Lungworms အဆုပ်သန်ကောင်

ကျွန်တော့်အသိ ညီလေးတစ်ယောက်ပါဆရာ။ အသက် ၁၈ နှစ်ရှိပါပြီ။ သူ့ရဲ့ အဆုတ်ထဲမှာ တစ်ခုခု ရွစိရွစိ သွားနေသလို ခ

November 28, 2014
Lungworms အဆုပ်သန်ကောင်

Lungworms

ကျွန်တော့်အသိ ညီလေးတစ်ယောက်ပါဆရာ။ အသက် ၁၈ နှစ်ရှိပါပြီ။ သူ့ရဲ့ အဆုတ်ထဲမှာ တစ်ခုခု ရွစိရွစိ သွားနေသလို ခံစားရတယ်လို့ အမြဲပြောတယ်ဆရာ။ ခုနောက်ပိုင်း လည်ချောင်းထဲထိ တက်လာသလို ခံစားရတယ်လို့ ထပ်ပြောလာပါတယ်။ တစ်နေ့ ထမင်းငါးထပ်စားပါတယ်။ ၁ နာရီခွဲတစ်ခါ ဆိုသလို ဗိုက်အရမ်း ဆာလောင်တက်တယ်။ စားသလောက် အသားမဖြစ်ပါဘူး။ ခပ်ပိန်ပိန်လေးပါဆရာ။ သူ့မှာ Bronchitis လို လက္ခဏာမျိုးရှိပါတယ်ဆရာ။ ဆေးလိပ်မသောက်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က TB ဆေးသောက်ထားပါတယ်။ ၆ လပါ။ Chest X ray ရိုက်တော့ lung ရဲ့ apex မှာ opaque လေးဖြစ်နေပါတယ်။ lymph nodes တွေကြီးနေပါတယ်။ Tuberculin test negative ပါ။ early morning sputum 3 ကြိမ်ယူပါတယ် negative ပါ။ ဒါပေမဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေး ၆ လောက် သောက်ခဲ့ပါတယ်။ သောက်နေရင်းနဲ့ ကျွန်တော့် ပြန်ပြောပြတာက ၄ လ မြောက် ရင်ခေါင်းတည့်တည့်က နာလာပါတယ်တဲ့ဆရာ။ ၄ လ မြောက်မှာပဲ chest x ray ထပ်ရိုက်ခိုင်းတော့ Bronchus နားမှာ consodilation ဆိုလား fibrosis ဆိုလားဖြစ်လာပါတယ်။ သူ့မှာ TB လက္ခဏာမရှိပါဘူး။ ချောင်းဆိုးတာ။ ညနေခင်းဖျားတာ။ တစ်ခုမှမရှိပါဘူး။ TB treatment complete ဖြစ်သွားပြီး အတော်ကြာတော့ မနက်အိပ်ယာနိးရင် ပျို့ပျို့ပြီး ချောင်းဆိုးပါတယ်။ အန်ပါတယ်။ ထမင်း စားပြီးတိုင်း Body temperature က အရမ်းပူလာပါတယ်။ အလိုလိုနေရင်း ခေါင်းချွေးနဲ့ လည်ပင်း ဝမ်းဗိုက်ပိုင်း ချွေးတွေ မနားတမ်းထွက်ပါတယ်။ ကန်တော့ပါရဲ့ဆရာ။ ခြေသလုံးနဲ့ ပေါင်မှာ အမဲစက်တွေအများကြီးပါ။ ညှစ်ရင် အဆံလေးတွေထွက်ပါတယ်။ အသားရေက အမြဲခြောက်ကပ်။ သူ အမြဲ အစာစားပါတယ်။ အားမရှိသလို နံးနေတယ်လို့ ပြောပါတယ်။ ဆေးခန်းတွေလဲပြပါတယ်။ ခု နောက်ဆုံးရိုက်တဲ့ chest x ray က အရင် chest x ray အတိုင်း Apex of the lungs မှာ opaque ဖြစ်တုန်းပါပဲ။ ခုထိ neck lymph nodes တွေရှိဆဲပါ။ ကျွန်တော်တွေ့ဖူးတဲ့ ကကလေးတစ်ယောက်က ချိတ်သံကောင်တွေ body မှာပြန့်သွားလို့ ဆေးမနိင်ပဲ သေသွားပါတယ်။ ခုဒီညီလေးရော အဲ့လို ဖြစ်နိင်ပါလားဆရာ။ အနာတစ်ခြား ဆေးတစ်ခြားဖြစ်နေလို့ အကြံပေးပါဦးဆရာ။ ဘယ်မှာ ပြသင့်ပါသလဲ။ ကျေးဇူးတင်ပါတယ်ဆရာ။ သံချဆေး mebendazole ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ၆ လတစ်ခါ သောက်ထားပါတယ်။ Worm infections in lungs လို့ယူဆနိင်ပါလားဆရာ။ ခုချိန်ထိ ပျို့ပျို့ပြီး ချောင်းဆိုးပါတယ်။ ခန္ဓာကိုယ်က အမြဲပူနေပါတယ်။ အရေပြားအနှံ့ ဝက်ခြံလို အဆံလေးတွေ ပေါက်ပါတယ်။ ချွေးတအားထွက်ပါတယ်။ တစ်ခါတစ်လေ respiratory tract ထဲက အပုပ်နံ့လိုလို၊ မစင်နံ့လိုလိုရတယ် ပြောပါတယ်။ ဘာ test တွေလုပ်ပြီး၊ ဘယ်သမားတော်နဲ့ ပြသရပါမလဲဆရာ။

