ဒေါသကို ကရုဏာနဲ့ အစားထိုးပါ
▬▬▬▬▬▬▬▬▬▬▬▬▬
ဒေါသကြောင့် အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် - အပိုင်း(၈)
🧘‍♂️ အခု ဒေါသကို အာရုံလုပ်ပြီးတော့ တရားထိုင်တဲ့ဟာလေး လုပ်မယ်။
🧘‍♀️ကိုယ်စိတ်ဆိုးခဲ့တဲ့ဟာတွေ စိတ်ညစ်ခဲ့တဲ့ဟာတွေ ဝမ်းနည်းခဲ့တဲ့ဟာတွေ စိတ်ဆိုးတာ စိတ်ညစ်တာ ဝမ်းနည်းတာ အဲ့ဒါတွေကို ပြန်တွေးတာ။

★ စိတ်ဆိုးတဲ့ အနေအထား ဘယ်လိုအနေအထားမျိုးမှာ စာသင်ခန်းထဲမှာလား? အိမ်ထဲမှာလား? လမ်းပေါ်မှာလား? Facebook ကြည့်နေရင်းနဲ့လား?

★ အဲ့ဒီလို ကိုယ်ဒေါသဖြစ်တဲ့ အချိန်တွေကိုပြန်ကြည့်။ ဘယ်သူရဲ့ comment ကို ကြည့်ပြီးတော့ တခါတည်း စိတ်ထဲမှာ ထောင်းကနဲဖြစ်လဲ? ထောင်းကနဲဖြစ်ပြီး ဘာလုပ်တုန်း?

★ ခုနတုန်းက heart rate တွေ ပိုများလာတယ် သွေးတွေ နှလုံးတွေ ပိုပြီးတော့ အလုပ်လုပ်လာတယ်။ ဘယ်လုပ်တုန်း ဘာ reaction လုပ်တုန်း?

★ Comment တွေ အရှည်ကြီး ပြန်ရေးထည့်လိုက်တယ်။ တချို့ဆို တစ်မျက်နှာ နှစ်မျက်နှာလောက်ရှိတယ်။ အကြိမ်ကြိမ် ပြန်ရေးတယ်။

★ လူတစ်ယောက် စာမေးပွဲအောင်တယ်၊လူတစ်ယောက်က ကြိုးစားတယ်၊ လူတစ်ယောက်က ဘယ်သူ့ကို သွားပြီးတော့ ကူညီလိုက်တယ်။ ဘယ်သူကတော့ဖြင့် ကျူရှင်တောင် မတက်ဘဲနဲ့ ဆယ်တန်းဂုဏ်ထူးတွေ အများကြီးနဲ့ အောင်သွားတယ်။

★ အဲ့ဒါမျိုးဆို ဘုန်းဘုန်းတို့က ခေါင်းထဲမှာ အကြာကြီး register မလုပ်ဘူး။ နာမည်တောင် မမှတ်မိဘူး။ ဆိုးတဲ့လူကြမှ ခေါင်းထဲက မှတ်မိတာ။

🔺Negativity Bias - Negative ဖြစ်တဲ့ အရာကိုမှ ကိုယ်က ပိုပြီးတော့ကြိုက်တာ ပိုမှတ်မိတာ။

★ ဒါကြောင့် အဲ့ဒီ အနေအထားတွေ ပြန်စဉ်းစားကြည့် ပြန်စဉ်းစားပြီးရင် ဘာလုပ်ရမှာတုန်း? ကိုယ့်ကိုယ်ကို သနားလိုက်ပါ။

🧘‍♀️ကရုဏာပွားလိုက်ပါ။ ဒေါသကို ဘာနဲ့အစားထိုးမလဲ ? ကရုဏာနဲ့အစားထိုးမယ်။

★ ဒေါသက ကြမ်းတမ်းတယ်တဲ့။ ဒါ အဋ္ဌသာလိနီဆိုတာ အဘိဓမ္မာအဋ္ဌကထာထဲမှာ ဓမ္မာစရိယတန်းဖြေရင် ဒီစာဖတ်ရတယ်။

🍂 ဒေါသရဲ့ လက္ခဏာက ဘယ်လိုရှိတုန်း?

