လောက်ကိုင် ဒစက

MNDAA က လက်နက်ချတာလက်ခံလိုက်တာဟာ
၂ဖက် အ​သေအပျောက် မရှိတော့မို့
၂ဖက်လုံးက မြေပြင်ကရဲဘော်တွေအတွက်
ကောင်းတာတော့ သိသာတယ်။

ဒီမှာ….
လူတွေကို မထိန်းသိမ်း ထားပဲ
ထွက်ခွါခွင့်ပြုတာ (ပြန်လွှတ်တာ)
စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့
အချက်ပဲ

သူတို့အတွက် advantage တွေ အများကြီးရလို့ ဆိုတာသေချာတယ်

1️⃣ ၁၀၀% သေချာတာက လူရာပေါင်းများစွာကို ကျွေးထားရတဲ့ စားရိတ် မကုန်တော့ဘူး။

2️⃣ “စိတ်ဓာတ် စစ်ဆင်​ရေး”
ဒီအချက်က ပို​အရေးကြီးတယ်။
ပြန်သွားတဲ့ စစ်သ​ည်တွေဆီကနေ
တိုက်ပွဲပြင်းထန်ပုံတွေ၊ သူတို့ superior ဖြစ်ပုံတွေ စစ်သည်အချင်းချင်းကြားမှာ၊ တပ်မ​တော်မိသားစုတွေကြားမှာ ပြန့်တော့မယ်။ တပ်မတော်က အစစသာပါတယ်ဆိုတဲ့၊ invincible ပါဆိုတဲ့ လော်ဘီတွေကို အလကား လူလိမ်တွေဆိုတာ ဖော်ထုတ်​တော့မယ့် အကွက်။ နစက ကိုယ့်တုတ်နဲ့ ကိုယ်အရိုက်ခံရတော့မယ်။

3️⃣ နစက ကို အကြီးအကျယ် “အကျပ်ရိုက်​မှု”
ဖြစ်စေတာက ဒီလူ​တွေကို “ဘယ်လိုပုံစံနဲ့ လက်ခံမယ်” ဆိုတာပဲ။

ဒီစစ်သည်​တွေကို

- စံနမူနာ ပြင်းပြင်းထန်ထန် အပြစ်​ပေးမလား❓
တပ်တွင်း မ​ကျေနပ်မှု ပိုကြီးလာမယ်

- အပြစ်လွှတ်မလား/ လျှော့ပေါ့ အပြစ်​ပေးမလား❓
နောက်တပ်​တွေ အတုခိုး လိုက်လုပ်ရင် မြန်မြန်တပ်ပြိုမယ်။

နစကကို ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်စေတာပဲ။

စိတ်ဆန္ဒ​တွေ အတ္တ​တွေဖယ်ပြီး၊ ဗျူဟာ သပ်သပ်ကို
ကြည့်ရင် အင်မတန်မှ လှပတဲ့ အ​ရွှေ့လို့မြင်ပါတယ်။

သူတို့ရဲ့ မျိုးဆက်သစ် လူငယ်​ခေါင်း​ဆောင်​တွေရဲ့
ထက်မြက်မှုကို​ မြင်ရတယ်။

Hard Power တမျိုးသာသိတဲ့၊ လဒူ​တွေ​တော့
နားလည်မယ် မထင်

(စစ်​သွေးမဟာ)