Risks of an X-ray and Diagnostic ultrasound အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ်

Kyar Kyar ဆရာ့ဆောင်းပါးတွေထဲဖတ်ရတာ ကိုယ်ဝန်ဆောင်ချိန် x- rays ဓာတ်ရောင်ခြည် မရိုက်သင့်ဘူး 2D ultrasound တို့ 3D 4D ရိုက်တာကို

October 21, 2014
Risks of an X-ray and Diagnostic ultrasound အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ်

Risks of an X-ray and Diagnostic ultrasound

Kyar Kyar ဆရာ့ဆောင်းပါးတွေထဲဖတ်ရတာ ကိုယ်ဝန်ဆောင်ချိန် x- rays ဓာတ်ရောင်ခြည် မရိုက်သင့်ဘူး 2D ultrasound တို့ 3D 4D ရိုက်တာကိုတော့ ခုချိန်ထိ ဆိုးကျိုးကြီးကြီးမားမား ပြောကြတာမရှိသေးဘူး၊ (ကလေးအတွက် လေတို့ အပူတို့ပိုရမယ် ယောကျ်ားလေးဆို စကားပြောနှေးမယ်) လို့ ဖတ်ရပါတယ်။ goole ထဲမှာရှာကြည့်တော့လဲ နိုင်ငံခြားမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြလို့ လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဆေးကုမ္ပဏီတစ်ခုကဖြန့်တဲ့ ကိုယ်ဝန်ဆောင်အားဆေးကြော်ငြာ fb page တစ်ခုမှာ ပြောင်းပြန် တင်ထားတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ သွားခံတွင်းကျန်းမာရေးဂရုစိုက်ရမယ့်အကြောင်းနဲ့ ဒီအတွက် x-rays ပါရိုက်ထားသင့်ကြောင်း ကျမကပြန်ချေပတော့ gender ကြိုသိဖို့နဲ့ 3d 4d ultrasound သာ မရိုက်သင့်ကြောင်း ပြန်ရေးထားပါတယ်။ ဆေးပညာနဲ့ပတ်သတ်ပြီး လုံးဝတလွဲ ဖြစ်နေတဲ့ message မျိုး မပေးသင့်ဘူးလို့ ထင်ပါတယ်။ ဆရာရောဘယ်လို ထင်မြင်ပါသလဲ။

Diagnostic ultrasound ရောဂါရှာဖွေရေးသုံး အာလ်ထွာဆောင်း က စိတဆ်ချရပါတယ်။ ပါဝါရော လှိုင်းပါ နည်းနည်းလေးသာသုံးတယ်။ ကျန်းမာရေးအတွက် တိုက်ရိုက်အန္တရာယ်မရှိပါ။ အာလ်ထွာဆောင်း ဟာ အလွန် အသုံးကျပါတယ်။ ဒါပေမဲ့ အကန့်အသတ်ရှိတယ်။ လေနဲ့အရိုးကိုထိုးဖေါင်ဘို့ခက်တယ်။ အဲလိုနေရာတွေကို စမ်းသပ်ချင်ရင် CT or MRI scans, or X-rays တွေကိုသုံးရတယ်။

X-rays ဓါတ်မှန်ကတော့ သီအိုရီအရ နောင်တချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ ဒီအန္တရာယ်က နည်းပါတယ်။ Health Protection Agency (HPA) ရဲ့တွက်ချက်မှုက ဒီလိုရှိပါတယ်။
· ရင်ပတ်၊ သွား၊ လက်၊ ခြေတွေကိုရိုက်တဲ့ X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည် ရက်အနည်းငယ်စာနဲ့ညီပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝဝဝဝ မှာ ၁ ထက်နည်းမယ်။
· ဦးခေါင်းနဲ့ လည်ပင်း X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည်ရက်သတ္တပါတ်အနည်းငယ်စာနဲ့ညီပြီး ကင်ဆာ ဖြစ်နိုင်ခြေ ၁ဝဝဝဝဝ ကနေ ၁ဝဝဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
· နဲ့တင်ပါး၊ တင်ပါးဆုံ၊ ခါးရိုး၊ ဗိုက် နဲ့ ရင်သား မင်မိုဂရမ် X-ray (mammogram) တွေဟာ နောက်ခံ ဓါတ်ရောင်ခြည် တနှစ်စာနဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝဝ ကနေ ၁ဝဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
· barium meal လို barium meal အဖြူရောင်မြင်ရအောင်သုံးတဲ့ဆေးနဲ့ X-ray ရိုက်ရင် နောက်ခံ ဓါတ်ရောင်ခြည် နှစ်အနည်းငယ်နဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝ ကနေ ၁ဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
· ထပ်သိဘို့က ယူကေနိုင်ငံမှာ လူ ၃ ယောက်မှာ ၁ ယောက်ဟာ ကင်ဆာတမျိုးမျိုးရှိတယ်။ ဓါတ်မှန်ကြောင်လို့ မပြောနိုင်ပါ။ ကင်ဆာဖြစ်ဘို့ဆိုတာ အချက်တွေအများကြီးကိုပါ ထည့်တွက်ရတယ်။ ဥပမာ အသက်အရွယ်၊ လူနေမှုပုံစံ၊ မျိုးဗီဇ စတာတွေပါတယ်။

X-rays and pregnancy ဓါတ်မှန်နဲ့ ကိုယ်ဝန်
ကိုယ်ဝန်ဆောင်နေချိန်မှာ ဓါတ်မှန်ရိုက်ရရင် အထဲကကလေးအတွက်စဉ်းစားရတယ်။ ဓါတ်မှန်ဌာနတွေက အထူးသတိထားလို့ သားအိမ်ကိုဓါတ်ရောင်ခြည်ရောက်မဲ့ ဓါတ်မှန်ကို အရိုက်မခိုင်းပါ။ မဖြစ်လှတာကိုသာ ရိုက်ပါတယ်။ ရိုက်ရရင်လဲ အစိုးရိမ်မကြီးပါနဲ့။

http://www.nhs.uk/conditions/x-ray/Pages/Risks.aspx
http://www.mayoclinic.org/tests-procedures/ultrasound/basics/risks/prc-20020341
MRI Scan (အမ်-အာရ်-အိုင်) http://dts-medicaleducation.blogspot.com/2012/07/mri-scan.html
CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ http://dts-medicaleducation.blogspot.com/2011/04/ct-scan.html


ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/risks-of-x-ray-and-diagnostic-ultrasound_21.html


Healthy Life

253 Blog posts

Comments