🤔 ပညာပြည့်ဝ နှလုံးလှ
================== (ပုံပြင်)

● ဟိုး…… တစ်ချိန်တုန်းက
ဒိသာပါမောက္ခ ဆရာကြီးအထံမှာ
မင်းသား သုံးယောက်ဟာ
ပညာဆည်းပူးကြသတဲ့

အဲဒီမင်းသား သုံးယောက်ရဲ့
ဖခမည်းတော်ဖြစ်တဲ့ ဘုရင်ကြီးကလည်း
သူတို့ပညာသင် မသွားခင်အမှာ
စကားပြော ထားတာက
ပညာတတ်သူကသာ
ကြီးသူပဲဖြစ်ဖြစ် ငယ်သူပဲဖြစ်ဖြစ်
တိုင်းပြည်မှာ ရှင်ဘုရားလုပ်ခွင့်
ရှိရမယ် ဆိုသတဲ့

အမှာ စကားပါပဲ __

ပါမောက္ခ ဆရာကြီးဖြစ်သူ အထံမှာ
ထိုမင်းသားသုံးယောက်ဟာ [ ၁၂ ] နှစ်တိတိ
ပြိုင်တူပညာသင့်ခွင့် ဆည်းပူးကြတော့
သူ့က သာပညာသာတယ်
သုကသာ ပိုပညာသာတယ်
ငါကသာ ရှင်ဘုရင် ဖြစ်သင့်တယ်ဆိုတဲ့
တစ်ယောက်နဲ့တစ်ယောက်ငြင်ခုံ
လာကြတယ်

အဲဒီလိုတစ်ယောက်နဲ့ တစ်ယောက်
ငြင်းခုံနေကြဆဲ အချိန်မှာပါ
သူတို့ကိုပညာသင်ပေးတဲ့ ပါမောက္ခ
ဆရာကြီး ရောက်လာတဲ့အခါ
ဘာအတွက်ကြောင့် ငြင်းခုံနေကြသလဲပေါ့
မေးလိုက်တဲ့ အချိန်မှာ __

ဆရာကြီးတဲ့ ကျွန်တော်မျိုးတို့ဟာ
ဘယ်သူက ပညာကြီးတယ်
ဘယ်သူက ရှင်ဘုရင် ဖြစ်ထိုက်တယ်
ဆိုတဲ့အကြောင်းကို ငြင်းခုံနေကြတာပါ တဲ့

အဲဒီတော့ ပါမောက္ခဆရာကြီးက
သင် မင်းသားတို့ကို ဘယ်သူမှ
ဘက်မလိုက်ခဲ့ပါ ငါတတ်ကျွမ်းတဲ့
ပညာတွေကိုလည်း အကုန်သင်ပေးပြီး
သားတွေ ဖြစ်တယ်

ဒီနေ့တော့ ငါ့ဆီကနေ ပညာသင်ရတဲ့
နောက်ဆုံးနေ့လည်း ဖြစ်သွားသလို
တိုင်းပြည် ပြန်ပြီးတော့လည်း ရှင်ဘုရင်
ပြန်လုပ်ရမယ့်နေ့လည်း ဖြစ်နိုင်တယ်
အဲဒီတော့ [ ၁၂ ] နှစ်လုံးလုံး ငါ့ဆီက
သင်ယူထားတဲ့ ပညာတွေ ပြသရမယ့်နေပဲ
မေးခွန်း [ ၃ ] ခုမေးမယ် အဲဒီမေးခွန်းကို
ဖြေဆိုနိုင်တဲ့ သူကသာ ပညာတတ်သူ
ဖြစ်သလို ရှင်ဘုရင်လည်း ဖြစ်ထိုက်သူသာ
ဖြစ်တယ်ဆိုပြီးတော့ ဒိသာပါမောက္ခ
ဆရာကြီးဟာ ရှင်ဘုရင်လုပ်ဖို့အတွက်
မင်းသားသုံးယောက်ကို မေးခွန်း [ ၃ ] ခု
စတင် မေးမြန်းလိုက်သတဲ့။

၁။ ရှင်ဘုရင်သည် ဘယ်သူဖြစ်သနည်း။

၂။ ရှင်ဘုရင်ရဲ့ ရတနာသည် ဘယ်အရာ
ဖြစ်သလဲ။

၃။ ရှင်ဘုရင်ရဲ့ နှလုံးသားက ဘယ်အရာနည်း။

ဆိုတဲ့ မေးခွန်း [ ၃ ]ခုကို မေးလိုက်သတဲ့ __

ပထမ မင်းသားနဲ့ဒုတိယမင်းသားတို့
ဖြေဆိုလိုက်တဲ့ အဖြေက ………

ဆရာကြီးတဲ့
၁။ တိုင်းပြည်ရဲ့ ရှင်ဘုရင်ဆိုတာ_
ကျွန်တော်မျိုးတို့ရဲ့ [ ……… ] အမည်ရှိ ဖခမည်းတော်သာ ဖြစ်ပါတယ်။

၂။ ရှင်ဘုရင်ရဲ့ ရတနာ ဆိုတာကလည်း
တိုင်းပြည်နှင့် နန်းတော်သာ ဖြစ်ပါတယ်။

၃။ ရှင်ဘုရင်ရဲ့ နှလုံးသားကတော့
ကျွန်တော်မျိုးတို့မင်းသားသုံးယောက် ဖြစ်ပါတယ်။

ပထမ မင်းသားနဲ့ဒုတိယမင်းသားက
အဲဒီလို အသီးသီး ဖြေဆိုပြီးတဲ့ အခါမှာ
ပါမောက္ခ ဆရာကြီးက မေးလိုက်တယ်
အသင်မင်းသားတို့ဖြေဆိုလိုက်တဲ့
အဖြေက သေချာပြီလား ပြင်ဦးမလား
မေးတော့ မင်းသားနှစ်ပါးကလည်း
မပြင်တော့ပါ သေချာပါပြီလို့ပြန်ဖြေတော့

