မုဒိတာနဲ့ စောင့်ရှောက်လိုက်ရင် ပစ်တိုင်းထောင်လို
ဘယ်လိုပဲပစ်ချချ ပြန်ထောင်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာတိုင်းပြည်တည်ဆောက်ရအောင် - အပိုင်း(၇)
★ နောက်ဆုံးတစ်ခုကတော့ ဘာတုန်းဆိုရင် ကိုယ့်ဟာကိုယ် ကြိုးစားအားထုတ်မှု ကိုယ့်စိတ်ကို training လုပ်မှု အဲဒီအပေါ်မှာ ရာခိုင်နှုန်း-၆၀ ကနေ ၆၅ အထိရှိပါတယ်။ ဒါကတော့ conscious choice လို့ခေါ်တယ်။ နေတာထိုင်တာ ဘယ်လိုနေတုန်း ဘယ်လိုထိုင်တုန်း?
★ အရက်များများ သောက်မလား? ကွမ်းယာတွေရာလား? ဆေးခြောက်တွေရောလား? နောက်ပြီးတော့ အားကစားရှိသလား? နောက်ပြီးတော့ ကိုယ်ရဲ့ Emotion ကို ကိုယ် Positive ဖြစ်အောင် training (လေ့ကျင့်) ထားသလား?
★ ဒါမှမဟုတ် နေရာတိုင်းမှာ ကိုယ်က tense ဖြစ်တတ်သလား? အဲဒီ training ပေါ်မှာ မူတည်တာ။ ဒါကြောင့် ဒီ ၆၀ ကနေ ၆၅ ရာခိုင်နှုန်း ဒီဟာကို မုဒိတာနဲ့ စောင့်ရှောက်လိုက်ရင် တရားနာပရိတ်သတ်တို့ ပစ်တိုင်းထောင်ဆိုတာ ဘယ်လိုပဲ ပစ်ချပစ်ချ အဲဒီ အရုပ်လေးက သူ့ဟာသူ ပြန်ပြီးတော့ ထောင်တယ်။
★ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် ကိုယ့်ရဲ့ Self-Confidence ပျောက်မသွားအောင် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ် ပျောက်မသွားအောင် ထိန်းသိမ်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်။
★ အခုပြောတာများသွားပြီ လက်တွေ့လေး နည်းနည်းလုပ်ရအောင်။ မုဒိတာမလုပ်ခင်မှာ သတိပဋ္ဌာန်လေး နည်းနည်းလုပ်ရမယ်။ သတိပဋ္ဌာန် ဘုန်းဘုန်းတို့ သုံးမိနစ်လောက်လုပ်မယ်။
"ဟာ အရှင်ဘုရား သူများတွေ ၅-နာရီလောက် ထိုင်တာလည်းရှိတယ် တစ်ကြိမ်တည်းနဲ့ ၁၀-နာရီထိုင်တာလည်း ရှိတယ်။ အရှင်ဘုရား ဘာလို့ ၃-မိနစ်ပဲ ထိုင်တုန်း?"
🍃 လုပ်ငန်းခွင်မှာ ထိုင်စေချင်လို့။ ၃-မိနစ်ထိုင်တယ်ဆိုရင်လည်းပဲ စိတ်က အောက်ကိုလျှောကျသွားမယ့် စိတ်က မကျတော့ဘူး။ သူ့ကို ဘရိတ်အုပ်လိုက်ရတယ်။ ခေါင်းထဲမှာ ၀င်လာတဲ့ Negative အတွေးတွေကိုလည်း ကိုယ်သတိရပြီးတော့ အော် ဒါ Negative အတွေးတွေဝင်နေတယ်။
★ သူ့ကို You can change the cause. သူ့ကို လမ်းကြောင်းပြန်ပြီး တည့်ပေးလို့ရတယ်။ ဒါကြောင့် ၃-မိနစ်ပဲ တရားထိုင်မယ် ပထမဆုံး။ ဒါကတော့ သတိပဋ္ဌာန်တရားထိုင်တယ်။ ပြီးရင်တော့ မုဒိတာ တရားထိုင်မယ်။ မုဒိတာ တရားထိုင်တာ ဘုန်းဘုန်းတို့နဲ့ ထိုင်တဲ့အခါမှာ ခပ်ကြာကြာလေးထိုင် ၇-မိနစ် ၈-မိနစ်လောက်ထိုင်မယ်။
🧘♂️🧘♀️ ကိုယ့်ဟာကိုယ် ထိုင်မယ်ဆိုရင်တော့ ရုံးမှာ အလုပ်တွေများတယ်ဆိုရင် ခဏလေးနားပြီးတော့ ၂-မိနစ်လောက် အချိန်ယူ ၃-မိနစ်လောက် အချိန်ယူပြီးတော့ ကောင်းတာလေးကို တွေးလိုက်။
🍃 ၀င်လေထွက်လေ ကြည့်လိုက်။ ကောင်းတာလေးကို တွေးလိုက် ၀င်လေထွက်လေ ကြည့်လိုက် ဆိုရင် Stress (စိတ်ဖိစီးမှု) ဒဏ် အများကြီး ခံနိုင်တယ်တဲ့။
