Proctitis စအို ရောင်ခြင်း

ယခု ကျွန်တော်အသက်က ၃ဝ ထဲရောက်နေပါပြီဆရာ။ ကျွန်တော် အသက် ၂၅ လောက်မှာတုန်းက လိပ်ခေါင်းဖြစ်ဖူးပါတယ်။ မြန်

November 22, 2014
Proctitis စအို ရောင်ခြင်း

Proctitis

ယခု ကျွန်တော်အသက်က ၃ဝ ထဲရောက်နေပါပြီဆရာ။ ကျွန်တော် အသက် ၂၅ လောက်မှာတုန်းက လိပ်ခေါင်းဖြစ်ဖူးပါတယ်။ မြန်မာပြည်မှာပေါ့။ တိုင်းရင်းဆေးနဲ့ကုလိုက်ရာ ပျောက်ကင်းသွားတယ်လို့ ယူဆရပါတယ်။ သို့သော် ခြေထောက်များ လည်ပင်းများက ယခင်နီးပါ ညောင်းကိုက်လျှက်ပါ။ သို့သော် ယခု နောက်ပိုင်းတွင် ကျွန်တော့်၏ စအိုမှ အရည်လို အကျိအချွဲလို ကပ်စေးကပ်စေးများ ထွက်ထွက်နေပါတယ်။ အနံမှာ ယခင်က လိပ်ခေါင်းမှ ထွက်သော အနံ့အတိုင်းပါပဲခင်ဗျား။ ထို့ကြောင့် ကျွန်တော်က ဆေးခန်းကို သွားပြပါတယ်။ ဆေးခန်းမှ သွေးကိုဖောက်ကြည့်ပြီး စစ်ဆေးပါတယ်။ ကျွန်တော့်မှာ ဘာမှ မဖြစ်ပါဘူးလို့ အကြောင်းပြန်ပါတယ်။ သို့သော် ယခုနောက်ပိုင်းတွင် နာရီဝက်တကြိမ်ခန့် အိမ်သာသို့သွားပြီး အမြဲလို တစ်ရူးများဖြင့် သန့်ရှင်းနေရပါတယ်ဗျာ။ မည်သည့်ဆေးကို သောက်သုံးသင့်ပါသလဲ။ (့) မှာ နေပါတယ်။

လိပ်ခေါင်းက ပြန်ဖြစ်တတ်ပါတယ်။ တိုင်းရင်းဆေးနည်းကို ဆရာသိပ်မသိပါ။ လိပ်ခေါင်းနဲ့ လိပ်ခေါင်းလိုဖြစ်တဲ့ ရောဂါကို သွေးစစ်တယ်ဆိုတာကို သိပ်ဆက်စပ်လို့ မရပါ။ သွေးစစ်တယ် ဆိုတာလဲ အမျိုးမျိုးရှိသေးပြန်တယ်။ ဆရာဝန်ကို ပြထားတာမို့တော့ စိုးရိမ်စရာ လိုမယ်မထင်ပါ။ စအိုကနေ အဲလိုအရည်ထွက်တာဟာ အစာဟောင်းအိမ်ကနေ လာတာ ဖြစ်ပါမယ်။ အဲဒီနေရာမှာ လိပ်ခေါင်းအပြင် တခြားရောဂါတွေလဲ ရှိနိုင်တယ်။ အသက် ၃ဝ ဆိုတာ ကင်ဆာ (မဖြစ်ဘို့) အလွန်များပါတယ်။ ခုအတိုင်းတော့ ဘာရောဂါလို့ ပြောမရသေးတာမို့ ဆေးနည်းကိုလဲ ပြောမဖြစ်သေးပါ။ ဖြစ်နိုင်ခြေတွေကို ရေးပြပါမယ်။

Proctitis ဆိုတဲ့ စအို-အစာဟောင်းအိမ် ရောင်ခြင်းဆိုတာ အများဆုံးဖြစ်နိုင်တယ်။ အောက်ဆုံး ၆ လက္မနေရာအတွင်းမှာ ဖြစ်တယ်။ ဝမ်းအသွားရခက်မယ်၊ ဝမ်းပျက်မယ်၊ Proctitis ကို ဖြစ်စေတဲ့ အကြောင်းတွေက တခုမကရှိတယ်။ တခါတလေ ဘာလို့လဲ မသိနိုင်ဘူး။ စိတ်ဖိအား များရာကနေလဲ ဖြစ်နိုင်တယ်။ ဓါတ်ကင်ရာကနေ ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တာ၊ ဥပမာ Lymphogranuloma venereum နဲ့ herpes proctitis တွေ ဖြစ်တယ်။ (ဂေး) တွေမှာ ယောက်ျကားတွေနဲ့ ဆက်ဆံတာ များရာကနေဖြစ်မယ်။ အဲလိုမဟုတ်ဘဲ မသန့်တဲ့ ဝမ်းခြူပိုက် ကနေလဲ Lymphogranuloma venereum proctitis ကူးစက်လာနိုင်တယ်။ အရင်က Gay bowel syndrome ရောဂါလို့ခေါ်တာ နှိမ်ရာကျတယ်ဆိုလို့ မခေါ်တော့ဘူး။

