🔹ကျန်းမာရေး ကောင်းမွန်တဲ့ လူငယ်၊လူလတ်ပိုင်းတွေ COVID-19 ရောဂါဖြစ်ရင် ဘာကြောင့်သေဆုံးရလဲဆိုတဲ့ အကြောင်းရင်း ၄ ချက်ကို အရေးကြီးတယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်🔹

...မနေ့က CNN သတင်းတစ်ပုဒ်မှာ အမေရိကန်ပြည်ထောင်စု၊နယူးဂျာစီက အသက် ၃၀ အရွယ် ကျန်းမာရေး ဒေါင်ဒေါင်မြည် လူငယ်ကျောင်းဆရာတစ်ယောက် အကောင်းပကတိကြီးကနေ ကိုရိုနာဗိုင်းရပ်စ်ကူးလို့ သောကြာနေ့ စဖျားရာကနေ သုံးရက်အတွင်း တနင်္ဂနွေနေ့မှာ အိမ်ကကုတင်ပေါ်အိပ်နေရင်း အသက်ရူရခက်ပြီး ရုတ်တရက် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ရေးထားတာပါ။ကျနော်တို့ဆီမှာ ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းကလူနာက အသက် ၄၇ လူလတ်ပိုင်းပါ 😞😢😢။

... သုသေတနတွေအရ ကျန်းမာရေးဒေါင်ဒေါင်မြည် လူငယ်တွေ ကိုဗစ်ကူးစက်ပြီး ဘာကြောင့် သေဆုံးနိုင်လဲဆိုတာ အချက်လေးချက် ရေးထားပါတယ်။

1️⃣ Variation in ACE2 Enzyme Gene
...ရောဂါပိုးက အသက်ရှုလမ်း​ကြောင်းကတစ်ဆင့် အဆုတ်ဆဲလ်တွေထဲ ဝင်မယ်ဆိုရင် ACE2 ဆိုတဲ့ အင်ဇိုင်းတစ်မျိုးရဲ့ အကူအညီယူရပါတယ်။အလွယ်ပြောရရင် အိမ်ထဲဝင်ဖို့ သော့ဖွင့်ရသလိုပါပဲ။သော့က ACE2 ပါ။အဲ့ဒိ ACE2 က လူတစ်ယောက်နဲ့ တစ်ယောက် မျိုးရိုးဗီဇအရ မတူညီပါ။ACE2 ရဲ့ အနေအထားပေါ်မူတည်ပြီး ရောဂါကိုခံနိုင်ရည် လုံးဝကွာခြားသွားပါတယ်။ယေဘူယျအားဖြင့် ACE2 ကို ဖွင့်နိုင်မှ ဆဲလ်ထဲဝင်လို့ရပါမယ်။ACE2 ရဲ့ ခွင့်ပြုခြင်း မပြုခြင်းက ရောဂါကို ဆိုးရွားမှုနှုန်းကွာခြားစေတယ်လို့ ဒီနေရာမှာ အလွယ်မှတ်ပါ။

2️⃣Surfactant Depletion
အဆုတ်လေအိပ်ထဲမှာ ရှိတဲ့ surfactant ဆိုတဲ့ ပစ္စည်းက ပုံမှန်ဆိုရင် အဆုတ်ကို လေဝင်လေထွက် ချောချောမွေ့မွေ့ ဖြစ်စေတယ်။ သူ့ကြောင့် ကျန်းမာတဲ့သူတွေမှာ ပုံမှန် အသက်ရှုရင် အားမစိုက်ရတာပါ။ကိုရိုနာဗိုင်းရပ်စ်က အဲဒီ surfactant တွေကို ဖျက်ဆီးလိုက်လို့ အဆုတ် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ လေအိတ်လေးတွေ ပျက်စီးပြီး မောကြပ်သေဆုံးတတ်ပါတယ်။လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ အသက်ရှုရခက်ခြင်းက ဒီ surfactant တွေ လုံလောက်အောင်မထုတ်လုပ်ရသေးခင်မှာ မွေးဖွားလာရလို့ပါ။ဆေးလိပ်သောက်ခြင်း နဲ့ လေထုညစ်ညမ်းမှုကြောင့် ဒီ surfactant လေးတွေ ကုန်ခမ်းနေတတ်ပါတယ်။

