Pills lower ovarian cancer risk ကိုယ်ဝန်တားဆေး နှင့် မျိုးဥအိမ်-ကင်ဆာ

Pills lower ovarian cancer risk ကိုယ်ဝန်တားဆေးဟာ မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို လျှောနည်းစေတယ် လို့ ၂၅-၁ဝ-၂ဝ၁၁ နေ့ကလာတဲ့ ဆေးပညာ

November 04, 2014
Pills lower ovarian cancer risk ကိုယ်ဝန်တားဆေး နှင့် မျိုးဥအိမ်-ကင်ဆာ

Pills lower ovarian cancer risk

Pills lower ovarian cancer risk ကိုယ်ဝန်တားဆေးဟာ မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို လျှောနည်းစေတယ် လို့ ၂၅-၁ဝ-၂ဝ၁၁ နေ့ကလာတဲ့ ဆေးပညာသတင်းက ဆိုပါတယ်။

Combined oral contraceptive pill ဟော်မုန်း ၂ မျိုးတွဲပါတဲ့ လူအများဆုံး သုံးနေကြတဲ့ ကိုယ်ဝန်တား စားဆေးကို လေ့လာချက်ကနေ ထွက်လာတဲ့ နောက်ထပ် ရလဒ်တခု ဖြစ်ပါတယ်။ ၁ဝ နှစ်သောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ Ovarian cancer မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို ထက်ဝက် သက်သာတာ တွေ့ရတယ်လို့ အဲဒီသတင်းအရ သိလာရတယ်။

ဒါပေမဲ့ Breast cancer ရင်သား-ကင်ဆာ ဖြစ်တာတော့ ပိုများစေနိုင်တယ်။ ကိုယ်ဝန်တားဆေး ၁ဝ နှစ်တာ သောက်ခဲ့တဲ့ အမျိုးသမီးပေါင်း တသိန်းထဲမှာ ရင်သား-ကင်ဆာ ပိုဖြစ်တာ အယောက် ၅ဝ ပိုပြီး၊ မျိုးဥအိမ်-ကင်ဆာ ဖြစ်တာ ၁၂ ယောက် လျှော့နည်းတာ တွေ့ရတယ်။

အရင် သုတေသနတွေက ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်စေကြတဲ့ ကိုယ်ဝန်-တားဆေးတွေနဲ့ ကိုယ်ဝန် ဆောင်တာတွေဟာ ကင်ဆာနဲ့ ဘယ်လို ဆက်စပ်သလဲ ဆိုတာတွေကို လေ့လာခဲ့တယ်။

University of Newcastle (နယူးကတ်စ်တယ်လ်) တက္ကသိုလ်၊ Northern Institute for Cancer Research မြောက်ပိုင်း ကင်ဆာ သုတေသနဌာနက Dr Richard Edmondson ကနေပြောတာက "ဒီတွေ့ရှိချက်ကနေ အမျိုးသမီးတွေကို ပိုပြီး သိစေလိုက်တာက တားဆေးတွေဟာ ကိုယ်ဝန်ကို တားပေးနိုင်တာအပြင် မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို ပါ နည်းစေတယ်။ ဒါပေမဲ့ ရင်သား-ကင်ဆာ ဖြစ်စေနိုင်တာနဲ့တော့ ချိန်ဆရပါလိမ့်မယ်။"

