Migraine (1) မိုင်ဂရင်း (၁)

(မိုင်ဂရင်း) ခေါင်းကိုက်ပုံက အထဲမှာ သွေးကြောခုန်သလိုဖြစ်တယ်။ ကွက်ပြီး ထိုးကိုက်တယ်။ နာတာကလဲ တမျိုး၊ တဖက

November 29, 2014
Migraine (1) မိုင်ဂရင်း (၁)

Migraine (1)

(မိုင်ဂရင်း) ခေါင်းကိုက်ပုံက အထဲမှာ သွေးကြောခုန်သလိုဖြစ်တယ်။ ကွက်ပြီး ထိုးကိုက်တယ်။ နာတာကလဲ တမျိုး၊ တဖက်ထဲကနာမယ်။ ပျို့-အန်ချင်မယ်။ အလင်းရောင်ကို မကြည့်နိုင်ဘူး။

တချို့ကြ နှစ်ဘက်လုံး ကိုက်သလို ထိုးကိုက်သလို မဟုတ်ဘဲ Dull ထုံသလို ကိုက်တယ်။ တချို့မှာ အစားပျက်မယ်။ Cognitive impairment အသိဉာဏ်ဆိုင်ရာ အားနည်းမယ်။ Phonophobia ဆူတဲ့အသံ မကြားချင်ဘူး။ Osmophobia တချို့အနံ့ကို မကြိုက်တာဖြစ်မယ်။ မျက်စိကြည့်ရတာမကောင်း ဖြစ်မယ်။

ဇီဝကမ္မ-ရောဂါဗေဒအရ ပြောရရင် အာရုံကြော နဲ့ သွေးကြော အလုပ် မမှန်တာပါ။ သွေးကြောနားက (ပါရာဆင်ပသက်တစ်) အာရုံကြောကနေ ထုတ်ပေးတဲ့ Neuropeptides ကြောင့် သွေးကြောတွေ ကျယ်ပြီး မိုင်ဂရင်း ခံစားရတယ်။ Trigeminal nucleus caudalis, Nucleus tractus solitarius နဲ့ Dorsal raphe nucleus အာရုံကြော ဆိုင်ရာတွေ အလုပ်မမှန်တာကြောင့်လို့ ယူဆရတယ်။ Imaging studies နည်းနဲ့စစ်ဆေးတော့ Brainstem ဦးနှောက် အညှာနေရာမှာရှိတဲ့ Sensory modulation နေရာမှာ အမှားတွေ့ရလို့ Sensory processing နာတာကိုသိတဲ့စနစ် ချို့ယွင်းတာလို့ သိရတယ်။ ရောဂါခံစားရခါနီးမှာ ဒါမှမဟုတ်ခံစားရချိန်မှာ Cerebral blood flow ဆိုင်ရာ ဦးနှောက် နေရာကို သွေး လိုသလောက် မရောက်တော့ဘူး။ တနာရီ ဒါမှမဟုတ် နောက်ပိုင်းမှာတော့ သွေးပိုလျှောက်လာပြန်တယ်။

