နုပျိုချင်ရင် ဒေါသသိပ်မဖြစ်နဲ့
▬▬▬▬▬▬▬▬▬▬▬▬
ဒေါသကြောင့် အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် - အပိုင်း(၅)
★ အဲတော့ ခဏနေတုန်းက Phil Boissiere ဆိုတဲ့ ပုဂ္ဂိုလ်ပြောသွားတယ် - လူအများကြီးကို ပြောသွားတယ် - တစ်မိနစ်တောင် မကြာဘူး မိနစ်ဝက်ပဲတဲ့။ အဲဒီ 30 seconds အတွင်းမှာ ကိုယ်ရဲ့ Emotion ကို ကိုယ် Control လုပ်နိုင်တယ်။
★ အဲ့ဒါတော့ ဘာတုန်းဆို ရုပ်ဝတ္ထု ပစ္စည်းတစ်ခုဆီကို အာရုံပြောင်းလိုက်ပါ။ ဒီဟာက a pen ဘောပင်တစ်ခု စိတ်ညစ်နေတဲ့အချိန်မှာ ဒီဘောပင်ကိုကြည့်ပြီးတော့ This is a pen.
🧘♂️ ဝင်လေထွက်လေ နက်နက်ရှိုင်းရှိုင်းရှူလိုက် ဒီကို စိတ်ပို့လိုက်။ ဒီ pen ကို ဒီအာရုံကို စိတ်ပို့်လိုက်တဲ့အခါမှာ ဒီအာရုံကိုလည်းပဲ #အကောင်းအဆိုးသွားပြီးမဝေဖန်နဲ့တဲ့။
🔺 This is my favourite pencil လို့ မပြောနဲ့ favourite တစ်ခု ဒါ ကျွန်တော့အကြိုက်ဆုံး ကျွန်မအကြိုက်ဆုံး ထိုင်ခုံပါ အကြိုက်ဆုံးဆိုတဲ့ အမြင် သွားမထည့်နဲ့တဲ့။ ဒါ ထိုင်ခုံပါလို့ အဲ့လောက်ပဲ။
🍃ဒီထိုင်ခုံကျတော့ မကြိုက်ဖူး အဲလို သွားမပြောနဲ့။ ဒီအရောင်ကြိုက်တယ် မကြိုက်ဖူး ဆိုတာမထည့်နဲ့။ ဒါ အရောင်တစ်ခု အဲလိုပဲသိလိုက်ပါ။
★ မဟာစည်နည်းနဲ့ တရားထိုင်ဖူးတဲ့သူဆို ဒါကတော့ ရင်းနှီးနေတာပေ့ါ။ မိုးကုတ်နည်းနဲ့ တရားထိုင်ဖူးတဲ့ ယောဂီတွေဆို ရင်းနှီးနေမှာပေါ့ အကောင်းအဆိုးမဝေဖန်နဲ့။
🍃 ဖြစ်လာတဲ့ အာရုံကို ဖြစ်လာတဲ့အတိုင်းပဲ မှတ်လိုက်။ ဒေါသဖြစ်တယ်ဆိုလည်း အဲ့ဒေါသကို မကောင်းဖူးမပြောနဲ့။
🍃 စိတ်ထဲမှာ စိတ်က တည်ငြိမ်နေတယ်ဆိုရင် အဲ့ဒီတည်ငြိမ်နေတဲ စိတ်ကိုလည်းပဲ ကောင်းတယ်ဆိုပြီးတော့ value-added judgement မလုပ်နဲ့။
🍃သူ့အရှိကို အရှိအတိုင်းပဲ ကြည့်လိုက် အဲ့ဒါမှ သူ့သဘာဝကို သူ့အရှိအတိုင်းသိမှာတဲ့ “ယထာဘူတ” ဖြစ်တဲ့အတိုင်းသိမှာ။
🌳 စိတ်ညစ်နေတဲ့အချိန်မှာ အဲ့ဒါလေးကို စက္ကန့်-၃၀ ရပ်နားပြီးတော့ အပြင်ကိုကြည့်လိုက် သစ်ပင်စိမ်းစိမ်း စိမ်းစိုနေတ့ သစ်ပင်တစ်ပင် မော်တော်ဆိုင်ကယ်တစ်စီး လူတစ်ယောက် ဖြတ်သွားနေတာ။ အဲ့လိုကြည့်လုပ်လိုက်ရင် heart rate တွေဘာတွေ သူက control ရသွားတယ်။
★ ဘာဖြစ်လို့တုန်းဆိုရင် ဒေါသဖြစ်တဲ့အချိန်မှာ သူဖြစ်တတ်တဲ့… ဒါ Practicing Happiness ဆိုတဲ့ စာအုပ်လေး၊ ဒီစာအုပ်လေးကို Dr.Ruth Baer ဆိုတဲ့ Psychologist ပါမောက္ခကြီးတစ်ယောက် University of Kentucky က ရးထားတာ တရားထိုင်ပြီးတော့ Psychology နဲ့ သူရေးထားတာ။
📖 စာမျက်နှာ-၃၈ မှာ -
Anger rumination increases heart rate, blood pressure and muscle tension. It keeps the body from returning to a resting state.