ဒီလေ့လာမှုဟာ European Prospective Investigation of Cancer (EPIC) မှာ စာရင်းသွင်းပြီး အမျိုးသမီး စုစုပေါင်း ၃ သိန်းကျော်ကို ပြုလုပ်ခဲ့တာပါ။ တားဆေးထဲမှာ Oestrogen (အီစထိုဂျင်) နဲ့ Progestogen (ပရိုဂျက်စတိုဂျင်) ဟော်မုန်း ၂ မျိုးပါတယ်။ ဒီဆေးမျိုး ၁ဝ နှစ်ကြာသုံးသူတွေမှာ ဆေး ၁ နှစ်လောက်သာ သုံးသူတွေထက် မျိုးဥအိမ်-ကင်ဆာ ဖြစ်စေမှာ နည်းကြတာတွေ့ရတာ ဖြစ်ပါတယ်။
လေ့လာသူတွေ ပြောတာထဲမှာ နောက်တချက်က ကိုယ်ဝန်ဆောင်၊ ကလေးမွေးရရင်လဲ မျိုးဥအိမ်-ကင်ဆာ ဖြစ်မဲ့ အခွင့်အလမ်းကိုပါ နည်းစေတယ်။ ကလေးများလေး၊ နည်းလေ။

ဒါပေမဲ့ ကလေးနို့တိုက်တာနဲ့ ဆက်စပ်မှုကိုတော့ အထောက်အထား မတွေ့ဘူးလို့လဲ အခုသုတေသီတွေက ဆိုပါတယ်။ တခြား လေ့လာမှုတွေကတာ့ အဲလိုဖြစ်စေနိုင်တယ်လို့ တွေ့ထားခဲ့တာပါ။

Ovarian cancer မျိုးဥအိမ်-ကင်ဆာဟာ အဖြစ်မနည်းပါ။ (ယူကေ) မှာ နှစ်တိုင်း ၆၅ဝဝ ယောက် တွေ့နေရပါတယ်။ ဆရာဝန်တွေက အသက်အရွယ်၊ မျိုးဗီဇ ချို့ယွင်းချက်၊ လူအလွန်ဝတာ၊ ဆေးလိပ်သောက်တာစတဲ့ အကြောင်းတရားတွေနဲ့ ဆက်စပ်မယ်လို့ ယူဆကြတယ်။

University of Oxford (အောက်စ်ဖို့ဒ်) တက္ကသိုလ်က ကင်ဆာသုတေသနဌာနက Naomi Allen (နော်မီ-အေလင်) ပြောတာကတော့ မျိုးဥအိမ်-ကင်ဆာ ဆိုတာ သိအောင်လုပ်ရတာ မလွယ်ဘူး။ ဒါ့ကြောင့် အမျိုးသမီးတွေကို အသက်ကယ်ဘို့ရာ မဖြစ်အောင် ကာကွယ်တာက ပိုအရေးကြီးတယ်။ ဒီတွေ့ရှိချက်က အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ တားဆေး သောက်ရတာနဲ့ ကလေးယူရတာ ၂ မျိုးလုံးကနေ မျိုးဥအိမ်ကင်ဆာဖြစ်မှာကို နည်းစေတယ်လို့ မသိကြလို့ပါဘဲ။

အဲဒီဌာနက ကျန်းမာရေး သတင်းဌာနက Sara Hiom (ဆာရာ-ဟီအွန်) ပြောတာက "မျိုးဥအိမ်-ကင်ဆာကို စောစောသိရင် စောစော ကုသတာ ကောင်းပါတယ်" လို့။ ဗိုက်အောက်နေရာမှာ နာတာ၊ ဗိုက်ဖေါင်းလာတာ၊ အစာမကျေသလိုနေတာ၊ အစာများများစားမရတာ၊ ဗိုက်ကယ် နေတာဆိုတာတွေ ဖြစ်ရင် သတိထားရပါမယ်။ ဒီလက္ခဏာတွေ စဖြစ်လာမယ်၊ ကြာလဲကြာမယ်ဆိုရင် နှေးမနေပါနဲ့ ဆေးစစ်ပါ။ နောက် သုတေသနသစ်တခု အဆိုအရ ကိုယ်ဝန်တား စားဆေးသစ်တွေဟာ သွေးခဲစေတာ ပိုဖြစ်စေနိုင်တယ်။

