Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ

မင်္ဂလာပါဆရာ ကျမအသက် ၃၁နှစ်ပြည့်ပြီးပါပြီ။ ဒီရက်ပိုင်းအတွင်း ညာဘက်ရင်သားထဲက စူးခနဲထိုးသလို ခံစားရပါတ

Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
၁။ မင်္ဂလာပါဆရာ ကျမအသက် ၃၁နှစ်ပြည့်ပြီးပါပြီ။ ဒီရက်ပိုင်းအတွင်း ညာဘက်ရင်သားထဲက စူးခနဲထိုးသလို ခံစားရပါတယ်။ အဖုအကျိတ် စမ်းကြည့်တော့လည်းမရှိပါဘူး။ ကင်ဆာဖြစ်မှာ စိုးရိမ်ပါတယ်ဆရာ။ ဘာရောဂါဖြစ်နိုင်တယ်၊ ဘယ်လိုဆရာဝန်မျိုးနဲ့ပြသင့်တယ်ဆိုတာကို ဆရာပြောပြ လမ်းညွှန်ပေးပါဆရာ။ ရိုသေလေးစားစွာဖြင့်။


၂။ ဆရာရှင့် ကျွန်မအသက်၂၇နှစ်ပါရှင့်။ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၉ရက်လောက်ကစ ကျွန်မရဲ့ ဘယ်ဘက်ရင်သားမှာ အကျိတ် ၂ ခုစမ်းမိပါတရ်။ တခုက ကြီးပြီးမာပါတယ်။ စမ်းရင်ရွေ့ပါတယ်။ တခုက nipple အောက်တည့်တည့်မှာပါ။ menstruation လာနေရင်း ၄ ရက်မြောက်နေ့မှာ စမ်းမိခြင်းဖြစ်ပါတယ်။ menstrual change ကြောင့်လို့ထင်ပြီး ဒီတိုင်းပဲ နေခဲ့မိပါတယ်။ ခုထိအကျိတ်ကရှိနေသေးလို့ ဘယ်လိုလုပ်သင့်သလဲ ဘယ်လိုကုသသင့်သလဲ။

၃။ မင်္ဂလာပါ ဒေါက်တာ။ သမီးရဲ့ညာဘက်ရင်သားမှာ မာနေတဲ့အခဲတခု ရှိနေပါတယ်။ တွေ့တာကြာနေပါပြီ။ ၁ နှစ် ကျော်လောက်ရှိပါပြီ။ စတွေ့တုန်းက မန်ကျည်းစေ့လောက်ရှိ။ ခု ကွမ်းသီးခြမ်းလောက်ရှိနေ။ နာကျင်ခြင်းမရှိ။ အကြောတက်ခြင်းလဲမရှိပါ။ မကိုက်ခဲပါ။ ထိုင်နေလျှင်စမ်းလို့မရ။ ပက်လက်အိပ်လျင်တွေ့ရပါတယ်။ ရာသီလာခါနီးရင် နာတက်ပါတယ်။ သမီးကကင်ဆာရောဂါ ဖြစ်မှာကြောက်နေလို့ပါ။ ဆရာဝန်နှင့်ပြဖို့ အဖြေသိမှာကြောက်နေမိပါတယ်။ အသက်က ၄၂ အပျို။ ရာသီက မှန်ပါတယ်။ နည်းတော့နည်းတယ်။ ၂ ရက်ပဲလာ။

၄။ ဆရာ သမီးအသက် ၁၃ နှစ်ပါဆရာ။ ညာဖက်ရင်သားမှာ အကျိတ်တက်နေလို့ပါ။ အစကတော့မနာပါဘူး။ အခုတော့ နာပါတယ်။ ဘယ်ဖက်ရင်သားမှာလဲတခါတလေဆိုရင်တက်ပါတယ်။ တက်နေတာ အခုဆို၃လလောက်ရှိနေပါပြီ။ အဲဒါ ရင်သားကင်ဆာများဖြစ်တက်လားလို့ပါဆရာ။ ပြီးရင် ရင်သားကင်ဆာက ဘယ်အသက်အရွယ်တွေမှာ ဖြစ်တက်လဲဆရာ။ သမီးက့ မှာနေပါတယ်။ ဆေးခန်းသွားပြဖို့ကလည်း့ စကားသိပ်မတက်လို့ပါ။ ဖြေပေးပါနော်ဆရာ။

