ဘုရားအလောင်းတို့ မဖြစ်နိုင်သော ဘဝဌာန (၁၈)မျိုး
═══════════════════════
၁။န ဇစ္စန္ဓော ဟောတိ န ဇစ္စဗဓိရော - ပဋိသန္ဓေအားဖြင့် ကန်းသူ နားပင်းသူ မဖြစ်ခြင်း
၂။န ဥမ္မတ္တကော - အရူးမဖြစ်ခြင်း
၃။န ဧဠမုခေါ န ပီဌသပ္ပီ - ခံတွင်းမှ သွားရည်ယိုသူ ၊ ဆွံ့အသူမဖြစ်ခြင်း
၄။န မိလက္ခေသု ဥပ္ပဇ္ဇတိ - လူရိုင်းတို့၌ မဖြစ်ခြင်း
၅။န ဒါသိယာ ကုစ္ဆိမှိ နိဗ္ဗတ္တိ - ကျွန်မဝမ်း၌ ပဋိသန္ဓေ မနေခြင်း
၆။န နိယတမိစ္ဆာဒိဋ္ဌိကော ဟောတိ - နိယတမိစ္ဆာအယူရှိသူ မဖြစ်ခြင်း
၇။နာဿ လိင်္ဂံ ပရိဝတ္တတိ - လိင်ပြောင်းလဲမှု မဖြစ်ခြင်း
၈။န ပဉ္စာနန္တိယကမ္မာနိ ကရောတိ - ပဉ္စာနန္တရိယကံကို မလွန်ကျူးခြင်း
၉။န ကုဋ္ဌီ ဟောတိ - နူနာစွဲကပ်သူ မဖြစ်ခြင်း
၁၀။န တိရစ္ဆာနယောနိယံ ဝဋ္ဋတော ပစ္ဆိမတ္တဘာဝေါ ဟတ္တိတော အဓိကတ္တဘာဝေါ ဟောတိ - ငုံးအောက်ငယ်သော သတ္တဝါ , ဆင်ထက်ကြီးသော သတ္တဝါမဖြစ်ခြင်း
၁၁။န ခုပ္ပိိပါသိကနိဇ္ဈာတဏှိကပေတေသု ဥပ္ပဇ္ဇတိ - ခုပ္ပိိပါသိကနိဇ္ဈာတဏှိက ပြိတ္တာဘုံဘဝတို့၌ မဖြစ်ခြင်း
၁၂။န ကာလကဉ္စိကာသုရေသု - ကာလကဉ္စိကအသုရာတို့၌ မဖြစ်ခြင်း
၁၃။န အဝီစိနိရယေ - အဝီစိငရဲ၌ မဖြစ်ခြင်း
၁၄။န လောကန္တရိကေသု - လောကန္တရိက် ငရဲတို့၌ မဖြစ်ခြင်း
၁၅။ကာမာဝစရေသု ပန န မာရော ဟောတိ -ကာမာဝစရနတ်ပြည်တို့၌ မာရ်နတ်မဖြစ်ခြင်း
၁၆။ရူပါဝစရေသု န အသညီဘဝေ,န သုဒ္ဓဝါသေသု ဥပ္ပဇ္ဇတိ - ရူပဗြဟ္မာပြည်တို့တွင် အသညသတ်ဘုံ,သုဒ္ဓါဝါသဘုံတို့၌ မဖြစ်ခြင်း
၁၇။န အရူပဘဝေသု - အရူပဘုံတို့၌ မဖြစ်ခြင်း
၁၈။န အညံ စက္ကဝါဠံ သင်္ကမတိ - အခြားသောစကြာဝဠာ၌ ပြောင်း၍ မဖြစ်ခြင်း
(အပ၊ဋ္ဌ၊၁။၁၅၇။) (သုတ္တနိ၊ဋ္ဌ၊၁။၄၅။)
ပိဋကသုံးပုံ သရုပ်စုံ အဘိဓာန် - ၄၁၆
#crd
═══════════════════════

