အသက်​ ၃၀ တန်း လူငယ်​​တွေ​တော့ ​ရွှေသွားနဲ့ ​ရှေးအဖိုးကြီး​တွေကို မြင်​ဖူး​တော့မှာ မဟုတ်​ဘူး ။ ​ရွှေသွား စိန်​ကြီး​တွေ ခုရှိ​သေးရင်​ အသက်​ ၉၀ တန်း​လောက်​ ဖြစ်​လိမ့်​မယ်​ ထင်​တယ်​ ။


မန္တ​လေးမှာလည်း ​ရွှေသွား တစ်​​ခေတ်​ ရှိခဲ့ပါတယ်​ ။ ဒါ​ပေမယ့်​ အ​ကြောင်းတစ်​စုံတစ်​ခု​ကြောင့်​ မန်းသားကြီး​တွေ ​ရွှေသွားနဲ့ စတိုင်​ထုတ်​ဖို့ စတွန့်​သွားကာ ​ရွှေသွား ဓ​လေ့​တောင်​ ​မှေးမှိန်​သွားခဲ့ပါတယ်​ ။


မန္တ​လေးမှာ ကိုလိုနီ​ခေတ်​က ရတနာပုံ ဆီစက်​ သူ​ဋ္ဌေး ဦးသိန်း ဆိုတာ ရှိတယ်​ ။ သူက ဒါးတန်း ဦးသန့်​ ဦး​လေး​တော်​စပ်​တာ​ကြောင့်​ သင်္ကြန်​မိုး ရုပ်​ရှင်​ထုတ်​လုပ်​တဲ့ ကို​ဇော်​မြင့်​ရဲ့ ဘကြီးလည်း ဖြစ်​ပါတယ်​ ။


ဦးသိန်းဟာ မန္တ​လေးရဲ့ ဆီဘုရင်​ပါ ။ ဒါ့​ကြောင့်​ တစ်​မြို့ လုံးက ဆီ ဦးသိန်း ( သို့မဟုတ်​ ) ဆီသိန်း လို့ လုပ်​ငန်းနဲ့တွဲကာ ချ စ်​စနိုး ​ခေါ်ကြပါတယ်​ ။

Read more >>>

လ၇ိပ်ချို: ဆီသိန်း​ ခွေး
Favicon 
layiepcho.blogspot.com

လ၇ိပ်ချို: ဆီသိန်း​ ခွေး

  ကျနော်တို့အ​ဖေတို့ ၊ ဦးကြီး ဦး​လေးတို့​ခေတ်​က ​ရွှေသွားစိုက်​တာ ​ခေတ်​စားပါတယ်​ ။ ခု​ခေတ်​ ကိုယ်​​ပေါ်မှာ ​ဆေးမင်​​ကြောင်​ ထိုးတာ ...