🔹🔹🔹 သင်ခန်းစာ 🔹🔹🔹
အမတ်ကြီးနဲ့ဘုရင့်သားဟာ
တစ်နေ့တော့ တိုင်းခန်းလှည့်
လည်လာရင်းနဲ့ချောင်းတစ်ခုနားကို
ရောက်တော့ ....
အဝတ်ပုံတစ်ခုကိုတွေ့သတဲ့....
အဲဒီအဝတ်ပုံမှာ အပေါ်ဝတ်အက်ျီ
တစ်ထည်နဲ့ ပုဆိုးအစုတ် နှစ်ထည်ကို
တွေ့ပါတယ်။
ဘုရင့်သားက စုတ်ပြတ်နေတဲ့
အဝတ်ပုံကိုကြည့်ပြီးတော့
"အမတ်ကြီးကြည့်ပါ"...,
ဒီအဝတ်ပုံဟာ
ဆင်းရဲသားတစ်ယောက်ရဲ့
အဝတ်ပုံ ဖြစ်ရမယ်...
အဝတ်တွေဒီနားမှာ
ထားသွားတာကိုကြည့်ရတာ
သူရေချိုးနေပုံရတယ်"...
အမတ်ကြီးက ပြုံးနေတယ်...
ဘုရင့်သားကပဲ " အမတ်ကြီး
ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့
အဝတ်တွေကို ဖွက်ထားပြီး
ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်
နေရရင် မကောင်းဘူးလား...
သူတက်လာလို့
အဝတ်တွေပျောက်သွားတာကို
မြင်ရင်တော်တော် ရယ်စရာကောင်းတဲ့
ပြရုပ်ဖြစ်နေမှာ ".....
အမတ်ကြီးက မင်းသားအား...
"အရှင့်သား "
လူတစ်ဦးတစ်ယောက်ရဲ့
ဝမ်းနည်းပူဆွေးနေမှုကို ကြည့်၍ ...
ပျော်နေတယ်ဆိုတာ သူတော်ကောင်း
တွေမဟုတ် တကယ်လို့ အရှင့်သား
အနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်".....
အမတ်ကြီးက ရွှေပြား ၂ ပြားအား
မင်းသားကို ထုတ်ပေးလေသည်...
မင်းသားက အမတ်ကြီးအား
နားမလည်သလိုကြည့်၏...
အမတ်ကြီးက " အရှင့်သား "...
ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့
အဝတ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ
တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"....
မင်းသားလဲ သွားထည့်လိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသစ်ပင်
အကွယ်တွင်စောင့်ကြည့်နေကြသည်..
မကြာမီဆင်းရဲသားရေထဲမှ
ပြန်တက်လာသည်။
အရင်ဆုံး ပုဆိုးကို ရေလဲပြီး
ဝတ်လိုက်သည်။ထို့နောက်
အင်္ကျီကို ကောက်ဝတ်လိုက်သည်...
ပြီးနောက် အကျီ်အိတ်ထဲ
တစ်ခုခု ရှိနေသလို ခံစားမိသဖြင့်
လက်နှိုက် လိုက်လေသည်။
ထိုအချိန်မှာ အိတ်ကပ်ထဲက
ရွှေပြားကို တွေ့သည်။
သူအရမ်းပျော်မြူးသွားသည်။
မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏
ကိုက်ကြည့်၏။
ဆင်းရဲသားကား ပျော်ရွှင်မြူးတူးနေ၏...
ထို့နောက်ပြန်လှည့်အထွက်မှာ
နောက်အိတ်ကပ် တစ်ခုလေးနေ
သညကြို သတိထားမိ၏။
လက်နှိုက် ကြည့်ပြန်၏။
ရွှေပြားတစ်ပြားထွက် လာပြန်၏။
ထိုအချိန်တွင် ဆင်းရဲသားက
မြေကြီးပေါ် ဒူးထောက် ထိုင်ချပြီး
လက်အုပ်ချီကာ ကောင်းကင် မော့၍ "..
အို အကျွန်ုပ်အား ဖေးမကူညီကြသော
နတ်ဒေဝါ အပေါင်းတို့ ...
အကျွန်ုပ်အိမ်တွင် နေမကောင်း
ဖြစ်နေသော ကျွန်ုပ်အမေအား
အသင်တို့ စောင့်ရှောက်ပေး၏...
စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်
နေ သော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊...
သင်တို့အား အထူးကျေးဇူးတင်ပါ၏"...
ဟုဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာ
ပြန်သွားလေသည်....
ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သား
မျက်ရည်ကျ၏။ အမတ်ကြီးကား
ပြုံးနေ၏။မင်းသားက " အမတ်ကြီး
ယနေ့ ကျွန်တော့်အား မမေ့နိုင်တဲ့
သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ
ဟုပြော၏...
အမတ်ကြီးက "အရှင့်သား လူတွေကို
ဒုက္ခပေးပြီးမှ ပျော်ရတာထက် ...
"သုခ" ပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် ...
အရှင့်သားအဖို့မှတ်သားထားပါလေ...
Credit: Original author

