ဗုဒ္ဓ ကိုအားနာတယ်
-------------------------
ကုလအတွင်းရေးမှူးချုပ်သည်
ပေါ်တူဂီနိုင်ငံသား ကက်သလစ်ခရစ်ယာန်တဦးဖြစ်ပါတယ်။
ကဆုန်လပြည့်ဗုဒ္ဓနေ့မိန့်ခွန်းမှာ Covid-19 ကပ်ဆိုးကြီးကို
ဗုဒ္ဓရဲ့ လမ်းစဉ်
အဆုံးအမတွေနဲ့အတူတကွ
ဖြတ်ကျော်ကြဘို့ပြောကြားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ကလည်း
ဟိန္ဒူဘာသာဝင်တွေရဲ့ခေါင်းဆောင်ဖြစ်ပေမယ့်
covid-19 ကပ်ဆိုးကြီးရဲ့ စိန်ခေါ်မှုတွေကို
ရင်ဆိုင်ဘို့အတွက်
ဗုဒ္ဓရဲ့အဆုံးအမတွေသာလျှင်
အသင့်လျော်ဆုံးပါလို့မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သူတို့တွေဟာ ဘာသာခြား လူမျိုးခြားတွေဖြစ်ပေမဲ့ တကယ့်ပညာရှိတွေုဖစ်တယ်လို့သုံးသပ်လို့ရပါတယ်
ကမ္ဘာ ကြီးအတွက် တကယ့်အရေးကြီးတဲ့အချိန်မှာ သူတို့ အမှန်တရားကိုထုတ်ဖော်ပြောဆိုခဲ့ကြတယ်

သူတို့နေရာကနေကြည့်မယ်ဆိုရင်
တခြားဘာသာတွေ တခြားလူမျိုးတွေရဲ့အတိုက်အခိုက်ခံရမှာ သူတို့သိပေမဲ့
အမှန်တရားအတွက်သူတို့အားမနာခဲ့ကြပါဘူး

ဗုဒ္ဓ သာသနာအထွန်းကားဆုံး မြန်မာနိုင်ငံက ဘာ့ကြောင့် ခုထိ ထုတ်ဖော်မပြောသေးတာလည်းဆိုတာ စဉ်းစားမရဘူး တခြားလူမျိုးတခြားဘာသာ နဲ မဆိုင်တော့ပါဘူး
လူသားမျိုးနွယ်စုနဲ့ ဆိုင်နေပြီဖြစ်တဲ့အတွက် အားမနာသင့်တော့ပါဘူး

လက်ဆေးပါ mask တပ်ပါ အိမ်ထဲနေပါ ဒါက တကမ္ဘာလုံး ပြောနေတဲ့စကားတွေပါ အဲဒီစကားတွေလည်းပြောပါ
ငါးပါးသီလစောင့်ထိမ်းပါ တဦးနဲ့တဦး မေတ္တာ ထားကြပါ သမထ ဝိပဿနာတရားတွေ ကျင့်သုံးပြီး ကပ်ဘေးကိုဖြတ်ကျော်ကြပါ ဆိုတဲ့ စကားတွေ ပြောဖို့အချိန်တန်နေပါပြီ

တကယ်ဆို ကမ္ဘာ သူ ကမ္ဘာ့ သားတွေဟာ ဗြဟ္မစိုရ်တရားလေးပါး တို့ မဂ်လာတရား ၃၈ ပါးတို့ ငါးပါးသီလ သမထ ဝိပဿနာ တို့ အကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်မသိလို့ပါ
တကယ်သိသွားရင် သူတို့ မကျင့်သုံးစရာ အကြောင်းမရှိပါဘူး

ကျင့်သုံးသူတွေ ချမ်းသာဖို့
တရားတော်က တာဝန်ယူပါလိမ့်မယ်
တရားမကျင့်ရသေးသူတွေ တရားကျင့်နိုင်ဖို့ ဗုဒ္ဓ ဘာသာဝင်တွေက တာဝန်ယူရပါလိမ့်မယ်

ဗုဒ္ဓ ရဲ့ဓမ္မတွေဟာ ကမ္ဘာ့ သူကမ္ဘာသား အားလုံးနဲ့ဆိုင်ပါတယ်
တကမ္ဘာလုံးချမ်းသာဖို့ အခွင့်အရေးရနေတာတောင် ဗုဒ္ဓ ဘာသာတာဝန်ရှိသူတွေ ငြိမ်နေတာဟာ တော်တော်လေးတာဝန်မဲ့ရာ ကျပါတယ်
ဗုဒ္ဓ ကိုလည်း အားနာမိပါရဲ့

ဒီအချိန်မှာ အမှန်တရားကိုထုတ်ဖော်ဖို့ ဘယ်သူ့ကိုမှ အားမနာသင့်တော့ဘူးထင်ပါတယ်

တခါတခါကျတော့လည်း
ဗုဒ္ဓ ဘာသာမြန်မာနိုင်ငံကခေါင်းဆောင်တွေကို အားမရဘူး
ခေတ်အဆက်ဆက်ခေါင်းဆောင်တွေ
ဗုဒ္ဓ ဓမ္မ သံဃာ ဆိုတဲ့ ရတနာသုံးပါးအပေါ် ဘယ်ခေါင်းဆောင်မှ တာဝန်မကျေကြဘူး

နောင်တချိန်ကျရင်
အခြခံဥပဒေရေးဆွဲတဲ့အခါ
နိုင်ငံခေါင်းဆောင်ဖြစ်လိုသူတိုင်း
ပိဋကတ်သုံးပုံကို ကျေညက်အောင်
ဖတ်ဘူးသူ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက် ထည့်သင့်တယ်ထင်တယ်

ဗုဒ္ဓကိုလည်း အားနာလှပါပြီ
သူ့တရားတော်တွေ တန်ဖိုးရှိတဲ့အကြောင်း
ဘာသာခြားတွေက ဖော်ထုတ်ပေးရပြီးဗုဒ္ဓဘာသာဝင်တွေက ပြောဖို့မေ့နေကြလို့လေ

ဦးမြင့်ခိုင်

Share ခြင်းဖြင့်သာသနာပြုနိုင်ကြပါစ

image