CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ

ကျမ သမီးလေးက နှလုံးမှာ မွေးရာအပေါက်ရှိနေတဲ့အပြင် နှလုံးသွေးကြော ကလည်း မှားဝင်နေပါတယ်တဲ့။ ဘယ်ဘက် အခန်းက

October 21, 2014
CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ

CT Scan

ကျမ သမီးလေးက နှလုံးမှာ မွေးရာအပေါက်ရှိနေတဲ့အပြင် နှလုံးသွေးကြော ကလည်း မှားဝင်နေပါတယ်တဲ့။ ဘယ်ဘက် အခန်းကို ဝင်ရမယ့် သွေးကြောက ညာဘက်အခန်းကို ဝင်နေတာကြောင့် ညာဘက်နှလုံးက ကြီးနေပါတယ်တဲ့။ ဒါကြောင့် ခွဲစိတ်ရမယ်လို့ ပြောပါတယ်။ ကျမတို့က လက်ရှိ (့) မှာ နေကြပါတယ်။ သမီးလေးက ၁ နှစ်ရှိပါပြီ။ သမီးလေးက အခု ချိန်ထိကတော့ ကျန်းကျန်းမာမာပါပဲ။ တခါပဲ ဖျားဘူးပါတယ်။ နှလုံးခုန်နှုံးကတော့ ကျမတို့ထက် တဆလောက် မြန်ပါတယ်။ ကလေးငယ်တွေက လူကြီးတွေထက် နှလုံးခုန်နှုံး မြန်ပါသလား။ တမိနှစ်မှာ ကြိမ်နှုံး ဘယ်လောက်ရှိပါသလဲ။

မခွဲဘဲထားရင် အသက် ဘယ်လောက်ကြာကြာ ရှည်နေနိုင်ပါသလဲ။ သွေးလွှက်ကြောနဲ့ သွေးပြန်ကြောက နှလုံးက တခုတည်းမှာ ဝင်နေတဲ့ လူတယောက်က အသက်ရှင်နိုင်ပါသလား။ CT ရိုက်တဲ့အခါ သုံးတဲ့ ဆေးက သိပ်ပြင်းတယ်လို့ သိရပါတယ်။ ကျမလည်း တခါရိုက်ဘူးပါတယ်။ ဆေးနဲ့ မတည့်လို့ ချက်ချင်း ရပ်လိုက်ရဘူးပါတယ်။ သမီးလေးကို နောက်လထဲမှာ ရိုက်ပါမယ်တဲ့ CT ရိုက်ခြင်းရဲ့ အကျိုးအပြစ်တွေကို သိပါရစေ။ ဒီမှာ ဆေးရုံကြီးတွေက ဆေးတက္ကသိုလ်နဲ့ တွဲထားတာဆိုတော့ သမီးလေးက အစမ်းသပ်ခံ ဖြစ်သွားမှာကို စိုးရိမ်နေပါတယ်။ သမီးလေးကို ၇ လ ပိုင်းမှာ ခွဲဖို့ လျာထားပါတယ်။ ကျမတို့ကတော့ ဆရာဝန်ကို စဉ်းစားဦးမယ်လို့ ပြောထားဆဲပါ။

• CT ရိုက်တာကို Very low-risk procedure အန္တရာယ် နည်းလွန်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။
• ဆရာဝန်တွေက မလိုအပ်ဘဲ ရိုက်ဘို့ မခိုင်းပါ။
• သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုး X-rays ထက် ပိုပြီး X-rays သုံးရတယ်။
• ထိုးတဲ့ဆေးကြောင့် ပျို့တာ၊ အနေရခက်တာ၊ နွေးလာတာ၊ စိုထိုင်းထိုင်း ခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။
• Side effects ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သွေးပြန်ကြောထဲ ထိုးပေးရတဲ့ Liquid dye နဲ့ Allergic reactions မတည့်တာ ဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။
• ဒါ့ကြောင့် Asthma ပန်းနာရှိသူ၊ Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။
• ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာ ကောင်းတယ်။
• ရှားရှားပါးပါး ဒီဆေးက သိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့ အထူးသတိထားရတယ်။ ဆေးလျော့ ထိုးရတတ်တယ်။
• ဆီးချိုရှိသူတွေလဲ သတိထားရသူမဲ့ စာရင်းထဲ ပါတယ်။
• နှလုံးရောဂါ ဆိုးဝါးသူတွေကိုလဲ သတိထားရတယ်။
• X-rays သုံးတာမို့ နောင်တချိန်မှာ ကင်ဆာ ဖြစ်မလားလဲ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။ ငြင်းခုံနေဆဲ ဖြစ်တယ်။ ကင်ဆာ ဖြစ်မှာကို သက်သေပြချက်တော့ မရှိသေးပါ။
• ကလေးတွေက လူကြီးထက် ကင်ဆာ ဖြစ်နိုင်ခြေများမယ်လို့ ယူဆကြတယ်။ ၁ နှစ်သားကလေး ဗိုက်ကို ရိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ ဝ့၁၈%၊ ခေါင်းကိုရိုက်ရင် ဝ့ဝ၇% လို့ သုတေသနတခုက ဆိုထားတယ်။
• ဒါပေမဲ့ အမေရိကားမှာ ၁၅ နှစ်အောက် ကလေးပေါင်း တနှစ်မှာ ၆ သိန်းကို ရိုက်ပေးနတယ်။
• တကယ်တန်း ပြောရရင် မရိုက်သူတွေမှာလဲ ကင်ဆာဖြစ်နိုင်တဲ့ ကိန်းဂဏန်းနဲ့ ပြောရင် ထူးပြီးပိုတာဟာ မပြောပလောက်ပါ။

ကလေး နှလုံးခုန်နှုန်း
ကလေးတွေက လူကြီးတွေထက် နှလုံးခုန်မြန်တယ်။ ဒါ ပုံမှန်ဖြစ်တယ်။
• ၁ နှစ်အောက်ကလေး = တမိနစ်မှာ ၁၁ဝ-၁၆ဝ
• ၁-၂ နှစ် ကလေး = တမိနစ်မှာ ၁ဝဝ-၁၅ဝ
• ၂-၅ နှစ်ကလေး = တမိနစ်မှာ ၉၅-၁၄ဝ
• ၅-၁၂ နှစ်ကလေး = တမိနစ်မှာ ၈ဝ-၁၂ဝ
• ၁၂ နှစ်အထက်ကလေး = တမိနစ်မှာ ၆ဝ-၁ဝဝ

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/ct-scan.html


Healthy Life

253 blog messaggi

Commenti