၅။ ဆရာ ကျမနာမည်က့၊ အသက် ၃၁၊ အပျိုပါ၊ ကျမအခု့မှာပါ။ ကျမဘယ်ဖက်နို့ဘေး ချိုင်းအောက်မှာ အလုံးတလုံး ဂေါ်လီလုံးအရွယ်ရှိတယ်။ သုံးနစ်လောက်ကြာပြီ။ အလုံးကမာပြီး ရွေ့လို့ရတယ်၊ ဆရာဝန် တခါပြဖူတယ်၊ ဘာမှမဖြစ်ဘူးဆိုပြီး ဒီတိုင်ထားတယ်တယ်။ အခုရာသီလာချိန် နည်းနည်းကိုက်သလိုခံစားရတယ်။ ရင်သားကင်ဆာ ဖြစ်နိင်ပါသလား။ ခွဲစိတ်ဖို့ လိုမလားလို့ဆရာကို လှမ်းမေးကြည့်တာ၊ မျိုးရိုးမှာလဲ ကင်ဆာတော့ မရှိဘူးဆရာ။

၆။ ဆရာ သမီးညီမလေးက ရင်သားမှာ အကျိတ်ဖြစ်နေတာကို လွန်ခဲ့တဲ့ ၁ လလောက်က စပြီးစမ်းမိပါတယ်။ ခွဲမယ် ခွဲမယ်နဲ့ မခွဲဖြစ်ပဲနေနေရတုန်းပဲ။ အသက်က ၃၁ နှစ်ပါ အိမ်ထောင် မရှိပါဘူး။

မိန်းကလေးတိုင်း အမျိုးသမီးကြီးငယ်တိုင်း ကိုယ့်ရင်သားကိုယ် စမ်းသပ်ပြီး၊ သံသယရှိရင် ချက်ချင်း ဆရာဝန်ကို ပြသင့်တာ သိနေကြပါပြီ။ ကင်ဆာဆိုရင် ကြောက်စရာမှန်ပေမဲ့ စောစောသိလို့ စနစ်တကျကုသရင် အများကြီး ကောင်းစေတဲ့ ကင်ဆာထဲမှာ ရင်သားကင်ဆာက ထိပ်ကနေတယ်။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေက ၈ဝ% ရှိတယ်။ အမျိုးအစားကတော့ များပါတယ်။ ယေဘုယျပြောရရင် အကျိတ်နခမ်းသားက ချောမွေ့နေမယ်၊ ရွေ့ရှားလို့လဲ လွယ်တယ်။ နောက်ပြီး အကျိတ်ရယ်လို့ မဟုတ်ဘဲ ထိခိုက်မိလို့။ လစဉ်နဲ့ အသက်ကြောင့် ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးတွေကနေလည်း ရင်သားမှာ အရင်လိုမဟုတ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် ရင်သား နှစ်ဘက်ဟာ တသက်လုံး ပြောင်းလဲနေတာပါ။

အသက်ငယ်သူတွေမှာ ကင်ဆာမဟုတ်ပါ။ မစိုးရိမ်ပါနဲ့။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေကတော့ -

(၁) Fibrocystic changes (ဖိုက်ဘရိုဆစ်စတ) အပြောင်းအလဲ။ ဟော်မုန်းပြောင်းလဲနေတာကနေ ဖြစ်စေတယ်။ နှစ်ဘက်လုံးမှာ ဖြစ်တာများတယ်။ ဥပမာ ရာသီမလာခင် တင်းပြီး နာချင်တာမျိုး။ တခါတလေ နို့သီးအဖျားကို ညှစ်ကြည့်ရင် အရည်လိုပါ ထွက်နိုင်သေးတယ်။ အကျိတ်လိုဖြစ်နေတာ အချောင်းလိုက်၊ အမြှောင်းလိုက်နေမယ်။ စမ်းကြည့်ရင် ခပ်မာမာ ရာဘာနဲ့တူတယ်။ အသက် ၄ဝ အောက်မှာသာအဖြစ်များတယ်။ ခွဲစရာမလိုပါ။ ကုစရာမလိုပါ။ နာတာရောင်တာအတွက် အနေရခက်ရင် အနာ-အကိုက် သက်သာဆေးသောက်နိုင်ပါတယ်။

(၂) Simple Cysts ရိုးရိုး (ဆစ်)။ အရည်ပြည့်နေတဲ့အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။ ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်တာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုး လုပ်တာပါဘဲ။

(၃) Fibroadenomas (ဖိုက်ဘရိုအဒီနိုးမား)။ အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်တယ်။ အစိုင်အခဲဖြစ်နေမယ်။ စမ်းကြည့်ရင် ရင်သားအတွင်းထဲမှာ ရွေ့တာ သိပ်လွယ်ကူတယ်။ ဒါကြောင့် နို့ထဲကကြွက်လို့တင်စားခေါ်ကြတယ်။ ခွဲစိတ်ပေးရတာများတယ်။ အသက် ၂ဝ-၃ဝ အတွင်း အများဆုံးဖြစ်တယ်။ ခွဲရတာများတယ်။ ကင်ဆာမဟုတ်။
Lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ Laser ablation, Cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။