စအိုကနေ သွေးထွက်မယ်၊ ဝမ်းသွားလို့ ပြီးသေးတယ် မထင်ဘူး၊ ဝမ်းသွားနေတုံးမှာ သူ့အလိုလိုညှစ်နေတာခံစားရမယ်၊ ဗိုက်ဘယ်ဘက်အောက်ပိုင်းက နာမယ်၊ ဝမ်းချုပ်တာရော ဝမ်းပျက်တာပါ ရှိနိုင်တယ်။ သွေးနဲ့ ပြည်ထွက်နိုင်တယ်။

Sexually transmitted proctitis လိင်ကတဆင့်ဖြစ်တာထဲမှာ
၁။ Gonorrhea ဂနိုရီးယားလဲပါတယ်။ ယားမယ်၊ သွေး-ပြည်ဆင်းမယ်၊ ဝမ်းပျက်မယ်။ တပါထဲ ကြွက်နို့၊ ဂရင်ဂျီနာ၊ လိပ်ခေါင်းတွေလဲ တချို့မှာ တွဲတွေ့ရတတ်တယ်။
၂။ Chlamydia (ကလာမိုင်ဒီးယား) ၂ဝ% ဖြစ်နိုင်တယ်။ ဝမ်းသွားတဲ့အခါ စအိုနေရာ နာမယ်၊ ပြည်-သွေး တခုခုဆင်းနိုင်တယ်။ ဝမ်းလျှောနိုင်တယ်။ သွားတိုင်းဗိုက်နာမယ်။ တချို့မှာ အစာဟောင်းအိမ် ကျဉ်းနေရင် ဝမ်းချုပ်မယ်။ ဝမ်းက ကလေးတွေလိုသာ ထွက်မယ်။
၃။ Herpes Simplex Virus 1 and 2 ရေယုံ။ စအိုအနားမှာ အရည်ကြည်ဖုလေးတွေထွက်မယ်။ ဒီအတိုင်းလဲ နာမယ်၊ ဝမ်းသွားလဲ နာမယ်။ HIV သေခြာပေါက်စစ်ရမယ်။
၄။ Syphilis ဆစ်ဖလစ်။ စအိုနာမယ်၊ တခုခုဆင်းမယ်၊ ဝမ်းသွားရင် နာမယ်၊ တချို့မှာ ဘာမှ မခံစားရဘူး။ အဆင့် ၁၊ ၂ ၊ ၃ ရှိတယ်။

Diagnosis ရောဂါသေခြာအောင်လုပ်ရမယ်။ Proctoscope ဒါမှမဟုတ် Sigmoidoscope ကရိယာနဲ့ကြည့်ရတယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်ရတယ်။ Stool sample ဝမ်းစစ်မယ်။ Crohn's disease နဲ့ Ulcerative colitis ရောဂါကို သံသယရှိရင် Colonoscopy ဒါမှမဟုတ် Barium enema X-rays လုပ်မယ်။

Anal cancer စအို-ကင်ဆာ နဲ့ ပိုအဖြစ်များတဲ့ Colorectal cancer အူမကြီး-ကင်ဆာ မတူပါ။ အမေရိကားမှာ တနှစ်ကို ၅ဝ၇ဝ ယောက်၊ ဗြိတိန်မှာ ၈ဝဝ ယောက်သာဖြစ်တယ်။ ၆ဝ% က မိန်းမတွေ ဖြစ်တယ်။ အများစုက အသက် ၆ဝ ဝန်းကျင်တွေဖြစ်တယ်။ သွေးထွက်မယ်၊ ဝမ်းသွားရင်း သွေးပါမယ်၊ စအိုနေရာမှာ နာမယ်၊ စအိုနဲ့ဆိုင်တဲ့နေရာတွေမျာ တက်စေ့တွေကြီးလာမယ်၊ အကျိ-အချွဲဆင်းမယ်၊ (ဂျယ်လီ) နဲ့ တူတယ်၊ စအိုနေရာ ယားနိုင်တယ်၊ ဝမ်းသွားချိန် ခါတိုင်းနဲ့မတူဘဲ ပြောင်းလာမယ်၊ ဝမ်းချုပ်လိုက်၊ ပျက်လိုက်ဖြစ်မယ်၊ ဝမ်းကို ထိန်းရတာ မလုံဖြစ်လာမယ်၊ ဗိုက်ကယ်နေမယ်၊ အမျိုးသမီးတွေဆိုရင် ခါးအောက်ပိုင်းနာမယ်၊ ကင်ဆာကနေ ဗဂျိုင်းနားအပေါ် ဖိအားသက်ရောက်နိုင်တယ်၊ ဗဂျိုင်းနား ခြောက်လာမယ်။

Proctoscopy, Sigmoidoscopy, Biopsy, CT scan, X-rays, MRI scan နဲ့ Ultrasound scan တွေနဲ့ စစ်ဆေးမယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/proctitis.html


Healthy Life

253 Blog posts

Comments