ပါမောက္ခ ဆရာကြီးက နောက်ဆုံး ကျန်နေသေးတဲ့ မင်းသားငယ်ဆီကို မျက်နာမူပြီး

ကဲ ……မင်းသား
သင့်ရဲ့ အကိုတွေကတော့ အသီးသီးဖြေပြီးပြီ သင်ကရော ဘယ်လိုဖြေမလည်း ဖြေကြည့်ပါဦးဆိုတော့ မင်းသားငယ်ကတော့
သူရဲ့အကိုတွေလို မဖြေပဲ တစ်သီးတစ်ခြားနဲ့ပါမောက္ခ ဆရာကြီးကို အောက်ပါတိုင်းပဲ
ဖြေဆိုပေးလိုက် ပါသတဲ့ ………

ဆရာကြီး ………

၁။ ရှင်ဘုရင်ဆိုတာ ဘယ်သူလည်းဆိုတာက ဒါကတော့ ငါ့သားပဲဆိုပြီးတော့ ဒါကတော့ ပြည်သူတွေပဲဆိုပြီးတော့ ကျောသားရင်သား မခွဲခြားနားပဲ အခွင့်ရေး ပေးစရာရှိရင်တန်းတူအခွင့်ရေး ပေးတတ်သောသူနှင့်အပြစ်ပေးစရာရှိလည်း တန်းတူအပြစ်ပေးကာ တိုင်းပြည်ကို သာယာအေးချမ်းစေဖို့အတွက် မေတ္တာတရားနဲ့အုပ်ချုပ်သူဟာ
စစ်မှန်သော ရှင်ဘုရင်ဖြစ်သလို တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဘုရင် ဆိုတာကလဲ
မေတ္တ္တ္ဘာတရားသည်သာ ဖြစ်ပါတယ် ဆရာကြီး။

ဆရာကြီး …………

၂။ ရှင်ဘုရင်ရဲ့ ရတနာ ဆိုတာက
သစ္စာတရားသည်သာ ဖြစ်ပါတယ်
လူမှာကတိ မင်းမှာသစ္စာဆိုတဲ့ __
ဆိုရိုးစကားအတိုင်း လူတွေမှာ တစ်ယောက်နှင့်တစ်ယောက် ကတိ မတည်ကြခြင်းထက် တိုင်းပြည်ရဲ့ ရှင်ဘုရင်လုပ်သူ သစ္စာမတည် သစ္စာဖောက်ပျက်ရင် ထိုတိုင်းပြည်ဟာလည်း မိုးလေးဝသ မှန်ကန်မှု ကင်းမဲ့လာစေပြီး ပြည်သူတွေ ဒုက္ခတွေရောက်လို့တိုင်းပြည်ဟာ တစ်ခြားသော တိုင်းပြည်ထက် ပျက်စီးလာပါလိမ့်မယ် တိုင်းပြည်တစ်ခု သာယာလာစေဖို့အတွက် သစ္စာတရားသည်သာ အဓိက ပါဝင်နေခြင်းကြောင့် ရှင်ဘုရင်ရဲ့ ရတနာဟာ သစ္စာတရားသာဖြစ်ပါတယ် ဆရာကြီး။
စကားချပ်// ဤနေရာ၌ သစ္စာ ဆိုသည်မှာ
မှန်ကန်ဖြောင့်မတ်သော မင်းကျင့်တရား
[ ၁၀ ] ပါးသာ ဖြစ်ပေ၏။

ဆရာကြီး ………

၃။ ရှင်ဘုရင်ရဲ့ နှလုံးသားက
ကရုဏာ တရားသာ ဖြစ်ပါတယ်
ထိုကရုဏာ တရားကို မနောကံနှင့်
သနားနေရုံ အဆုံးမသတ်ပဲနဲ့
သနားပါတယ်ဆိုပြီး ဝစီကံနဲ့လည်း
အဆုံးသတ် မနေသင့်ပါ
ကာယကံဖြင့် ကိုယ်ထိလက်ရောက်
တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့
ပြည်သူလူထုကို ရင်ခွင်မှာ ပိုက်ထားတဲ့
ကိုယ့်ရင်သွေးငယ်ပမာ ပြုစုရပါမယ်
စောင့်ရှောက်ရပါမယ် သနားတက်ရပါမယ်
ဒါ့ကြောင့် ……ရှင်ဘုရင်ရဲ့ နှလုံးသားဟာ
ကရုဏာတရားသာ ဖြစ်ပါတယ် ဆရာကြီး ……တဲ့။

မင်းသားငယ်ရဲ့ အဖြေကို ကြားရတော့
ပါမောက္ခဆရာကြီးဟာ ဒီမင်းသားငယ်သာ
တိုင်းပြည်ရဲ့ ရှင်ဘုရင် ဖြစ်ထိုက်တယ်လို့
ကျန်တဲ့ မင်းသားနှစ်ယောက်ကို
ပြောလိုက်သလို ဆက်ပြီးတော့လည်း
ပြောလိုက်သ ……… တဲ့
တကယ်ပညာ ပြည့်ဝသူတိုင်းရဲ့
နှလုံးသားက ဘယ်အချိန်ပဲ ကြည့်ကြည့်
အမြဲတမ်းပဲ ကြည်ညိုစရာ
ကောင်းလွန်းပြီးတော့ ခန့်ညားလှပ
နေတတ်ကြတယ် ……… တဲ့လေ

ပညာ ပြည့်ဝသူတိုင်း နှလုံးလှကြပါစေ...
.

Credit >> original

image