• Acute attacks ရောဂါထချိန်မှာ နားပါ၊ ဆိတ်ငြိမ်ရာ၊ အလင်းရောင်နည်းရာမှာ နေပါ။
• Aspirin, Acetaminophen, Ibuprofen, Naproxen တခုခုသောက်ပါ။ တလမှာ ဒီဆေးတွေကို ၁၅ ရက် ထက်တော့ ပိုမသောက်ပါနဲ့။ ဆေး တမျိုးမကတွဲသောက်တာဆိုရင် ၁ဝ ရက်ထက်မပိုပါနဲ့။
• Cafergot (Ergotamine tartrate 1 mg + Caffeine 100 mg) ဆေးကလဲ သက်သာစေတယ်။ ခေါင်းကိုက်တာနဲ့ ၁ ပြား ၂ ပြား သောက်နိုင်တယ်။ နောက်ပိုင်း မိနစ် ၃ဝ တခါ ၁ ပြား သောက်နိုင်တယ်။ တချီမှာ ၆ ပြားအထိ သောက်နိုင်တယ်။ ဆေးကိုစုပ်ယူတာနှေးလို့ရော၊ အန်တာကြောင့်ပါ တခါတလေ ထိရောက်မှု နည်းတတ်တယ်။
• Cafergot ဆေးကို Suppositories (Ergotamine 2 mg) စအိုကနေလဲ ပေးနိုင်တယ်။ ဒါမှမဟုတ် Dihydroergotamine mesylate 0.5–1 mg ကို သွေးကြောထဲဖြစ်ဖြစ် 1–2 mg ကို အသားဆေးဖြစ်ဖြစ် နဲ့ အရေပြားအောက်ဖြစ်ဖြစ် ထိုးပေးနိုင်တယ်။
• Prochlorperazine 25 mg suppository စအိုထဲ ဒါမှမဟုတ် 10 mg သွေးကြောထဲထိုးရတယ်။
• Ergotamine ပါတဲ့ဆေးတွေကို ကိုယ်ဝန်ဆောင်နေချိန် မပေးရပါ။
• Sumatriptan ဆေးက သက်ရောက်မှုရတာ မြန်တယ်။ အရေပြားအောက်မှာ ထိုးတယ်။ ကိုယ်ဖါသာလဲ ထိုးဘို့ လုပ်ထားတာမျိုးရှိတယ်။ နှာခေါင်းကနေဆေးပေးတာမျိုးလဲလာတယ်။ စားဆေးလဲ လာတယ်။
• Zolmitriptan စားဆေးကလဲ ဒီဆေးနဲ့ဆင်ဆင်ဘဲ။ 5 mg သောက်တာ ၁ နာရီနေရင် သက်သာမယ်။ နှာခေါင်းကနေပေးတာမျိုးလဲ လာတယ်။
• Eletriptan 80 mg ဆေးကို ရုတ်တရက်ဖြစ်တာအတွက်သုံးပြီး၊ Frovatriptan 7.5 mg ဆေးကို ရေရှည်အတွက် ပေးတယ်။
• Triptans ဆေးက အန်ချင်တတ်တယ်။ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်တွေ မပေးတာကောင်းတယ်။ နှလုံးရောဂါ၊ အဝလွန်သူ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူတွေကိုလဲ မပေးဘူး။ ဒါပေမဲ့ Naproxen 500 mg နဲ့တွဲပေးရင် ထိရောက်တယ်။
• Neuroleptic droperidol ကလဲ ရုတ်တရက်ဖြစ်တာအတွက်ကောင်းတယ်။
• Metoclopramide ဆေးကို အကြောဆေးထိုးပေးနိုင်တယ်။
• Opioid analgesics ဘိန်းပါတဲ့ အနာသက်သာဆေးကို တချို့အတွက်သုံးရတယ်။ Meperidine 100 mg အသားဆေး၊ Butorphanol tartrate 1 mg/spray နှာခေါင်းထဲပန်းဆေး၊ Propofol အကြောဆေး၊

Preventive Therapy မဖြစ်အောင် ဘယ်လိုဆင်ခြင်မလဲ
• Amitriptyline 10–150 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = အိပ်ချင်၊ အာခေါင်ခြောက်၊ ဝမ်းချုပ်၊ အလေးချိန်တက်၊ မျက်စိကြည့်မကောင်း၊ ကိုယ်ရောင်၊ သွေးဖိအားတက်၊ ဆီးသွားရခက်၊
• Botulinum toxin type A ထိုးဆေးကို ဦးရေခွံမှာထိုးပေးတာလဲလုပ်တယ်။
• Clonidine 0.2–0.6 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = အိပ်ချင်၊ ခေါင်းကိုက်၊ ဝမ်းချုပ်၊
• Cyproheptadine 12–20 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = အိပ်ချင်၊ အာခေါင်ခြောက်၊ ဗိုက်အောင့်၊ ဝမ်းမမှန်၊
• Fluoxetine 20–60 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = စိုးရိမ်စိတ်၊ အိပ်မရ၊ ချွေးထွက်များ၊ လက်တုံ၊ ဝမ်းမမှန်၊
• Imipramine 10–150 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = အိပ်ချင်၊ အာခေါင်ခြောက်၊ ဝမ်းချုပ်၊ ကိုယ်အလေးချိန်တက်၊ မျက်စိကြည့်မကောင်း၊ ကိုယ်ရောင်၊ သွေးဖိအားတက်၊ ဆီးသွားရခက်၊
• Propranolol 80–240 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = အားယုတ်၊ စိတ်ကျ၊ အိပ်မရ၊ ပျို့-အန်ချင်၊ ဝမ်းချုပ်။
• Sertraline 50–200 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = စိုးရိမ်စိတ်၊ အိပ်မရ၊ ချွေးထွက်များ၊ လက်တုံ၊ ဝမ်းမမှန်၊
• Timolol, Metoprolol, Nimodipine, Nicardipine, Diltiazem ဆေးတွေလဲသုံးနိုင်တယ်။
• Verapamil 80–160 mg ဆေး၊ ဘေးထွက်ဆိုးကျိုး = ခေါင်းကိုက်၊ သွေးဖိအားကျ၊ ကိုယ်ရောင်၊ မျက်နှာနီမြန်း၊ ဝမ်းချုပ်၊
• အတက်ကျဆေးတွေဖြစ်တဲ့ valproic acid (500–1500 mg), Gabapentin (900–2400 mg) နဲ့ Topiramate (50–200 mg) တွေကိုလဲသုံးတယ်။ Valproic acid ကို ကိုယ်ဝန်တွေမှာ မသုံးပါ။

