တစ်နေ့မှာပေါ့…
ကိုရင်လေးတစ်ပါးကို ကိုရင်ကြီးတစ်ပါးက
စ လိုက်လို့ ကိုရင်လေးက ငိုပြီး
ကျောင်းထိုင်ဆရာတော်ကို သွားတိုင်ပါတယ်။

ဆရာတော်က…
ကိုရင်လေးကို နှစ်သိမ့်ပေးတယ်။

ကိုရင်လေး…မငိုနဲ့။တိတ် တိတ် !
အဲဒီကိုရင်ကြီးက အသက်ကြီးရင် သေမှာ။
ဘာမှ သွားလုပ်စရာ မလိုဘူး…တိတ်-တိတ် လို့
ပြောလိုက်တော့
ကိုရင်လေးက ကျေနပ်သွားသတဲ့။

အသက်ကြီးရင် သေရတယ်ဆိုတဲ့
သဘာဝတရားကို နားမလည်သေးတော့
ကိုရင်လေးက ကျေနပ်သွားတာပေါ့။
.
.

ကြီးရင် သေတတ်တယ်ဆိုတဲ့ သဘောတရားနဲ့
ဆက်စပ်ပြီး တွေးမိလိုက်မိတယ်။

လူတွေမှာ…တစ်ခုခုကြီးလာရင်
တစ်ခုခုက သေသွားတတ်တယ်ဆိုတာကိုပါ။

ဥပမာ…
စိုးရိမ်စိတ်တွေ ကြီးလာရင်…
ပျော်ရွှင်မှုတွေ သေဆုံးတတ်တယ်။

သံသယတွေ ကြီးလာရင်…
ယုံကြည်မှုတွေ သေဆုံးတတ်တယ်။

ပြိုင်ဆိုင်မှုတွေ ကြီးလာရင်…
ငြိမ်းချမ်းမှုတွေ သေဆုံးတတ်တယ်။

မညီမျှမှုတွေ ကြီးလာရင်…
လေးစားမှုတွေ သေဆုံးတတ်တယ်။

အတ္တစိတ်တွေ ကြီးလာရင်…
ရိုသားခြင်းတွေ သေဆုံးတတ်တယ်။

အပျင်းတွေ ကြီးလာရင်…
အခွင့်လမ်းတွေ သေဆုံးတတ်တယ်။

Credit-ဓမ္မအလင်းရောင်

image