3️⃣Cytokine Storm
ခုခံအားကောင်းတဲ့အရွယ် လူငယ်တွေရဲ့ ခုခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်ရာမှာ သင့်တင့်ရုံမဟုတ်ပဲ ဘရိတ်မအုပ်နိုင်ဖြစ်ပြီး အလွန်အကျူးတုန့်ပြန်ခဲ့ရင် ခန္ဓကိုယ်အတွင်းက ကိုယ်အင်္ဂါအများအပြား ထိခိုက်ပျက်ဆီးပြီး သေဆုံးရတာကို Cytokine Storm လို့ခေါ်ပါတယ်။

4️⃣Less Diligent in practicing Physical Distancing
လူငယ်တစ်ချို့ဟာ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေ Physical Distancing ဆိုတဲ့ စည်းမျဉ်းကို ပေါ့ပေါ့တန်တန်သဘောထားပြီး လိုက်နာမှု အားနည်းတယ်။ ဒါ့ကြောင့် အဲဒီလို လူငယ်တွေမှာ ပတ်ဝန်းကျင်ကနေ ဗိုင်းရပ်စ်ကောင်ရေ Viral Load များများ ကူးစက်ခံရဖို့ အခွင့်အရေးများပါတယ်။

👨‍⚕️👨‍⚕️👨‍⚕️ဒီအချက် ၄ ချက်ကို ဖြေရှင်းဖို့ တတ်နိုင်သလောက် အကြံပြုချင်ပါတယ်.....

1️⃣VitaminDwiki ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတွေမှာ ACE2 ကို ထိန်းညှိပေးမယ့် အာဟာရဓာတ် တစ်မျိုးက ဗီတာမင်ဒီပါ။ဗီတာမင်ဒီကို နေရောင်ခြည်၊အစားအစာ နဲ့ ဆေးဝါးကရရှိပါတယ်။နေရောင်ခံပါ၊ကြက်ဥ၊သဘာဝနွားနို့၊ပင်လယ်ငါး စားပါ။သွေးထဲက ဗီတာမင်ဒီ ပမာဏ အတိအကျကို သိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင်ဒီ အားဆေးသောက်သင့်ပါတယ်၊၊အချို့ မိတ်ဆွေတွေမှာ သွေးတွင်း ဗီတာမင်ဒီ ပမာဏ အလွန်နည်းနေတာကို မကြာခဏ တွေ့ရဖူးပါတယ်။

2️⃣Surfactant ကို ဆေးလိပ်သောက်ခြင်းက ဖျက်ဆီးပစ်နိုင်လို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။ဆေးလိပ်မသောက်သူတွေကလည်း သူများသောက်တာ ရှုမိတာ၊အခြား မီးခိုးငွေ့ကဲ့သို့သောအရာတွေရှုမိခြင်းမှ ရှောင်ကြည်သင့်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရေများများသောက်ခြင်းကို တိုက်တွန်းပါတယ်။

3️⃣Cytokine Storm ကို သက်သာစေဖို့ အဓိက ပြည့်ဝနေသင့်တဲ့ အာဟာရက Probiotics ပါ။အလွယ်ကူဆုံး ပြောရရင် အိမ်လုပ် ဒိန်ချဥ်၊ကီဖာ စတာတွေပါ။အောက်က Post ၂ ခုမှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။👇👇👇

https://www.facebook.com/10275....1184712746/posts/104

https://www.facebook.com/10275....1184712746/posts/103

4️⃣နောက်ဆုံး အချက်အတွက်ကတော့ရှင်းပါတယ်၊အပြင်မထွက်ပါနဲ့၊အိမ်မှာနေလည်း ခပ်ခွာခွာနေပါ၊လက်မကြာခဏဆေးပါ၊တစ်ကိုယ်ရည် သန့်ရှင်းရေးဂရုစိုက်ပါ၊Mask တပ်ပါ။

