Pityriasis rosea အရေပြားနာတမျိုး

• Pityriasis rosea ဆိုတာ လူရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့ အရေပြား အနီပြင် ရောဂါတခု ဖြစ်တယ်။
• Pityriasis rosea Gibert လို့လဲ ခေါ်တယ်။ ဘာ

November 22, 2014
Pityriasis rosea အရေပြားနာတမျိုး

Pityriasis rosea

• Pityriasis rosea ဆိုတာ လူရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့ အရေပြား အနီပြင် ရောဂါတခု ဖြစ်တယ်။
• Pityriasis rosea Gibert လို့လဲ ခေါ်တယ်။ ဘာလို့ဖြစ်လဲ အသေအခြာ မပြောနိုင်ဘူး။ ဗိုင်းရပ်စ် လို့ ထင်ရတယ်။
• တအိမ်ထဲမှာ တယောက်မက ဖြစ်တာ တွေ့တတ်ပေမဲ့ တယောက်ကနေ နောက်တယောက်ကို ကူးတာတော့ မဟုတ်ပါ။
• အနီကွက် တခုထဲကနေ စတယ်။ ဗိုက်၊ ရင်ပတ်၊ ကျော၊ လက်၊ ခြေတွေမှာ ပေါ်နိုင်တယ်။
• ခပ်ဝိုင်းဝိုင်းနေမယ်။ မျဉ်းကြောင်းတွေလို ပေါ်တတ်လို့ (ခရစ်စမတ်) သစ်ပင်လို့ တင်စား ခေါ်ကြတယ်။
• ပန်းရောင်ကနေ နီရဲရဲ ဖြစ်မယ်။
• ယားနိုင်တယ်။
• မသင်ကာလို့ သွေးစစ်ရင် (ဆစ်ဖလစ်) မဟုတ်တာ သိရမယ်။
• ဆေးမကုဘဲလဲ ပျောက်မယ်။ သာမန်ကာ ဆေးသုံးနိုင်တယ်။
• ရေချိုးပြီး lubricants or creams ခရင်တခုခု၊ mild hydrocortisone creams ကော်တီဇုန်းဆေး ခပ်ပြာ့ပြော့ လိမ်းနိုင်တယ်။
• ယားတာ သက်သာချင်ရင် Antihistamines စားဆေးသောက်ပါ။ calamine lotion လိမ်းနိုင်တယ်။
• နေရောင်နဲ့ အကြာကြီးမဟုတ်ဘဲ တွေ့ပေးရင် အပျောက် မြန်မယ်။
• ၆၉% အသက်ရှူလမ်းမှာ ရောဂါတခုခု ရနေရာကနေ ဒီရောဂါရလာတတ်တယ်။ ဥပမာ လည်ချောင်းနာ။
• စဖြစ်တဲ့ အနီကွက်ကို herald patch ခေါ်တယ်။ လူတိုင်းမယားဘူး။ ၂၅% သာယားတယ်။ နဲနဲဖျားနိုင်တယ်။
• ဖြစ်ရင် ၄-၈ ပါတ် ကြာတတ်တယ်။ ကံဆိုးရင် ၁၂ ပါတ်အထိ ကြာနေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/pityriasis-rosea.html


Healthy Life

253 Blog posts

Comments