Semen question သုက်ရည် မေးခွန်း

ကျွန်တော် သုတ်လွတ်တိုင်း သုတ်ရည်ထဲမှာ အဝါရောင် အခဲအရှည်လေးတွေ ပါလာတယ်။ သုတ်လွတ်တဲ့ အကြိမ်ရေ များရင်တော

November 02, 2014
Semen question သုက်ရည် မေးခွန်း

Semen question

ကျွန်တော် သုတ်လွတ်တိုင်း သုတ်ရည်ထဲမှာ အဝါရောင် အခဲအရှည်လေးတွေ ပါလာတယ်။ သုတ်လွတ်တဲ့ အကြိမ်ရေ များရင်တော့ အနည်းငယ်သာ ပါလေ့ရှိတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကဖြစ်နေတာပါ။ နိုင်ငံခြားထွက်ဖို့ ဆေးစစ်တော့လည်း ဘာပိုးမှမရှိပါဘူး၊ ဖျားတာနာ မရှိပါဘူး။ ဆီးလည်းကောင်းပါတယ်။ ကျန်းမာရေးကလည်း ကောင်းပါတယ်။ အသက်က ၂၇ နှစ်ပါ။ ဒီကစ္စနဲ့ပက်သက်လို့ စိတ်အနှောက်အရှက် ဖြစ်နေပါတယ်၊ အကြံပေးပါဦး။
• White or grey အဖြူကနေ မီးခိုးရောင်ရှိတယ်။ တခါတလေ Yellowish ဝါတာလဲ ပုံမှန်ဘဲ။ Pink or red ပန်းရောင်-အနီရောင် ဖြစ်နေရင် သွေးပါလို့ဖြစ်မယ်။
• Semen (စီမင်) ဟာ ကျားဆီးထွက်ပြွန်ဝကနေ ထွက်လာပြီးနောက်မှာ ချက်ချင်း ခဲသွားရတယ်။ Sticky, jelly-like liquid စေးကပ်-ကျိခွဲနေမယ်။
• Liquefy again ၅-၄ဝ မိနစ်ကြာရင် တခါပြန်အရည်ဖြစ်လာမယ်။
• Jelly-like globules (ဂျယ်လီ) လို အစိုင်အခဲလေးတွေ ဖြစ်နေတာလဲ ရောဂါမဟုတ်ပါ။ နဲနဲ ဝါချင်လဲ ဝါနေနိုင်တယ်။
• Health or Fertility problem ကျန်းမာရေးပြဿနာလဲ မဟုတ်ဘူး။ ကလေးမရစေမဲ့ပြဿနာလဲ မဟုတ်ဘူး။ မခဲနိုင်တာနဲ့ ပြန်အရည်မဖြစ်နိုင်တာဆိုရင် ကလေးမရစေတဲ့ပြဿနာဖြစ်နိုင်တယ်။
• Ejaculation သုက်တခါလွှတ်ရင် ပျမ်းမျှ ထုထည် 2 to 5ml ရှိမယ်။
- 1.5ml သာရှိရင် Hypospermia နဲ့
- 5.5ml ထက် များတာ Hperspermia ပုံမှန်မဟုတ်ဘူး။
- ဒါပေမဲ့ သုက်လွှတ်တဲ့အကြိမ် ဆက်နေရင် ထုထည်နည်းနိုင်ပြီး၊ မလွှတ်တာ သိပ်ကြာနေရင်လဲ များနိုင်တယ်။
• WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ပုံမှန်ဆိုတာ ဒီလို အရည်အသွေးတွေ ရှိရမယ်။ Normal sperm count ပုံမှန်-သုက်ရည်-အရေအတွက်ကို ပြောတာဖြစ်တယ်။
- Spermatozoa သုက်ကောင်ရေ 20 million per ml အနည်းဆုံး ရှိရမယ်။
- Semen ထုထည် 2ml အနည်းဆုံး ရှိရမယ်။
- သုက်တခါလွှတ်ရင် Spermatozoa 40 million အနည်းဆုံး ပါနေရမယ်။
- Alive spermatozoa ၇၅% အနည်းဆုံး ရှင်သန်နေရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၃ဝ% Normal shape and form ပုံပန်းသဏ္ဌာန် မှန်ရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၂၅%ဟာ ရှေ့ကို မြန်မြန်သွက်သွက် ကူးသွားနိုင်ရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၅ဝ%ဟာ နှေးချင်နှေးပါစေ ရှေ့ကို ကူးသွားနိုင်စွမ်း ရှိရမယ်။

ဒီအရည်အချင်း၊ အချက်အလက်တွေကလွဲတာကို သုက်-ကျန်းမာရေးပြဿနာလို့ မသတ်မှတ်ပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/semen-question.html


Healthy Life

253 Blog posts

Comments