🔺“ဒုဿတိ” ဖျက်ဆီးတတ်တယ် စောစောပိုင်းက ပြောခဲ့ပြီးပြီ destructive ဖြစ်တယ်။

🔺“စဏ္ဍိက္ကလက္ခဏော” ကြမ်းတမ်းတယ်၊ ဒေါသဖြစ်ပြီဆိုရင် ကြမ်းတယ်။

🔺“ဝိသပ္ပနရသော” အဆိပ်လိုပဲ သူက ပျံ့သွားတယ်။

★ ခန္ဓာကိုယ်ထဲမှာ တခါတည်း ပထမဆုံးတာ့ အတွေးထဲမှာ Emotion ထဲမှာ အဲ့ဒီကနေပြီးတော့ ဦးနှောက်၊ ဦးနှောက်ကနေပြီးတော့ တကိုယ်လုံးမှာရှိတဲ့ Nervous System တွေ ပျံ့သွားတာ သူက ဒီဒေါသရဲ့ အရှိန်နဲ့။

★ ပျံ့သွားပြီဆိုရင် ဒေါသဖြစ်တဲ့လူနားမှာ ထိုင်တဲ့လူကလည်းပဲ ကြောက်စိတ်တွေဝင်တယ်။ မဟုတ်ရင်လည်း မခံချင်တဲ့စိတ်တွေဝင်တယ် Negative အတွေးတွေ အဲ့လို ဖြစ်သွားတယ်။

🔺“နိဿယဒဟနရသော” ကိုယ့်ခန္ဓာကိုယ် ကိုယ့်စိတ်ရဲ့မှီခိုရာဖြစ်တဲ့ အရာတွေကို သူက လောင်ကျွမ်းစေတယ်။

★ Reasoning ability တွေးတောဆင်ခြင်ဉာဏ်ဆိုတဲ့ ရှေ့ဘက်ဘက်ပိုင်းက ဦးနှောက်ကို သူက အလုပ်မလုပ်အောင် ဖျက်ဆီးလိုက်တယ်။ အဲ့ဒီမှာ အလုပ်မလုပ်တော့ဘူး။ ကိုယ့်ရဲ့နှလုံးတွေ ကိုယ့်ရဲ့ Heart rate တွေ အဲ့ဒါတွေ အကုန်လုံးဖျက်ဆီးလိုက်တယ်။

🔺“အာဃာတဝတ္ထု ပဒဋ္ဌာနာ” အဲ့ဒီအကြောင်း ခဏခဏတွေးပြီးတော့ စိတ်ညစ်တာ တေးထားတယ်။

★ ဘယ်သူကတော့ဖြင့် ငါ့ကို အဲ့ဒီလို ဝေဖန်ဘူးတယ်။ မတရားပြောဖူးတယ်။ အဲ့လိုဆိုရင် အဲ့ဒီ ပုဂ္ဂိုလ်တွေကျတာ့ ကိုယ်က အရမ်းမှတ်မိတယ်။ ကိုယ့်ကိုချီးမွမ်းဖူးတဲ့သူကျတော့ နာမည် မမှတ်မိတော့ဘူ အဲ့ဒါမျိုးတွေ ဖြစ်တတ်တယ်။ စိတ်ထဲ တေးထားတာပေါ့။

‼️ ဒါကြောင့် ဒေါသကို ကရုဏာနဲ့အစားထိုးတဲ့ အကျင့်လေးလုပ်ထားပါ။ သနားတဲ့စိတ် ကြင်နာတဲ့စိတ် ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ သနားတယ်။ ဒေါသဖြစ်တယ်ဆို ကိုယ့်ကိုယ်ကိုပြန်ပြီး သနားတယ်။

★ သနားတာကို တချို့လူတွေက အားနည်းချက်တစ်ခုအနေနဲ့ မြင်တယ်။ အကြောက်တရားတွေနဲ့ ပြည့်နေတဲ့ လောကကြီးထဲမှာ ဒေါသနဲ့ တုန့်ပြန်လိုက်တဲ့ ပုဂ္ဂိုလ်တွေကမှ အားကောင်းတဲ့ပုဂ္ဂိုလ်လို့ အဲ့လို အမြင်မှားကြတယ်။

★ ဒေါသဖြစ်ရင် ကျန်းမာရေးဘယ်လို ထိခိုက်တယ်ဆိုတာ ဘုန်းဘုန်း အများကြီးပြောဖို့ မလိုဘူး။ ပြောလည်း သိပ် မပြောတတ်ဘူး အင်တာနက်ထဲမှာ ရှာကြည့်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏

(ဒေါသကြောင့်အပ်နဲ့ထွှင်းရမှာ ပုဆိန်နဲ့ပေါက် Anger makes A Mountain out of a Molehill (၅.၇.၂၀၁၉ ရတနာပုံတက္ကသိုလ်) တရားတော်မှ ရေးသားပူဇော်ပါသည်။)
Credit: OxfordSayardawDrDhammasami

image