Liver cancer early detection အသည်းကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ

ဆရာခင်ဗျား ကျနော် မှာ ဘီ ပိုး Positive ဖြစ်နေတာ ၁၉၈၉ ခုနှစ်ကထဲကဖြစ်ပါသည်။ ပြီးခဲ့တဲ့လကသွေးစစ်တော့လဲ ဘီ positive ပါဘ

November 25, 2014
Liver cancer early detection အသည်းကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ

Liver cancer early detection

ဆရာခင်ဗျား ကျနော် မှာ ဘီ ပိုး Positive ဖြစ်နေတာ ၁၉၈၉ ခုနှစ်ကထဲကဖြစ်ပါသည်။ ပြီးခဲ့တဲ့လကသွေးစစ်တော့လဲ ဘီ positive ပါဘဲဆရာ။ ကျနော် ကင်ဆာ ဖြစ်မှာစိုးရိမ်နေပါသည်။ ရောဂါအနုအရင့်နဲ့ကင်ဆာအတွက် သွေးစစ်ရမဲ့ အချက်အလက်များကို ဖေါ်ပြပေးပါခင်ဗျာ။

• ခက်တော့ ခက်ပါတယ်။ ရောဂါလက္ခဏာတွေက နောက်ပိုင်းရောက်မှသာ ပေါ်လာတတ်လို့ ဖြစ်ပါတယ်။
• ကင်ဆာအကျိတ်က သေးနေပြန်ရင်လဲ တွေ့ဘို့မလွယ်ပြန်ပါ။
• စောစောသိနိုင်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာအတွက် ဆရာဝန်တွေကြား အယူအဆ မတူတာတွေ ရှိပြန်တယ်။
• တချို့က နာတာရှည်ဖြစ်နေတဲ့ အသည်းခြောက်တာကနေ ဆက်ဖြစ်တယ်။
• ဆရာဝန်အများစုက အလားအလာရှိနိုင်ူတွေကို ၆-၁၂ လတခါ ဆေးစစ်ဘို့ လမ်းညွှန်တယ်။
• Alpha-fetoprotein (AFP) သွေးစစ်တာနဲ့ Ultrasound အာလ်ထွာဆောင်းရိုက်တာ ၂ မျိုး လုပ်စေပါတယ်။
(၁) Alpha-fetoprotein (AFP) blood test
- AFP ဆိုတာ ပရိုတင်းတမျိုးဖြစ်တယ်။ သနေသားဘဝများ အများရှိရှိနေခဲ့ပြီး မွေးလာတဲ့နောက်မှာ နည်း-ပျောက်ကွယ် သွားရမယ်။ လူကြီးအရွယ်မျာ သွေးထဲ အဲတာများနေရင် Liver cancer အသည်းကင်ဆာ ဒါမှမဟုတ် ယောက်ျားဆိုရင် Germ cell tumor of the testicle ကျားအစိ ကင်ဆာ နဲ့ မိန်းမဆိုရင် Ovarian cancer မျိုးဥအိမ်ကင်ဆာဖြစ်မလား သံသယရှိတယ်။
- ခက်တာက မတိကျလှဘူး။ တချို့ အသည်းကင်ဆာမျာ ဒါကများမနေပြန်ဘူး။ များနေတာတွေ့ပြန်ရင်လဲ ကင်ဆာက ကြီးနေနိုင်တာလဲရှိပြန်သေးတယ်။ တခြားကင်ဆာမဟုတ်တဲ့ရာဂါကနေလဲ အဲဒါတွေများနေတတ်သေးတယ်။
(၂) Ultrasound အာလ်ထွာဆောင်း
- ကင်ဆာရှိနေရင် Masses (Tumors) အလုံး-အကျိတ်တွေပမယ်။ ဒီနည်းကိုလဲ ၆-၁၂ လတခါလုပ်သင့်တယ်။
• ဘယ်လိုလူတွေက စစ်ဆေးသင့်သလဲ
- Chronic hepatitis B virus (HBV) ဘီပိုးကြောင့် နာတာရှည်အသည်းရောင်နေသူတွေ၊
- Family history of liver cancer မိသားစုထဲမှာ အသည်းကင်ဆာရှိသူတွေ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/liver-cancer-early-detection.html


Healthy Life

253 Blog posts

Comments