ကိုယ်မကြိုက်တဲ့ အနံ့တခုခု ဥပမာ ညှော်နံ့၊ ပုပ်နံ့ စတာမျိုးကို စိတ်ထဲမှာ တွေးလိုက်တာနဲ့ (မိုင်ဂရင်း) ဖြစ်လာစေမဲ့ ပဏာမပျိုးအဆင့် Aura ကို ရစေနိုင်တယ်။

(မိုင်ဂရင်း) ဖြစ်သူတွေထဲက ၃ဝ% ဟာ အနံ့အသက် အပါအဝင် အာရုံခံမှုနဲ့ ဆက်စပ်တယ်။ အမြင်ကြောင့် ဥပမာ အလင်းရောင်၊ အမဲစက် မျိုးကနေစတာကတော့ ပိုများပါတယ်။

နယူးယော့ခ်မှာရှိတဲ့ Montefiore Headache Center ကနေ သုတေသနလုပ်သူ Matthew Robbins ပြောတာက "အနံ့ကနေ တချို့မှာ အဲလို (မိုင်ဂရင်း) ရောဂါလာဖြစ်ကြတယ်။" “အဖြစ်များလှတော့မဟုတ်ပါ။ ဒါပေမဲ့ သိသာတယ်။ အဲလို တကယ်အနံ့မရဘဲ ရတာမျိုးကို Olfactory hallucinations ခေါ်တယ်။”

သုတေသန လုပ်သူတွေက (မိုင်ဂရင်း) နဲ့ ခေါင်းကိုက်လူနာ ၂၅ ယောက်ကို စမ်းသပ်တာဖြစ်ပါတယ်။ ၂ နှစ်ခွဲအတွင်း လူနာပေါင်း ၂၁ဝဝ ရဲ့ မှတ်တမ်းတွေကိုလည်း စစ်ဆေးပါသေးတယ်။ အများစုက မီးလောင်တဲ့အနံ့၊ မီးခိုးနဲ့ကို မကြိုက်ကြပါ။ တချို့က ဘယ်မီးခိုးနံ့ဖြစ်ဖြစ်၊ တချို့က တိတိကျကျ ဥပမာ ဆေးလိပ်မီးခိုးနံ့၊ သစ်သားမီးလောင်တဲ့အနံ့၊ ပြောင်းဖူး (ပေါ့ပ်ကွန်) ညှော်နဲ့ တွေကို မကြိုက်ကြဘူး။ အမှိုက်နဲ့၊ ပုပ်သိုးနံ့၊ မိလ္လာနံ့တွေကို ဒုတိယတန်း မကြိုက်ကြပါ။ လူနည်းနည်းက ကောင်းတဲ့အနံ့ ဥပမာ Oranges လိမ္မော်နံ့၊ Coffee ကော်ဖီ၊ Foie gras အသဲ (ဘဲသဲ) ကို မကြိုက်တာလဲ တွေ့သိရတယ်။

ကမ္ဘာမှာ လူ ၁၁%မှာ (မိုင်ဂရင်း) ရောဂါရှိမယ်။ Olfactory hallucinations အနံ့တကယ်မရဘဲ စဉ်းစားလို့ ရောဂါ ထလာတာ ရှားတော့ ရှားပါတယ်။ ဒီအချက်ကို ဘာလို့ဆိုတာ ဆရာဝန်တွေက နည်းမလည်ကြသေးဘူး။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/migraine-1.html


Healthy Life

253 Blog posts

Comments