🔹ကျန်းမာရေး ကောင်းမွန်တဲ့ လူငယ်၊လူလတ်ပိုင်းတွေ COVID-19 ရောဂါဖြစ်ရင် ဘာကြောင့်သေဆုံးရလဲဆိုတဲ့ အကြောင်းရင်း ၄ ချက်ကို အရေးကြီးတယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်🔹
...မနေ့က CNN သတင်းတစ်ပုဒ်မှာ အမေရိကန်ပြည်ထောင်စု၊နယူးဂျာစီက အသက် ၃၀ အရွယ် ကျန်းမာရေး ဒေါင်ဒေါင်မြည် လူငယ်ကျောင်းဆရာတစ်ယောက် အကောင်းပကတိကြီးကနေ ကိုရိုနာဗိုင်းရပ်စ်ကူးလို့ သောကြာနေ့ စဖျားရာကနေ သုံးရက်အတွင်း တနင်္ဂနွေနေ့မှာ အိမ်ကကုတင်ပေါ်အိပ်နေရင်း အသက်ရူရခက်ပြီး ရုတ်တရက် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ရေးထားတာပါ။ကျနော်တို့ဆီမှာ ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းကလူနာက အသက် ၄၇ လူလတ်ပိုင်းပါ 😞😢😢။
... သုသေတနတွေအရ ကျန်းမာရေးဒေါင်ဒေါင်မြည် လူငယ်တွေ ကိုဗစ်ကူးစက်ပြီး ဘာကြောင့် သေဆုံးနိုင်လဲဆိုတာ အချက်လေးချက် ရေးထားပါတယ်။
1️⃣ Variation in ACE2 Enzyme Gene
...ရောဂါပိုးက အသက်ရှုလမ်းကြောင်းကတစ်ဆင့် အဆုတ်ဆဲလ်တွေထဲ ဝင်မယ်ဆိုရင် ACE2 ဆိုတဲ့ အင်ဇိုင်းတစ်မျိုးရဲ့ အကူအညီယူရပါတယ်။အလွယ်ပြောရရင် အိမ်ထဲဝင်ဖို့ သော့ဖွင့်ရသလိုပါပဲ။သော့က ACE2 ပါ။အဲ့ဒိ ACE2 က လူတစ်ယောက်နဲ့ တစ်ယောက် မျိုးရိုးဗီဇအရ မတူညီပါ။ACE2 ရဲ့ အနေအထားပေါ်မူတည်ပြီး ရောဂါကိုခံနိုင်ရည် လုံးဝကွာခြားသွားပါတယ်။ယေဘူယျအားဖြင့် ACE2 ကို ဖွင့်နိုင်မှ ဆဲလ်ထဲဝင်လို့ရပါမယ်။ACE2 ရဲ့ ခွင့်ပြုခြင်း မပြုခြင်းက ရောဂါကို ဆိုးရွားမှုနှုန်းကွာခြားစေတယ်လို့ ဒီနေရာမှာ အလွယ်မှတ်ပါ။
2️⃣Surfactant Depletion
အဆုတ်လေအိပ်ထဲမှာ ရှိတဲ့ surfactant ဆိုတဲ့ ပစ္စည်းက ပုံမှန်ဆိုရင် အဆုတ်ကို လေဝင်လေထွက် ချောချောမွေ့မွေ့ ဖြစ်စေတယ်။ သူ့ကြောင့် ကျန်းမာတဲ့သူတွေမှာ ပုံမှန် အသက်ရှုရင် အားမစိုက်ရတာပါ။ကိုရိုနာဗိုင်းရပ်စ်က အဲဒီ surfactant တွေကို ဖျက်ဆီးလိုက်လို့ အဆုတ် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ လေအိတ်လေးတွေ ပျက်စီးပြီး မောကြပ်သေဆုံးတတ်ပါတယ်။လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ အသက်ရှုရခက်ခြင်းက ဒီ surfactant တွေ လုံလောက်အောင်မထုတ်လုပ်ရသေးခင်မှာ မွေးဖွားလာရလို့ပါ။ဆေးလိပ်သောက်ခြင်း နဲ့ လေထုညစ်ညမ်းမှုကြောင့် ဒီ surfactant လေးတွေ ကုန်ခမ်းနေတတ်ပါတယ်။
3️⃣Cytokine Storm
