နားငြီးလွန်းလို့ (ကံချွန်)
========
တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ
လမ်းလယ်က ဖြတ်ကူးလို့ အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို
ရောက်လာတယ်၊ တရားရုံး ရောက်တော့ တရားသူကြီးက တရားခံကို
မေးတယ်၊၊
“မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက
မကူးရတာလဲ”
“ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ”
“မျဉ်းကျားတွေ ထင်းနေအောင် ရေးထားတာပဲ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က
မြောက်ဘက်ကို လိုက်ရှာမိလို့ပါ”
“ရှာမတွေ့ ရတာနဲ့ ကူးရောလား”
“မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ၊ အရက်က
နည်းနည်းမူးနေတော့ ရှေ့ ကိုယိုင်သွားတဲ့ ဆီမှာ
မလဲအောင်လို့
ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊သုံးလမ်းလှမ်းမိတာပါ၊ ကျွန်တော်မျိုး
အမူးလွန်နေတယ် ဆိုတာ အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်၊
ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊ မစိန်ကြည်ရဲ့ သမီးမင်္ဂလာ
ဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊ သူတို့က”
“ဒီမှာ မေးတာကိုပဲ ဖြေပါ၊ မျဉ်းကျား မရှိတဲ့ နေရာက
လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ်
မဟုတ်ဘူးလား
ဒါပဲ ဖြေပါ”
“ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေ
ပြနေတာပါ၊ ကိုခွေးဆိုင်မှာ သောက်တုန်းက
ကိုအုန်းမောင်ပါ
ပါတယ်၊ ကျွန်တောမျိုး မူးရင်ရှေ့ကို လေးငါးလှမ်း
ယိုင်တတ်တယ်
ဆိုတာ သူသိပါတယ်၊ ကျွန်တော်မျိုးနဲ့
ကိုအုန်းမောင်နဲ့ ငါးမျှား
တုန်းက အဲသလို ယိုင်ဖူးပါတယ်၊ တောင်သမန် သွား ငါးမျှားတာပါ၊
ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်း
စားပါသေးတယ်၊ ဆရာတော်က စာလဲရေးပါတယ်၊
သူကျောင်း
ဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ်”

တရားသူကြီးမှာ စိတ်မရှည်တော့--

“ဒီမှာမောင်မင်း၊ ဝန်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ
ဘယ်လောက်မှ အပြစ်ကြီးတာလဲ မဟုတ်ဘူး၊
ကြောက်စရာလဲ
မလိုဘူး”
“ကျွန်တော်မျိုး မကြောက်ပါဘူး ဘုရား၊
ဆင်ဖြူကန်သင်္ချိုင်းမှာ
တောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတာပဲ၊ လူရွှင်တော်
ကိုဒီပါ သိပါတယ်၊ သူက ကိုရွှေဆီက အမဲအူပြုပ်
ယူလာတာကို
သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ်ဆိုတာနဲ့
သွားစားတာပါ၊ တော်ရုံတန်ရုံ သတ္တိနဲ့ဆို သွားစားရဲဖို့
မလွယ်ပါဘူး၊
ကျွန်တော်မျိုး သူငယ်ချင်း တက်တူဆို ညမှောင်တာနဲ့
အိမ်ပြင်
တောင် မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ၊ တက်တူ
တို့ အိမ်နဲ့များ နီးမလားလို့”
တရားသူကြီးက စိတ်ပျက်စွာဖြင့်
“မောင်မင်းစကားတွေ အများကြီးမပြောပါနဲ့”
“အရှင်ဘုရား မေးလို့ ပြောတာပါဘုရား”

“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်းလမ်းဖြတ်ကူးသလား”

“ကူးပါဘူးဘုရား၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေး
ကြည့်ပါဘုရား၊ သူကျွန်တော်မျိုးကို ကောင်းကောင်းကြီး
သိပါတယ်။
ကျွန်တော်မျိုး နေ့တိုင်း သူ့ဆီက ရေခဲရေ သောက်နေကျပါ၊
သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်၊ ကလေးသုံးယောက်နဲ့၊ သူ့နှမက
မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊
ခုတော့
မြေအိုးနဲ့ ချက်နေရတယ်။ ။”

တရားသူကြီးသည် သက်ပျင်းချလိုက်ပြီး အိပ်ထဲမှ ပိုက်ဆံကို
နှိုက်ကာ ငွေငါးဆယ်ကိုစိုက်၍ ဒဏ်ဆောင်လိုက်သည်။
ပြီးတော့မှ
တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း။

Credit: #ကံချွန် (ကြားဖူးနားဝ)

image