ဘဝဟာသီချင်းတစ်ပုဒ်လို
သွက်လက်ချောမွေ့တဲ့အခါ
အပြုံးက ရိုးရှင်းစွာသဘာဝကျကျထွက်ပေါ်လာတတ်တဲ့ အရာတစ်ခုပေါ့။
အရာရာအဆင်မပြေချိန်မှာတောင်
ပြုံးထားနိုင်သေးတဲ့သူဟာ
ရှင်သန်ဖို့ သတ္တိအရှိဆုံးလူဖြစ်တယ်။
အိ္န္ဒိယကဗျာဆရာတဂိုးက ပြောတယ်..
လူတစ်ယောက်ပြုံးတဲ့အခါ
တစ်လောကလုံးက သူ့ကိုချစ်မိသွားနိုင်တယ်.. တဲ့။
မနက်မိုးလင်းလို့ မျက်စိအစုံကိုဖွင့်တဲ့အခါ
နေရောင်အသစ်ကို သင်မြင်ရရင်
ကျေးဇူးပြုပြီး ပြုံးပါ၊
ဒါဟာ ရှင်သန်ခြင်းရဲ့လက်ဆောင်
လောကကြီးက သင့်ကိုစွန့်ပစ်မထားဘူးဆိုတဲ့သဘောပေါ့။
လူတစ်ယောက်ရဲ့ တကယ့် ချမ်းသာခြင်းက
မျက်နှာပေါ် အပြုံးဆင်မြန်းထားနိုင်ခြင်းပါပဲ။
အပြုံးရဲ့အင်အားက
ဘယ်အချိန်မှာဖြစ်ဖြစ်
နှလုံးသားတည့်တည့်ကို ထိတယ်။
ဘဝမှာ ပွတ်တိုက်မှုတွေ များလွန်းလှတယ်။
တိုက်မိလို့ လွှတ်ကျသွားတဲ့စာရွက်စာတမ်းတွေ၊
အလုခံလိုက်ရတဲ့ ကားပါကင်တွေ၊
ဖိတ်စင်တဲ့ကော်ဖီကြောင့် ပေကျံသွားတာတွေ၊
ဒါကို မျက်လုံးစိမ်းနဲ့ကြည့်
လက်သီးလက်မောင်းတန်းတာကို သင်ရွေးချယ်နိုင်သလို
မတော်တဆမို့ အပြုံးနဲ့ရင်ဆိုင်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။
အပြုံးဆိုတာ အလှပဆုံးစကားလုံးပေါ့..
ရင်းနှီးဖော်ရွေခြင်း၊ ဂရုစိုက်ချစ်ခင်ခြင်း၊
နွေးထွေးကြင်နာခြင်း၊ ခွင့်လွှတ်နားလည်ခြင်းနဲ့
မျက်နှာပေါ်ပွင့်လန်းတဲ့ အတောက်ပဆုံးအလင်းတန်းဖြစ်တယ်။
လူလူချင်းကြား အဆင့်အတန်းအနိမ့်အမြင့်ရှိတယ်၊
အသက်အရွယ် ကွာဟမှုရှိတယ်၊
အသားအရောင် ခြားနားတာရှိတယ်၊
ဒါပေမဲ့ တူညီတဲ့အပြုံးတွေရှိကြတယ်၊
အပြုံးက လူလူချင်းကြား အကွာအဝေးကို နီးစေပါတယ်။
စိတ်တိုဒေါသစကားတစ်ခွန်းက
ဘဝကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး၊
ဒါပေမဲ့ အပြုံးတစ်ပွင့်ကြောင့်
ဘဝက ပိုလှသွားနိုင်ပါတယ်။
စိတ်ရှုပ်အားငယ်ချိန် အားပေးတဲ့အပြုံးတစ်ပွင့်က
စိတ်ကိုတည်ငြိမ်စေပြီး မှောင်မိုက်တဲ့ချောက်ထဲကနေ
လျှောက်လှမ်းထွက်လာစေနိုင်တယ်။
ပဠိဟက္ခဖြစ်ချိန် အချင်းချင်းပြုံးတဲ့
နားလည်မှုအပြုံးက
တင်းမာမှုကို လျော့ကျစေနိုင်တယ်။
ခွဲခွာခါနီး မခွဲမခွာရက်ပြုံးတဲ့အပြုံးက
လှပတဲ့တောင်းဆုနဲ့
ရှည်လျားတဲ့သတိရလွမ်းဆွတ်မှုပေါ့။
သူစိမ်းနဲ့အတူလျှောက်လှမ်းနေချိန်
ရိုးသားစစ်မှန်တဲ့အပြုံးက
ဘာသိဘာသာခွဲခြားခြင်းကို ပျောက်ပျက်စေပါတယ်။
ပြုံးရင်း ပြုံးရင်း
လောကကြီးရဲ့အလှကို သင်သတိထားမိလာမှာပါ။
နေ့စဉ်ဘဝဟာ ဘယ်လောက်ခက်ခဲကြမ်းတမ်းလည်း
နှုတ်ခမ်းထောင့်စွန်းက အကွေးလေးနဲ့
အလဲထိုးပစ်နိုင်အောင်
သင် ပြုံးပါ.... 😊
.
#wechatက_စာတစ်ပုဒ်_မျှဝေခံစားပါတယ်
#နိုင်းနိုင်းစနေ
.