မူရင်းသတင်းကို မျှဝေပေးသော ဆရာ Min Thein Tun ကိုကျေးဇူးအထူးတင်ပါတယ်။

#ကျန်းမာပျော်ရွှင်ကြပါစေ
#dryepyaehein-ဒေါက်တာရဲပြည့်ဟိန်း
၈.၄.၂၀၂၀

COVID-19 ရောဂါပိုးကို တိုက်ခိုက်ရာမှာ  အလားအလာရှိလာနိုင်တဲ့ ကုသမှုတစ်ခု ?‍?  ...လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်ပြန်ခဲ့တဲ့ သုတေသနစာစောင်တစ်ခုမှာ COVID-19 ပိုးကိုတားဆီးဟန့်တား နိုင်တဲ့ တွေ့ရှိချက်တစ်ခုကို ဖော်ပြထားပါတယ်။  ...ဒီသုတေသနကို ဦးဆောင်သူ ကိုရီးယားနိုင်ငံ၊Ehwa တက္ကသိုလ် အမျိုးသမီးကျန်းမာရေးဌာနမှ ပါမောက္ခ Yoon Ha-na ရဲ့ ရှင်းပြမှုမှာ  ✳️ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာ ပါဝင်တဲ့ E.coli ရောဂါပိုး ကို တိုက်ခိုက်နိုင်မယ့် Probiotics(ခန္ဓာကိုယ် အကျိုးပြုပရိုဘိုင်အိုတစ်ပိုးလေးများ) ကို လေ့လာရင်း ဒီလို တွေ့ရှိခဲ့တာပါ။  ✳️ကိုဗစ်ပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ရောက်ရင် သူ့ရဲ့ ကိုယ်ထည်မှာ ပါတဲ့ အချွန်လေးတွေနဲ့ လူ့ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို တွယ်ကပ်ထိုးဖောက်ရပါတယ်။သူ့ရဲ့ ပြုမူပုံဟာ Ebola(အီဘိုလာဗိုင်းရပ်စ်ပိုး)၊HIV ပိုးတို့နဲ့ ပြုမူပုံခြင်းဆင်ပါတယ်။အဲ့လို လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို တွက်ကပ်ထိုးဝင်ပြီးမှသာ စွမ်းအင်ရရှိပြီး ရောဂါပိုးအနေနဲ့ အသက်ရှင်ကာ ရောဂါဖြစ်စေနိုင်ပါတယ်။  ✳️ပညာရှင်များဟာ Sea Buckthorn လို့ ခေါ်တဲ့ လိမ္မော်ရောင် ဘယ်ရီသီးတစ်မျိုးကို အချဥ်ဖောက်ပြီး Lactobacillus rhamnosus လို့ ခေါ်တဲ့ ပရိုဘိုင်အိုတစ်ပိုးလေးများကို ထုတ်ယူပါတယ်။အဲ့ဒီ ပရိုဘိုင်အိုတစ်လေးတွေဟာ ကိုဗစ်ရောဂါပိုးက လူ့ခန္ဓာကိုယ်ထဲ ဝင်လာပြီး ဆဲလ်တွေကို တွယ်ကပ်ထိုးဖောက် ဝင်ရာက်ခြင်း မပြုနိုင်အောင် တားဆီးထားပါတယ်။လူ့ခန္ဓာကိုယ် ဆဲလ်ထဲကို ဝင်တဲ့အခါမှာ ကိုဗစ်ပိုး၊HIV ပိုးနဲ့ ပရိုဘိုင်အိုတစ်တို့ဟာ ပြုမူပုံချင်း တူနေပါတယ်။လူ့ခန္ဓာကိုယ်ဆဲလ်ထဲကို လုဝင်ရတဲ့ သဘောပါ။  ✳️ဒါ့ကြောင့် ကိုဗစ်ကို ကုသရာမှာ HIV ရောဂါကုသရာမှာ သုံးတဲ့ ဆေးတွေဟာလည်း အလားအလာရှိတဲ့ သုတေသနပြုလုပ်ဆဲ ဆေးများဖြစ်လာတာပါ။ပါမောက္ခ Yoon ရဲ့ အဆိုအရ ကိုဗစ်ရောဂါပိုး အတည်ပြုပြီးလူနာတွေကို ကုသရင် HIV ရောဂါကုရာမှာ သုံးတဲ့ ဆေးများအပြင် ယခုသုတေသနမှာ ပါဝင်တဲ့ ပရိုဘိုင်အိုတစ်များနဲ့ပါ ပေါင်းစပ်ကုသဖို့ ဆိုထားပါတယ်။  ✳️ကိုဗစ်ပိုးရဲ့ ပြုမူပုံနဲ့ ပတ်သက်လို့ တရုတ်ပြည် Nankai University က ပါမောက္ခ Ruan ကလည်း ခန္ဓာကိုယ်ထဲမှာ ဒီပိုးဟာ လူ့ခန္ဓာကိုယ်ဆဲလ်ထဲကို ဝင်ဖို့ ပြုမူပုံဟာ Ebola ဗိုင်းရပ်စ်၊HIV ပိုး တို့နဲ့ တူညီကြောင်း ပြောကြားထားပါတယ်။  ✳️Gachon တက္ကသိုလ်က ပါမောက္ခ Jeong Goo-bo ကလည်း အပင်အရင်းအမြစ်ကရတဲ့ Lactibacillus အနွယ်ဝင် ပရိုဘိုင်အိုတစ်ပိုးလေးတွေဟာ COVID-19 ကာကွယ်ရာမှာ တစ်စိတ်တစ်ဒေသကပါဝင်မယ်လို့ သူယုံကြည်ကြောင်း ပြောကြားထားပါတယ်။  ...ကျနော့်ရဲ့ အမြင်ကို ဖြည့်စွက်ပြီး ပြောရရင် ကျနော်တို့ မြန်မာပြည်မှာ အလွယ်ကူဆုံး ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့ အစားအစာ တွေကတော့ အိမ်လုပ်ဒိန်ချဥ်၊ကီဖာ စတာတွေ ဖြစ်ပါတယ်။  ?ပရိုဘိုင်အိုတစ်ပိုးလေးများဟာ ခန္ဓာကိုယ်အတွက် စစ်တပ်ကြီးနဲ့ တူပါတယ်။ပြင်ပက ရန်သူရောဂါပိုးတွေ ဝင်မလာအောင်ကာကွယ်ပေးထားပါတယ်။ဝင်လာရင်လည်း ရောဂါပိုးတွေကို နေထိုင်ခွင့်မရအောင် သုတ်သင်ရှင်းလင်းပစ်ပါတယ်။  ?ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ထိန်းညှိပဲ့ကိုင်ပေးတဲ့အတွက် ရောဂါဖြစ်ရင် မြန်မြန် နာလန်ထစေပါတယ်။  ?အိမ်မှာနေရင်း အလွယ်တကူ ပြုလုပ်နိုင်ပြီး ကလေး၊လူကြီး မရွေးစားသုံးနိုင်ပါတယ်။  ?အားဆေးများမှာလည်း ပရိုဘိုင်အိုတစ် ပါဝင်သော အားဆေးများကို လိုအပ်ပါက သောက်သုံးဖို့လည်း တိုက်တွန်းပါတယ်။  ...အိမ်လုပ် ဒိန်ချဥ်(Homemade Yoguart)လုပ်နည်းကို အောက်က ဗီဒီယိုလေးမှာ ကြည့်ပေးပါ?။  https://www.facebook.com/yepyae.hein/videos/1355266317955467/  ...မူရင်းဆောင်းပါးရဲ့ link ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။  http://m.koreabiomed.com/news/articleView.html?idxno=7744  #ကျန်းမာပျော်ရွှင်ကြပါစေ #DrYePyaeHein-ဒေါက်တာရဲပြည့်ဟိန်း
Favicon 
www.facebook.com

COVID-19 ရောဂါပိုးကို တိုက်ခိုက်ရာမှာ အလĂ