တီဘီ ကိုသံသယရှိတာလဲ မမှားပါ။ ၆ လဆိုရင် ပိုးတွေသေပါမယ်။ တီဘီဖြစ်တာမှန်ရင်လဲ ပိုးသေပေမဲ့ အဆုပ်မှာ အမာရွတ်လိုကျန်နိုင်လို့ ဓါတ်မှန်မှာ အဖြူရောင်ပြနေတာ ကျန်နေနိုင်ပါတယ်။ တီဘီမဟုတ်ပဲ တခြားရောဂါကိုလဲ ဆက်စဉ်းစားရပါမယ်။ ဒီအသက်မှာ အဆုပ်ကင်ဆာကိုသံသယမထားသင့်သေးပါ။ တက်စေ့ဆိုတာက ဗက်တီးရီးယား ဝင်တာ၊ တီဘီဖြစ်တာနဲ့ ကင်ဆာကနေလဲ ဖြစ်စေနိုင်တယ်။

အနံ့ဆိုးရတာက ပိုးအသေတွေနဲ့ သွေးဖြူဥအသေတွေရောနေလို့ဖြစ်ပါမယ်။ ပိုးအမျိုးအစားအလိုက် အနံ့ထွက်တတ်တယ်။

သန်ကောင်ကို သံသယထားတာလဲ မလွန်ပါ။ ဓါတ်မှန်နဲ့ မသိသာရင် တခြားစစ်ဆေးနည်းတွေ လုပ်ရပါအုံးမယ်။ ရွစိရွစိနေတာနဲ့တော့ သန်ကောင်လို့ ပြောမရသေးပါ။ ချွဲကြောင့်လဲဖြစ်နိုင်တယ်။ အဆုပ်ကို သန်ကောင်ဝင်ရင် ချောင်းဆိုးမယ်။ ပန်းနာမှာလို လေပြွန်ကျဉ်းတဲ့အထဲကို လေဖြတ်ရတဲ့အသံမျိုးကြားရမယ်။ လူကပိန်ပိန်လာမယ်။ စစ်ကြည့်ရင် ဝမ်းနဲ့ သလိပ်ထဲမှာ သန်ဥတွေ့နိုင်တယ်။ သွေးစစ်ရင် အီယိုဆင်နိုဖီးလ် များနေမယ်။

Strongyloides stercoralis သန်ကောင်အမျိုးအစားကနေဖြစ်စေနိုင်တယ်။ bronchitis လေပြွန်ရောင်တာနဲ့ pneumonia နူမိုးနီးယားဖြစ်စေမယ်။ အဆုပ်တစ်ရှူးတွေကို ပျက်စီးစေမယ်။ လူကိုပါသေစေနိုင်တယ်။

သန်ချဆေးပေးမယ်။ ဆိုးတဲ့သူတွေကို Prednisolone ဆေး ရက်တိုပေးမယ်။ Oxibendazole ဆေးကို ကာကွယ်ရာမှာ သုံးတယ်။ Fenbendazole ဆေးကို ကုသရာမှာသုံးတယ်။

ရင်ခေါင်းပိုင်းသမားတော်က အကောင်းဆုံးကုသပေးနိုင်ပါတယ်။

အဆုပ်သန်ကောင်က တိရစ္ဆာန်တွေမှာအဖြစ်များတယ်။ အမေရိကမှာ fluke worms သန်ကောင်ကနေဖြစ်တာ များလာတယ်လို့ ၂ဝဝ၉ တုံးကထုတ်ပြန်ချက်တခုရှိပါတယ်။ Crawfish ငါးအစိမ်းစားသူတွေမှာလဲလိုဖြစ်တယ်။ Shellfish ငါးအမျိုးအစားတွေက ဒီသန်ကောက်တွေရဲ့ နေအိမ်လို ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/lungworms.html


Healthy Life

253 Blog posts

Comments