★ ဘာဖြစ်လို့တုန်း မုဒိတာ လုပ်နေတယ် ၀င်လေထွက်လေကို ကြည့်ပြီးတော့ Mindfulness ဆိုတဲ့ သတိတရား ရှိနေတယ်ဆိုရင် ဦးနှောက်ရဲ့ ACC အပိုင်းလေးက အလုပ်လုပ်တာတဲ့ Anterior cingulate cortex ဆိုတဲ့ နေရာက လုပ်တာ။
★ တကယ်လို အဲလို မလုပ်ဘူးဆိုရင် စိုးရိမ်တဲ့စိတ်ကို စိတ်ဖိစီးမှုတွေကို အမြဲတမ်းပဲ သူ့ကို check မလုပ်ဘဲနဲ့ ဒီတိုင်းလွတ်ထားရင် ဦးနှောက်အဟောင်းဖြစ်တဲ့ Amygdala က အလုပ်လုပ်တယ်။ Amygdala က အလုပ်လုပ်တယ်ဆိုရင်တော့ Charles Darwin ပြောတဲ့စကား Fight and Flight mode ထဲ ၀င်သွားနိုင်တယ်။
★ ဘာမှကို အရမ်းအရေးမကြီးတဲ့ ကိစ္စလေးနဲ့လည်း Fight and Flight mode ထဲမှာဝင်တယ်။ Fight and Flight mode ထဲ ၀င်သွားရင် အင်ဂျင်နီယာနှစ်ယောက် စကားပြောဆွေးနွေးတဲ့အခါမှာ နှစ်ဂိုဏ်းဖြစ်သွားမယ်။ သုံးယောက်ဆွေးနွေးရင် သုံးဂိုဏ်းဖြစ်သွားမယ်။
★ သူများတွေ ဘာပြောတုန်း ဘုရားဖူးသွားတာတဲ့ ဗုဒ္ဓဂယာဘုရားဖူးသွားတာ အရမ်းပင်ပန်းတယ်။ ခရီးက အရမ်းပင်ပန်းတယ် အဲဒါ မုဒိတာ မလုပ်နိုင်တဲ့ ပုဂ္ဂိုလ် နောက်ပြီးတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ပွားများပြီးတော့ ဗုဒ္ဓါနုဿတိ ကြပ်ကြပ်မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဘုရားဖူးသွားတာ သုံးယောက်သွားရင် သုံးဂိုဏ်းနဲ့ ပြန်လာတယ်တဲ့။
★ လေးယောက်သွားရင် လေးဂိုဏ်းနဲ့ ပြန်လာတယ် ဘုန်းကြီးအပါအ၀င်။ အဲဒါကြောင့် ဘုန်းဘုန်း ဘုရားဖူးလိုက်ပို့တော့မယ်ဆိုရင် အဲဒါတွေ အမြဲတမ်းပြောထားရတယ်။ ခရီးကြမ်းလိမ့်မယ် ခရီးကြမ်းလိမ့်မယ် မျှော်လင့်ထား အိပ်ရေးပျက်လိမ့်မယ် မျှော်လင့်ထား။ အစားအသောက်ပျက်လိမ့်မယ် မျှော်လင့်ထား။
★ စားသောက်ဆိုင်ကောင်းကောင်းတွေ နေရာတိုင်းမှာ ရှိချင်မှ ရှိလိမ့်မယ် မျှော်လင့်ထား။ ကိုယ်နေနေကျ ပုံစံမျိုး ဖြစ်ချင်မှ ဖြစ်မယ် ညစ်ပတ်ရင် ညစ်ပတ်နေလိမ့်မယ် မျှော်လင့်ထား။ ဒီကြားထဲမှာ နေ့တိုင်းနေ့တိုင်း သဒ္ဓါတရားတွေ ဖြစ်အောင် နောက် မုဒိတာတွေဖြစ်အောင် ကားပေါ်မှာလည်းပဲ မိုက်ခရိုဖုန်းကိုင်ပြီး တရားဟောရတယ်။ တလျှောက်လုံး တရားဟောရတယ်။
★ အဲလောက်ထိ မလုပ်နိုင်ရင် ငါးယောက်သွားရင် ငါးဂိုဏ်းဖြစ်ပြီး ပြန်လာတယ် အဲလိုဖြစ်တယ်။ ထိလွယ်ရှလွယ် Fragility of emotion ဆိုတာ Emotion က ထိလွယ်ရှလွယ်တာ။ ဒါကြောင့် အဲလိုမဖြစ်အောင် ဒီနေ့ တရားထိုင်နည်းနှစ်နည်း သင်ပေးမယ်။
🧘♂️🧘♀️ ပထမတစ်နည်းကျတော့ သတိပဋ္ဌာန်ဆိုတဲ့ Mindfulness သင်ပေးမယ်၊
🧘♂️🧘♀️ဒုတိယ တစ်နည်းကျတော့ မုဒိတာ သင်ပေးမယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“မုဒိတာတိုင်းပြည်တည်ဆောက်ရအောင် Let’s Build a Mudita Nation (၃.၇.၂၀၁၉ - နည်းပညာတက္ကသိုလ် - မန္တလေး)” တရားတော်မှ ရေးသားပူဇော်ပါသည်။
Photo credit https://www.facebook.com/Oxfor....dSayardawDrDhammasam