🍃 Rumination ဆိုတာ တွေးတာပါပဲ။ ဒါပေမဲ့ ဒီတွေးတာက Thinking နဲ့ မတူဘူး။ အလိုအလျောက်တွေးနေတာ အထူးသဖြင့် မကျေနပ်တဲ့ဟာတွေ အလိုအလျောက်တွေးနေတာ။
★ အဲ့ဒါကြောင့် သူ့ကို ပြန်ပြီးတော့ Psychology နဲ့ အဓိပ္ပါယ်ဖွင့်ရရင် သူက Negative Reinforcement မကောင်းတဲ့ဟာကို ပိုပြီးတော့ အားကောင်းသွားအောင် ဒီ Negative Attitude နက်ကတစ်အမြင် တစ်ခု Negative Quality နက်ကတစ် အရည်အသွေး တစ်ခုကို ပိုပြီးတော့အားကောင်းသွားအောင် ခဏခဏတွေပေးတာ။
★ ပါဠိလိုကျတော့ “အနုသယ” လို့ခေါ်တယ်။ Subconscious impregnation, Subconscious habit မသိစိတ်နဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး အားဖြည့်ပေးတာ ဖြစ်သွားတယ်။
★ သူပြောတာက ဒီလိုဒေါသ ဖြစ်စေတဲ့အကြောင်းကို ခဏခဏတွေးတယ်ဆိုရင်တဲ့ increases heart rate တဲ့ နှလုံးခုန်နှုန်းပိုမြန်တယ်။ ရှိတဲ့သွေးလည်ပတ်မှုကို သူက နဂိုထက်ပိုပြီး အသုံးပြုနေတာပေါ့။
★ နှလုံးက နဂိုထက်ပိုပြီး အလုပ်လုပ်နေတာ။ ပြေးနေရသလိုပဲ။ ဘယ်လောက်ပြေးနိုင်တုန်း။ အများကြီး မပြေးနိုင်ဘူး။ Blood pressure သွေးပေါင်ချိန်ကလည်း တက်တယ်တဲ့၊ Muscle tension - ဘုန်းဘုန်းတို့ နှလုံးက သွေးကို ပိုပြီးတော့ pump လုပ်တဲ့အတွက်ကြောင့်မို့လို့ တစ်ကိုယ်လုံးမှာ သွေးတွေပိုများတယ် အောက်စီဂျင်တွေ ပိုများတယ်။
★ အဲဒါကြောင့် muscles တွေ ကြွက်သားတွေအကုန်လုံးက တင်းကုန်တယ်။ အဲ့ဒါ ဘာလို့တင်းတာတုန်းဆို အန္တရာယ်ကို ခုခံကာကွယ်ဖို့အတွက်တဲ့။ ဒါပေမယ့် တကယ်တမ်းတေါ့ တခါတခါ စာရေးနေရင်းနဲ့ ဘောပင်မင်ကုန်သွားလို့ ကိုယ့်ဟာကိုယ်ဒေါသဖြစ်ရင် ဒါက ဘာမှ ခုခံစရာမရှိဘူး။
★ အကျင့်ဖြစ်နေလို့ ဒေါသဖြစ်သွားတာ။ အဲ့ဒီအကျင့်ကို Repetition - ဓမ္မစကြာသုတ်ထဲမှာ “ပေါနောဗ္ဘဝိကာ” ဆိုပြီး ပြောပြီးပြီ။
★ နောက်တစ်ခုက Rumination harms relationship. အဲ့လို ဒေါသအကြောင်း ခဏခဏ စဉ်းစားရင် ဆက်ဆံရေးကို ထိခိုက်တယ်တဲ့။ ဘုန်းဘုန်း တစ်ခုကျော်သွားတယ်။
