ။ အထင်ကြီးမှုရဲ့ တခြားတဖက်မှာ ဘာရှိတုန်း? အထင်သေးမှု ရှိတယ်။ အထင်ကြီးတာနဲ့ အထင်သေးတာက ခေါင်းနဲ့ပန်း Two sides of the same coin.
★ ဒါပေမဲ့ “ဂါရ၀” တရားကျတော့ အဲလို မရှိဘူး။ သူရဲ့ side effects (ဘေးထွက်ဆိုကျိုး) မရှိဘူး။ ဂါရ၀ဖြစ်အောင် ဘာလုပ်ရမှတုန်းဆိုရင် တခြားလူတွေရဲ့ ကြိုးစားမှု အောင်မြင်မှု Positive quality တွေ အဲဒါတွေကို တွေးပြီးတော့ အဲဒါကြည့်ပြီးတော့ သူတို့ကြည့်ပြီးတော့ မုဒိတာ ဖြစ်တာ။ အဲဒါကို သူတို့ကို အလေးထားတယ် ခေါ်တယ်။
★ သူတို့ကိုကြည့်ပြီးတော့ မုဒိတာဖြစ်တယ်။ သူများကို ကြည့်ပြီး မုဒိတာဖြစ်တဲ့ ပုဂ္ဂိုလ်က ပထမဆုံး ဘာလုပ်ရမှာတုန်းဆိုရင် ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ ကိုယ်ရဲ့ Positive ဖြစ်တဲ့အရာတွေ ကောင်းတဲ့အရာတွေ ကြည့်ပြီးတော့ မုဒိတာ ဖြစ်နိုင်ရမယ်။
★ အဲဒါကြောင့် ကိုယ့်အတွက်လည်း မုဒိတာဖြစ် သူများအတွက်လည်း မုဒိတာဖြစ် “အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ” - Introverted and extroverted အတွင်းအပြင်။ အဲလို Balance ဖြစ်အောင် ညီမျှအောင် မုဒိတာကို ပွားထားတယ်ဆိုရင် သူများအရည်အသွေးကို ကြည့်ပြီးတော့ ကိုယ်ဝမ်းသာနိုင်တဲ့အချိန်မှာ ကိုယ့်မှာ အလိုလို အားငယ်တဲ့စိတ် မဖြစ်ဘူး ၀င်မလာဘူး။ အဲ့ Side effect မရှိဘူး။
★ ဒါကို “ဂါရ၀” လို့ခေါ်တယ်။ မင်္ဂလာတရားထဲမှာ ပါတဲ့ ဂါရ၀။ အဲဒီ ဂါရ၀တရားက မင်္ဂလာထဲမှာ မြတ်စွာဘုရားထည့်ထားတယ် ဆိုကတည်းက သူက Side effect မရှိဘူး။ အထင်ကြီးတာကျတာ့ လောဘစိတ်ဝင်တတ်တယ်။ ရုပ်ရှင်မင်းသား အထင်ကြီးတာ နာမည်ကြီးတဲ့လူတွေ အထင်ကြီးတာ အဲဒါမျိုးတွေပေါ့။ အာဏာရှိတဲ့လူတွေ အထင်ကြီးတာ။
★ အာဏာရှိတဲ့လူက ကိုယ်နဲ့သဘောထားချင်း တူနေလို့ အထင်ကြီးတယ်ဆိုရင် ကိုယ်နဲ့သဘောထားချင်း မတူတဲ့သူကျ အထင်သေးတာ ဖြစ်သွားပြန်ရော အဲလို mood swing တွေဖြစ်တယ်။ စိတ် အတက်အကျတွေ ဖြစ်တယ်။
★ အဲလို အတက်အကျတွေ ဖြစ်နေတယ်ဆိုရင် ဘုန်းဘုန်းတို့ Nation building တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ တချို့လူနဲ့ ကိုယ်က တွဲပြီးတော့လုပ်နိုင် တချို့လူနဲ့ ကျတော့ ကိုယ်က ကဖျက်ယဖျက် အဲလို destructive အပြုအမူမျိုးတွေ လုပ်တတ်တယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“မုဒိတာတိုင်းပြည်တည်ဆောက်ရအောင် Let’s Build a Mudita Nation (၃.၇.၂၀၁၉ - နည်းပညာတက္ကသိုလ် - မန္တလေး)” တရားတော်မှ ရေးသားပူဇော်ပါသည်။

