တစ္ဆေပြောသော ပုံပြင် (အပိုင်း၁)

#Crd_(Kham)_Facebook_Accountမှ ကူးယူဖော်ပြသည်...!

တစ္ဆေပြောသော ပုံပြင်( အပိုင်း ၁)
------------------------

"ဟေ့ကောင်.....ဟေ့ကောင် ရပ်စမ်း" ပြည့်သူ့ရဲဝမ်ထမ်းတစ်ဦး၏အသံကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော ညနက်၏ပုံသဏ္ဍန်
ပွက်လောရိုတ်သွားသည်။

"ရွှီ” "ဟေ့ရဲဘော်တို့ ရှေ့မှာ ငတက်ပြားရဲ့ညီတစ်ယောက်တွေထားတယ်လိုက်ကြစို့” ပြည်သူ့ရဲဝန်ထမ်းများလိုက်နေသည်မှာ
သူခိုးတစ်ယောက်ဖြစ်သည်။ ဖိုးကွေး ဆိုသောလူလတ်တစ်ဦးဖြစ်သည်။ ဖိုးခွေးသည် ရွှေတောင်ကြားလမ်း သူဋေးတစ်ဦး၏အိမ်၌ ရွှေပစ္စည်းများကိုခိုးယူပြီးနောက် ထွက်ပြေးလာခြင်းဖြစ်သည်။ ဒုစရိုတ်သမားတို့၏
မူအရ ရဲတွေ့ပါကအိန္ဒြေမဆယ်နိုင်အောင် တုန်လှုပ်ခြောက်ခြားလျက်ရှိသည်။ ထို့အတူဖိုးကွေးတစ်ယောက်တည်း ရဲနဲ့တမ်းတိုး၍
ပြေးလာခြင်းဖြစ်သည်။ "ဟာ...နောက်မှာရဲတွေလိုက်လာပြီ မှီတော့မလားမသိဘူး ဘုရား...ဘုရား...” ဖိုးကွေးဟာ ဒုစရိုတ်သမားဖြစ်သော်ငြားလည်း
အရေးအကြောင်းဆိုရင် ဘုရားတော့တရမယ်မှန်း
သိသားဗျာ့။ ဖိုးကွေးတစ်ခု စဉ်းစားလိုက်သည်။
"ဒီအချိန်မှာ မိုးရွာမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ ဟင်း.. ဒါမှလည်း ဟိုရဲစုတ်တွေကို မျက်ခြေဖျတ်နိူင်မှာကွ မိုးမင်းကြီးရယ် သဲကြီးမဲကြီး ရွာလိုက်စမ်းပါ" ဟု စိတ်ထဲတွင် ဆုတောင်းလိုက်သည်။ ထိုအချိန်တွင် မိုးခြိမ်းသံကို ကြားလိုက်ရသည် "ခြိမ်း...ခြိမ်း"
ထို့နောက် လေတိုက်သံတွေကို ကြားလိုက်ရပြန်သည် "ဝေါ” "ဟာ...ဟန်ကျသပါ့
မိုးရွာတော့မယ်ထင်တယ် ဟီးဟီး" ဖိုးကွေးတစ်ယောက်အပျော်ကြီး ပျော်နေရှာသည်။ သိပ်မကြာပါဘူးဗျာ ကောင်းကင်တစ်ခုလူံး မဲမှောင်လျက် မိုးများရွာချလိုက်လေသည်။"ဟာ..သိကြားမင်း
ဘာစိတ်ကူးပေါက်လို့လဲတော့မသိဘူး ငါဆုတောင်းပြည့်တယ် ကြည့်စမ်း ဟား..ဟား"
မိုးရော လေရောပါ တိုက်ခတ်သည် "ခြိမ်း..ခြိမ်း..
"ဝေါ.....ဝေါ..." ဖိုးကွေး တစ်ယောက်ရဲတွေကို
မျက်ခြေဖျတ်နိုင်ခဲ့ပြီ။

"ဟာ ငါဒီအတိုင်းဆက်သွားနေလို့မဖြစ်ဘူး
တော်ကြာသံတိုင်နောက်က လေးထောင့်အခန်းထဲ
မရောက်ခင် ဒီမိုးတွေကြားမှာ ငါအအေးပတ်ပြီး
သေသွားလိမ့်မယ်" ဖိုးကွေးတော်တော်လေးချမ်းနေရှာပြီ "ဟာ...ဟိုအရှေ့မှာ အပင်ကြီးတစ်ပင်တွေ့ပြီ အဲ့ဒီ့အပင်ကြီးအောက်မှာ မိုးခိုဦးမှ"
ဖိုးကွေးအပင်ကြီး ရှိရာသို့သွားလိုက်သည်။
အပင်ကြီးအောက်ရောက်တော့ ဖိုးကွေးတစ်ယောက်စဉ်းစားလိုက်သည်။
"အင်း ငါဒီအတိုင်းထိုင်နေလို့တော့မဖြစ်ဘူး ဒီဧရိယာမှာရှိတဲ့ အိမ်တစ်အိမ်ထဲဝင်ပြီး မိုးခိုနေမှရမယ်” ဖိုးကွေးပြောပြီး တစ်အောင့်ကြာတော့ လျှပ်စီးတစ်ချက်လျှပ်သည်
"ဖြတ်" လျှပ်စီးလတ်သည့်အလင်းရောင်ကိုအမှီပြုပြီး
ဘေးပတ်ဝန်းကျင်သို့ စူးစိုက်ကြည့်လိုက်သည်။
သူ၏အရှေ့တည့်တည့်၌ အိမ်အိုကြီးတစ်လုံးကို
လျှပ်ရောင်နှင့်အတူ ထင်ထင်ရှားရှားတွေ့လိုက်ရသည်။ အိမ်ကြီးကား
တော်တော်လေး ဟောင်းနွမ်းနေပြီဖြစ်သည်။
အိမ်ကြီး၏အရှေ့၌ရှိသော ငုတ်တိုပင်လျှင် အရိုးတံကျဲကျဲနှင့် အလွန်စိတ်ခြောက်ခြားဖွယ်ရှိသည်။ လေများ တစ်ချက်တစ်ချက် တိုက်ပြီဆိုလျှင် ထိုငုတ်တိုပင်မှာ ဝှေ့ယမ်းလျက် မသိလျှင် သရဲ၊တစ္ဆေတစ်ကောင်က လက်ယက်ခေါ်နေပင်
သကဲ့သို့ရှိသည်။ ။
************************************************
#အပိုင်း၂_မကြာမီလာမည်

  • Kham

Min Khant

15 Blog posts

Comments