★ Anger rumination ဒေါသအကြောင်း ခဏခဏတွေးတာ အဲ့ဒီနှလုံးကိုပိုပြီး ခုန်စေတဲ့ သွေးပေါင်ချိန်ကို တက်စေတဲ့ အတွက်ကြောင့် ကိုယ်ရဲ့ခန္ဓာကိုယ်က အနားယူရတဲ့ အနေအထားကို ပြန်မရောက်နိုင်ဘူး။ သူ့ကိုယ်သူ ပြန်ပြီးတော့ recharge အားပြန်ဖြည့်မှု မလုပ်နိုင်ဘူး။
★ ဘာဖြစ်လို့တုန်းဆိုတော့ အန္တရာယ်နဲ့တွေ့လို့ Emergency ဖြစ်နေလို့ အရေးပေါ်စိတ်ဖြစ်နေလို့၊ အဲ့ဒီ အရေးပေါ်အနေအထားမှာ သူ့ကိုယ်သူ ရန်သူနဲ့ တွေ့ဆုံရင်ဆိုင်ဖို့အတွက် အသင့် ready လုပ်ထားရတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲ့ဒါကြောင့် အဲ့လိုနေ့မျိုးဆို အရမ်းပင်ပန်းပါတယ်။
★ အဲ့လိုနေ့တွေများရင် ခန္ဓာကိုယ် ပြောရအုန်းမယ် ဒီမှာ ဆရာမကြီးတွေလည်း များတယ်၊ ကျောင်းသူတွေလည်း များတယ်။ မှတ်ထားကါ၊ ရုပ်ပိုကျတယ်တဲ့။ အဲ့ဒါကြောင့် နုနုလေး နှစ်တွေ ၇၀ ၈၀ နေချင်တယ်ဆိုရင် ဒေါသ သိပ်မဖြစ်နဲ့။
★ ဘုန်းဘုန်းကိုးကားနေကျ စာအုပ်တစ်ခု Telomere Effect တဲ့၊ ဒီနေ့တော့ ပါမလာဘူး။ အဲဒီစာအုပ်ဆိုထားတာဆဲလ်ရဲ့အဆုံးမှာရှိတဲ့ telomere. Biology သမားတွေကတော့ ဒီစကားလုံးကို သိပါတယ်။
🔺အဲ့ telomere က ဒီဒေါသ ခဏခဏဖြစ်တဲ့သူအတွက် အသက်တိုတယ်။
🍃စိတ်ရှည်တဲ့သူအတွက် Stress Management ကောင်းတဲ့လူအတွက် အဲ့ telomere က အသက်ရှည်တယ်။
★ အပြင်ကနေကြည့်ရင် ဘာကွာတုန်း telomere အသက်ရှည်တဲ့သူက နုတယ်တဲ့။ ဒါကြောင့် နိဗ္ဗာန်မရောက်သေးခင် မရောက်ချင်သေးလဲပဲ အခု နိဗ္ဗာန်ရောက်ချင်တဲ့စိတ် မရှိလည်းဘဲ ကိစ္စမရှိသေးဘူး။
🧘♀️မအိုချင်ဘူးဆိုရင် တရားတော့ထိုင်ရမယ်တဲ့။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏
(ဒေါသကြောင့်အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် Anger makes A Mountain out of a Molehill (၅.၇.၂၀၁၉ ရတနာပုံတက္ကသိုလ်) တရားတော်မှ ရေးသားပူဇော်ပါသည်။)