ဒိန်းမတ်နိုင်ငံ University of Copenhagen (ကိုပင်ဟေဂင်) တက္ကသိုလ်က သုတေသန လုပ်သူတွေရဲ့ တွေ့ရှိချက်အရ တားဆေးတွေထဲမှာ Drospirenone, Desogestrel နဲ့ Gestodene တွေပါနေရင် သွေးခဲစေဘို့ရာ နှစ်ဆ ဖြစ်နိုင်တယ်။ လက်ရှိ သုံးနေကြတားဆေး Levonorgestrel နဲ့ ယှဉ်ပြောတာ ဖြစ်ပါတယ်။

အချက်အလက်တွေ -
- ဟော်မုန်း ၂ မျိုးပါ ကိုယ်ဝန်တား စားဆေး ၁ နှစ်အထိသာသောက်သူ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၂၈ ယောက်ရှိတယ်။
- ဟော်မုန်း ၂ မျိုးပါ ကိုယ်ဝန်တား စားဆေး ၁ဝ နှစ်အနည်းဆုံးသောက်သူ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၁၅ ယောက်ရှိတယ်။
- ကိုယ်ဝန် တခါမှ မဆောင်ဘူးတဲ့ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၃၄ ယောက်ရှိတယ်။
- ကိုယ်ဝန် အနည်းဆုံး တခါဆောင်ဘူးတဲ့ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၂၄ ယောက်ရှိတယ်။

၁၇-၈-၂ဝ၁၁ ဆေးပညာသတင်းတခုအရ Ovarian cancer မျိုးဥအိမ်-ကင်ဆာကို Blood test သွေးစစ်တာနဲ့ သိနိုင်စရာ အလားအလာ ရှိတယ်လို့ ပါရှိတယ်။

အမေရိကန် သုတေသနလုပ်သူတွေကနေ မျိုးဥအိမ်ကင်ဆာ လူနာရဲ့သွေးထဲမှာ Marker antibody (အင်တီဘော်ဒီ) တမျိုးတွေ့လာလို့ ဒီလို ပြောနိုင်တာပါ။ နေကောင်းနေတဲ့ အမျိုးသမီးတွေမှာ အဲဒါမရှိဘူး။ Chicago (ရှီကာဂို) Rush University Medical Center က အဖွဲ့တခုကနေ လုပ်တဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။

မျိုးဥအိမ်-ကင်ဆာ (ဆဲလ်) တွေရဲ့ မျက်နှာပြင်မှာ Mesothelin ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ကို တွေ့ရှိလို့ပြောနိုင်တာပါ။
စမ်းသပ်သူ အမျိုးသမီးတွေထဲက ၁၅၂ ယောက်က ကျန်းမာသူတွေ၊ ၁ဝ၉ ယောက်က ကလေးမရနိုင်သေးသူတွေ၊ ၂၈ ယောက်က မျိုးဥအိမ်ကင်ဆာရှိသူတွေ နဲ့ ၂၄ ယောက်က ကင်ဆာမဟုတ်တဲ့ အကျိတ်ရှိသူတွေ ဖြစ်ကြတယ်။

ဒီ (အင်တီဘော်ဒီ) ဟာ မျိုးဥအိမ်-ကင်ဆာ ရှိသူအများစုမှာရော မျိုးဥအိမ်ကြောင့် ကလေး မရနိုင်သေးသူတွေရော သွေးထဲမှာ ရှိနေကြတယ်။ ကျန်းမာနေတဲ့ အမျိုးသမီးတွေမှာတော့ မရှိပါ။ ကင်ဆာ မဟုတ်တဲ့ မျိုးဥအိမ် အလုံး ရှိသူတွေမှာလဲ မရှိကြပါ။

အခုတွေ့ရှိချက်က အရေးပါတယ်။ ဘာလို့လဲဆိုတော့ မျိုးဥအိမ်-ကင်ဆာကို စောစောမသိနိုင်တာမို့ သေဆုံးမှုနှုန်း မြင့်နေလို့ပါဘဲလို့ သုတေသန အဖွဲ့ခေါင်းဆောင် Dr Judith Luborsky ကပြောပါတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/pills-lower-ovarian-cancer-risk.html


Healthy Life

253 Blog posts

Comments