လောက်ကိုင် ဒစက
MNDAA က လက်နက်ချတာလက်ခံလိုက်တာဟာ
၂ဖက် အသေအပျောက် မရှိတော့မို့
၂ဖက်လုံးက မြေပြင်ကရဲဘော်တွေအတွက်
ကောင်းတာတော့ သိသာတယ်။
ဒီမှာ….
လူတွေကို မထိန်းသိမ်း ထားပဲ
ထွက်ခွါခွင့်ပြုတာ (ပြန်လွှတ်တာ)
စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့
အချက်ပဲ
သူတို့အတွက် advantage တွေ အများကြီးရလို့ ဆိုတာသေချာတယ်
1️⃣ ၁၀၀% သေချာတာက လူရာပေါင်းများစွာကို ကျွေးထားရတဲ့ စားရိတ် မကုန်တော့ဘူး။
2️⃣ “စိတ်ဓာတ် စစ်ဆင်ရေး”
ဒီအချက်က ပိုအရေးကြီးတယ်။
ပြန်သွားတဲ့ စစ်သည်တွေဆီကနေ
တိုက်ပွဲပြင်းထန်ပုံတွေ၊ သူတို့ superior ဖြစ်ပုံတွေ စစ်သည်အချင်းချင်းကြားမှာ၊ တပ်မတော်မိသားစုတွေကြားမှာ ပြန့်တော့မယ်။ တပ်မတော်က အစစသာပါတယ်ဆိုတဲ့၊ invincible ပါဆိုတဲ့ လော်ဘီတွေကို အလကား လူလိမ်တွေဆိုတာ ဖော်ထုတ်တော့မယ့် အကွက်။ နစက ကိုယ့်တုတ်နဲ့ ကိုယ်အရိုက်ခံရတော့မယ်။
3️⃣ နစက ကို အကြီးအကျယ် “အကျပ်ရိုက်မှု”
ဖြစ်စေတာက ဒီလူတွေကို “ဘယ်လိုပုံစံနဲ့ လက်ခံမယ်” ဆိုတာပဲ။
ဒီစစ်သည်တွေကို
- စံနမူနာ ပြင်းပြင်းထန်ထန် အပြစ်ပေးမလား❓
တပ်တွင်း မကျေနပ်မှု ပိုကြီးလာမယ်
- အပြစ်လွှတ်မလား/ လျှော့ပေါ့ အပြစ်ပေးမလား❓
နောက်တပ်တွေ အတုခိုး လိုက်လုပ်ရင် မြန်မြန်တပ်ပြိုမယ်။
နစကကို ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်စေတာပဲ။
စိတ်ဆန္ဒတွေ အတ္တတွေဖယ်ပြီး၊ ဗျူဟာ သပ်သပ်ကို
ကြည့်ရင် အင်မတန်မှ လှပတဲ့ အရွှေ့လို့မြင်ပါတယ်။
သူတို့ရဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေရဲ့
ထက်မြက်မှုကို မြင်ရတယ်။
Hard Power တမျိုးသာသိတဲ့၊ လဒူတွေတော့
နားလည်မယ် မထင်
(စစ်သွေးမဟာ)

