Chromosome Analysis and Amniocentesis (ခရိုမိုဇုမ်း) ခွဲခြမ်းစိတ်ဖြာခြင်း နဲ့ ရေမြွှာရည်စစ်ဆေးခြင်း

Chromosomes (ခရိုမိုဇုမ်း) ဆိုတာ လူတိုင်းရဲ့ သွေးနီဥကလွဲရင် (ဆဲလ်) တိုင်းမှာရှိတဲ့ မျိုးဗီဇဖြစ်တယ်။ (ဆဲလ်) တိုင်းမ

November 03, 2014
Chromosome Analysis and Amniocentesis (ခရိုမိုဇုမ်း) ခွဲခြမ်းစိတ်ဖြာခြင်း နဲ့ ရေမြွှာရည်စစ်ဆေးခြင်း

Chromosome Analysis and Amniocentesis

Chromosomes (ခရိုမိုဇုမ်း) ဆိုတာ လူတိုင်းရဲ့ သွေးနီဥကလွဲရင် (ဆဲလ်) တိုင်းမှာရှိတဲ့ မျိုးဗီဇဖြစ်တယ်။ (ဆဲလ်) တိုင်းမှာ ၄၆ ခု (၂၃ စုံ) စီရှိတယ်။ အဖေစစ်၊ အမေစစ်တွေဆီကနေ ရကြတာဖြစ်တယ်။ ၂၂ စုံကို Autosomes (အောတိုဇုမ်း) ခေါ်ပြီး ကျန်တဲ့တစုံကို ကျား-မဖြစ်တာကို ပြဋ္ဌာန်းတဲ့ Sex chromosomes (ဆက်စ်-ခရိုမိုဇုမ်း) ခေါ်တယ်။ မ ဆိုရင် X sex chromosomes ၂ ခုပါမယ်။ ကျားဆိုရင် X sex chromosome တခုနဲ့ Y sex chromosome တခုပါတယ်။

(ခရိုမိုဇုမ်း) ခွဲခြမ်းစိတ်ဖြာခြင်းဆိုတာ ၄၆ ခုရဲ့ အရေအတွက်နဲ့ တည်ဆောက်ပုံကို လေ့လာတာ ဖြစ်တယ်။ Karyotype လို့လဲခေါ်တယ်။ အများအားဖြင့် သွေးဖြူဥ (ဆဲလ်) ထဲက ရှိတာကို ရေတွက်တယ်။
• ကလေး ဖွံ့ထွားမှုကို သံသယဝင်ရင်စစ်မယ်။
• ပုံပန်းတမျိုးဖြစ်နေရင် စစ်မယ်။
• မွေးရာပါ ချို့ယွင်းချက် ပါလာရင်စစ်မယ်။
• လိင်အင်္ဂါပုံမှန်မဟုတ်ရင် စစ်မယ်။
• ကလေးအသေမွေးတာ၊ မွေးမွေးချင်းသေတာ၊ ဘာလို့ဖြစ်ရတာလဲ သိအောင်စစ်မယ်။
• ကလေးမရနိုင်သူ၊ ခဏခဏ ကိုယ်ဝန်ပျက်သူ၊ ရာသီတခါမှမလာသူကို စစ်မယ်။
• သားဦးကိုယ်ဝန်ဆောင်ရတာ (မွေးမဲ့အချိန်မှာ) အသက် ၃၅ ကျော်နေရင်လဲစစ်တယ်။ (ခရိုမိုဇုန်း) ပုံမှန်မဟုတ်တဲ့ ကလေး မွေးလာမှာ စိုးလို့ဖြစ်တယ်။
• (ခရိုမိုဇုန်း) ပုံမှန်မဟုတ်တဲ့ မိသားစုရာဇဝင် ရှိနေသူကိုလဲ စစ်မယ်။
• သိတားဘို့က အဲလိုစစ်တိုင်းလဲ ပုံမှန်မဟုတ်တာ အားလုံးကို မသိနိုင်ဘူး။

Amniocentesis ရေမြွှာရည်စစ်ဆေးခြင်း
ဒီနည်းကို စမ်းသပ်ဘို့ရော ကုသဘို့အတွက်ပါ လုပ်တယ်။ ဒီအရည်ထဲမှာ အထဲက သန္ဓေသားရဲ့ (ဆဲလ်) တွေနဲ့ သူကနေ ထုတ်တဲ့ ဓါတ်တွေ ပါနေတယ်။
1. Genetic amniocentesis ဆိုတာ မျိုးဗီဇပုံမှန်မဟုတ်တာသိအောင် စမ်းနည်းဖြစ်တယ်။ ကိုယ်ဝန် ၁၅ ပတ် နောက်ပိုင်းမှာ လုပ်တယ်။ ဒီအချိန်ရောက်မှ ရေမြွှာအိတ်နှစ်လွှာက ပေါင်းစပ်တယ်။ တချို့ကလည်း ၁၁ ပတ် ကတည်းက လုပ်တယ်။ Down syndrome နဲ့ Spina bifida ရောဂါတွေကို ကြိုသိထားနိုင်တယ်။
2. Maturity amniocentesis စစ်နည်းလုပ်ရင် ကလေးရဲ့ အဆုပ်အခြေအနေကို သိမယ်။ ကိုယ်ဝန် ၃၂ ပတ်နဲ့ ၃၉ ပတ်ကြားလုပ်တယ်။

ဒီစမ်းသပ်နည်းမှာ အန္တရာယ်တွေတော့ သတိထားရတယ်။
• Miscarriage ကိုယ်ဝန်ပျက်နိုင်တယ်။ ၃ဝဝ-၅ဝဝ မှာ ၁ ယောက်ဖြစ်တယ်။ ကိုယ်ဝန်နုရင် ပိုဖြစ်နိုင်ခြေများတယ်။
• Cramping and vaginal bleeding ဗိုက်နာတာနဲ့ သွေးနဲနဲဆင်းတာဖြစ်နိုင်တယ်။
• Needle injury ဆေးထိုးအပ်ကနေ ကလေးကိုထိခိုက်တာလဲ ဖြစ်နိုင်တယ်။ ဆိုးတာအတော်ရှားတယ်။
• Leaking amniotic fluid ရေမြွှာရည်ဆင်းတတ်တယ်။
• Rh sensitization သွေးအုပ်စုခွဲနည်းတခုထဲက (အာရ်အိတ်ချ်) ကလေးရဲ့ သွေးနီဥက မအေရဲ့သွေးထဲဝင်ရင် ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်လောင်းဟာ Rh negative ဖြစ်နေရင် Rh immunoglobulin ဆေးထိုးပေးမယ်။
• Infection ပိုးဝင်တာလဲ သတိထားရတယ်။
• Infection transmission တကယ်လို့ မိခင်လောင်းမှာ HIV, Hepatitis C, Toxoplasmosis ရှိနေရင် ကလေးဆီ ကူးစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/chromosome-analysis-and-amniocentesis.html


Healthy Life

253 Blog posts

Comments