အသက် ၃၀ တန်း လူငယ်တွေတော့ ရွှေသွားနဲ့ ရှေးအဖိုးကြီးတွေကို မြင်ဖူးတော့မှာ မဟုတ်ဘူး ။ ရွှေသွား စိန်ကြီးတွေ ခုရှိသေးရင် အသက် ၉၀ တန်းလောက် ဖြစ်လိမ့်မယ် ထင်တယ် ။
မန္တလေးမှာလည်း ရွှေသွား တစ်ခေတ် ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြောင်းတစ်စုံတစ်ခုကြောင့် မန်းသားကြီးတွေ ရွှေသွားနဲ့ စတိုင်ထုတ်ဖို့ စတွန့်သွားကာ ရွှေသွား ဓလေ့တောင် မှေးမှိန်သွားခဲ့ပါတယ် ။
မန္တလေးမှာ ကိုလိုနီခေတ်က ရတနာပုံ ဆီစက် သူဋ္ဌေး ဦးသိန်း ဆိုတာ ရှိတယ် ။ သူက ဒါးတန်း ဦးသန့် ဦးလေးတော်စပ်တာကြောင့် သင်္ကြန်မိုး ရုပ်ရှင်ထုတ်လုပ်တဲ့ ကိုဇော်မြင့်ရဲ့ ဘကြီးလည်း ဖြစ်ပါတယ် ။
ဦးသိန်းဟာ မန္တလေးရဲ့ ဆီဘုရင်ပါ ။ ဒါ့ကြောင့် တစ်မြို့ လုံးက ဆီ ဦးသိန်း ( သို့မဟုတ် ) ဆီသိန်း လို့ လုပ်ငန်းနဲ့တွဲကာ ချ စ်စနိုး ခေါ်ကြပါတယ် ။
Read more >>>