(၄) Intraductal papillomas နို့ပြွန်တွင်းက (ပက်ပလိုမား)။ သေးတယ်၊ အသေအချာကြည့်ရင် ကြွက်နို့လိုတူတယ်။ နို့သီးအနာတဝှိုက်မှာတွေ့ရတယ်။ အသက် ၄ဝ-၅ဝ တွေမှာပိုဖြစ်ပြီး နို့သီးအဖျားကနေ သွေးထွက်နိုင်တယ်။ Lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ Laser ablation, Cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။

(၅) Traumatic fat necrosis ထိခိုက်မိလို့ အဆီခဲတွေပျက်စီးခြင်းဖြစ်တယ်။ ခပ်ဝိုင်းဝိုင်း။ ခပ်တင်းမာမာ၊ တခုတည်းရှိပြီး၊ မနာဘူး။ အနာသက်သာဆေးသာလိုမယ်။

(၆) Mastitis နို့နာဆိုတာလဲ တခြားနေရာတွေမှာဖြစ်တဲ့အနာလိုပါဘဲ။ နို့ပိုးဝင်ခြင်းလည်းဖြစ်နိုင်တယ်။ အကျိတ်ဖြစ်မယ်၊ နာမယ်၊ အပေါ်ယံအရေပြား နီမြန်းနေမယ်။ အနာက အရေပြားနဲ့နီးမှသာ နီတာမြင်ရမယ်။ အပူချိန်စမ်းရင် ပိုပူနေမယ်။ အပူကပ်ရေးရမယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေး ပေးမယ်။ ပြည်တည်ရင်တော့ ပြည်ကို ထုတ်ရမယ်။

(၇) Breast Pseudolumps အကျိတ်မဟုတ်တဲ့ အကျိတ်။ ရင်သားအတုထဲက (စီလီကွန်) တနေရာကထူပျစ်လာတာ၊ အဆီခဲတချို့သေတာ၊ အောက်ကနံရိုး။ Breast cancer ကင်ဆာ၊ Lipoma အဆီအကျိတ် နဲ့ Milk cyst (galactocele) နို့ရည်ခဲတွေလည်း ထည့်စဉ်းစားရမယ်။

ရောဂါနာမည်တွေ အင်္ဂလိပ်လိုပါရေးထားလို့ စိတ်မပူ၊ စိတ်မရှုတ်ပါနဲ့။ ၁၊ ၂၊ နဲ့ ၃ တွေ အများဆုံးဖြစ်တယ်။ နံပါတ် (၃) ကိုသာ ခွဲပေးရတာများပါတယ်။


1. Breast Abscess and Mastitis နို့နာ http://dts-medicaleducation-adult.blogspot.in/2012/07/breast-abscess-and-mastitis.html
2. Breast Beauty ရင်သားအလှ http://dts-medicaleducation-adult.blogspot.in/2012/04/beauty-of-breast.html
3. Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ http://dts-medicaleducation-adult.blogspot.in/2014/02/breast-benign-lumps.html
4. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer-chemotherapy.html
5. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer-today.html
6. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer-treatment-regimes.html
7. Breast Cancer ရင်သား-ကင်ဆာ http://dts-medicaleducation-adult.blogspot.in/2012/07/breast-cancer.html
8. Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation-adult.blogspot.in/2013/09/1030am-sep-11-2013-pectoral-muscles.html
9. Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ http://dts-medicaleducation-adult.blogspot.in/2012/03/breast-enlargement.html
10. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://dts-medicaleducation-adult.blogspot.in/2012/07/fibroadenosis.html
11. Breast Implant ရင်သားအတု http://dts-medicaleducation-adult.blogspot.in/2012/07/breast-implant.html
12. Breast Inverted nipples နို့ပါးစပ် http://dts-medicaleducation-adult.blogspot.in/2012/07/breast-inverted-nipples.html
13. Breast Itching ရင်သား ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-itchiness.html
14. Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ http://dts-medicaleducation-adult.blogspot.in/2013/04/benign-breast-lumps.html
15. Breast Massage ရင်သား နှိပ်နယ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/breast-massage.html
16. Breast Milk Supply နို့ထွက်နည်းနေရင် http://dts-medicaleducation-adult.blogspot.in/2012/07/milk-supply.html
17. Breast Pain ရင်သားနာတာ ဘာလို့ပါလဲ http://dts-medicaleducation-adult.blogspot.in/2012/07/breast-pain.html
18. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-reconstruction.html
19. Breast reduction ရင်သားသေးအောင်လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2013/09/breast-reduction.html
20. Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း http://dts-medicaleducation-adult.blogspot.in/2012/07/breast-self-examination.html

ဒေါက်တာတင့်ဆွေ

https://doctortintswe.blogspot.com/2014/11/breast-benign-lumps.html


Healthy Life

253 Blog posts

Comments