ခုခံအားကောင်းတဲ့အရွယ် လူငယ်တွေရဲ့ ခုခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်ရာမှာ သင့်တင့်ရုံမဟုတ်ပဲ ဘရိတ်မအုပ်နိုင်ဖြစ်ပြီး အလွန်အကျူးတုန့်ပြန်ခဲ့ရင် ခန္ဓကိုယ်အတွင်းက ကိုယ်အင်္ဂါအများအပြား ထိခိုက်ပျက်ဆီးပြီး သေဆုံးရတာကို Cytokine Storm လို့ခေါ်ပါတယ်။
4️⃣Less Diligent in practicing Physical Distancing
လူငယ်တစ်ချို့ဟာ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေ Physical Distancing ဆိုတဲ့ စည်းမျဉ်းကို ပေါ့ပေါ့တန်တန်သဘောထားပြီး လိုက်နာမှု အားနည်းတယ်။ ဒါ့ကြောင့် အဲဒီလို လူငယ်တွေမှာ ပတ်ဝန်းကျင်ကနေ ဗိုင်းရပ်စ်ကောင်ရေ Viral Load များများ ကူးစက်ခံရဖို့ အခွင့်အရေးများပါတယ်။
👨⚕️👨⚕️👨⚕️ဒီအချက် ၄ ချက်ကို ဖြေရှင်းဖို့ တတ်နိုင်သလောက် အကြံပြုချင်ပါတယ်.....
1️⃣VitaminDwiki ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတွေမှာ ACE2 ကို ထိန်းညှိပေးမယ့် အာဟာရဓာတ် တစ်မျိုးက ဗီတာမင်ဒီပါ။ဗီတာမင်ဒီကို နေရောင်ခြည်၊အစားအစာ နဲ့ ဆေးဝါးကရရှိပါတယ်။နေရောင်ခံပါ၊ကြက်ဥ၊သဘာဝနွားနို့၊ပင်လယ်ငါး စားပါ။သွေးထဲက ဗီတာမင်ဒီ ပမာဏ အတိအကျကို သိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင်ဒီ အားဆေးသောက်သင့်ပါတယ်၊၊အချို့ မိတ်ဆွေတွေမှာ သွေးတွင်း ဗီတာမင်ဒီ ပမာဏ အလွန်နည်းနေတာကို မကြာခဏ တွေ့ရဖူးပါတယ်။
2️⃣Surfactant ကို ဆေးလိပ်သောက်ခြင်းက ဖျက်ဆီးပစ်နိုင်လို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။ဆေးလိပ်မသောက်သူတွေကလည်း သူများသောက်တာ ရှုမိတာ၊အခြား မီးခိုးငွေ့ကဲ့သို့သောအရာတွေရှုမိခြင်းမှ ရှောင်ကြည်သင့်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရေများများသောက်ခြင်းကို တိုက်တွန်းပါတယ်။
3️⃣Cytokine Storm ကို သက်သာစေဖို့ အဓိက ပြည့်ဝနေသင့်တဲ့ အာဟာရက Probiotics ပါ။အလွယ်ကူဆုံး ပြောရရင် အိမ်လုပ် ဒိန်ချဥ်၊ကီဖာ စတာတွေပါ။အောက်က Post ၂ ခုမှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။👇👇👇
https://www.facebook.com/10275....1184712746/posts/104
https://www.facebook.com/10275....1184712746/posts/103
4️⃣နောက်ဆုံး အချက်အတွက်ကတော့ရှင်းပါတယ်၊အပြင်မထွက်ပါနဲ့၊အိမ်မှာနေလည်း ခပ်ခွာခွာနေပါ၊လက်မကြာခဏဆေးပါ၊တစ်ကိုယ်ရည် သန့်ရှင်းရေးဂရုစိုက်ပါ၊Mask တပ်ပါ။
မူရင်းသတင်းကို မျှဝေပေးသော ဆရာ Min Thein Tun ကိုကျေးဇူးအထူးတင်ပါတယ်။
#ကျန်းမာပျော်ရွှင်ကြပါစေ
#dryepyaehein-ဒေါက်တာရဲပြည့်ဟိန်း
၈.၄.၂၀၂၀

