TDF-IVR အမျိုးသမီးထဲမှာ ဆေးကွင်းထည့်ထားရင် HIV ကို ကာကွယ်နိုင်လောက်တယ်

• လေ့လာမှုအသစ်တခုကနေ အမျိုးသမီးရဲ့ မွေးဖွါးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ HIV ကိုကုရာမှာ သုံးတဲ့ဆေး ပါတဲ

November 15, 2014
TDF-IVR အမျိုးသမီးထဲမှာ ဆေးကွင်းထည့်ထားရင် HIV ကို ကာကွယ်နိုင်လောက်တယ်

• လေ့လာမှုအသစ်တခုကနေ အမျိုးသမီးရဲ့ မွေးဖွါးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ HIV ကိုကုရာမှာ သုံးတဲ့ဆေး ပါတဲ့ ကွင်းလေးထည့်ထားရင် HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်စရာရှိတယ်လို့ သိလာရပါတယ်။
• အကောင်တွေကို စမ်းသပ်ရာမှာ Simian immunodeficiency virus (SHIV) ဗိုင်းရပ်စ်တွေရဲ့ရန်ကနေ ၁ဝဝ% ကာကွယ်တာကို တွေ့ရှိလာရပါတယ်။
• ဒီစမ်းသပ်မှုကို အမေရိကား၊ (အူတား) တက္ကသိုလ်မှာ ၁ဝ နှစ်ကြာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင် လူတွေကို စမ်းပါတော့မယ်။
• ဆေးကွင်းကနေ ဗိုင်းရပ်ကိုနိုင်တဲ့ဆေးကို စဉ်ဆက်မပြတ် ရာသီစက်ဝန်းတခုလုံး ထုတ်ေးပးနေပါမယ်။
• သောက်ဆေးတွေပေးရင် ဆေးအလေးချိန် များမှရတယ်။ ဆေးကို (ဂျဲလ်) လုပ်ပြီး အတူမနေခင် သုတ်လိမ်းရတာက အဆင်မပြေတာတွေ့လာရတယ်။ မသုံးချင်ကြဘူးတဲ့။
• အခုဆေးကွင်းသစ်ကို ရက် ၃ဝ မှသာတခါထည့်ထားဘို့ဖြစ်တယ်။
• TDF-IVR (Tenofovir Disoproxil Fumarate Intravaginal Ring) လို့ခေါ်ပြီး သောက်ဆေးထက် ဆေးနည်းတာနဲ့ ရတယ်။
• ကနေ့ တကမ္ဘာလုံးမှာ လူနာပေါင်း ၃့၅ သန်းသောက်နေရတဲ့ Tenofovir ဆေးကို အမှုံ့လုပ်ထားတယ်။ အရင်က ဒီလိုမစမ်းဘူးသေးပါ။
• NuvaRing ခေါ်တဲ့ ကိုယ်ဝန်တားဆေးကွင်းကို (စီလီကွန်) နဲ့လုပ်ထားပြီး အခုဆေးကွင်းကိုတော့ (ပေါ်လီမာ) တမျိုးနဲ့လုပ်ထားတယ်။ ဆေးထုတ်ပေးနှုန်းမှာ အဆ ၁ဝဝဝ ပိုတ်။
• လူတွေကို နယူးယောက်မှာရှိတဲ့ (အဲလ်ဗတ် အိုင်းစတိုင်း အင်စတီကျု) ဆေးကျောင်းမှာ လာမဲ့နိုဝင်္ဘာလမယ် လုပ်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ၆ဝ ကို ၁၄ ရက်ဆေးကွင်းထည့်ထားပြီး စမ်းပါမယ်။
• ဒီဆေးနဲ့အတူ ကိုယ်ဝန်တားဆေးနဲ့ တခြား ဗိုင်းရပ်ဆေးကိုလဲ ရောထည့်ပါအုံးမယ်။

တောင်အာဖရိကားမှာလဲ ဆေးကွင်းကို စမ်းပြီးပါပြီ။ အဲဒီမှာက ဗိုင်းရပ်စ်ဆေး Dapivirine ကို စမ်းပါတယ်။ စမ်းသပ်မှုအဆင့် (၃) ရောက်နေပါပြီ။ မကြာခင်မှာ (မာလာဝီ) နဲ့ (ရဝမ်ဒါ) မှာ ဆက်စမ်းပါမယ်။ ၂ဝ၁၅ ရောက်ရင် အဖြေတွေသိလာရပါမယ်။ ၂ဝ၁ဝ တုံးက CAPRISA 004 gel သုံးခဲ့တာမှာ ၃၉% သာ ကူးစက်မှုကို တားဆီးတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ရက် ၆ဝ ကနေ ၉ဝ အထိ ထားနိုင်ပြီး၊ ဈေးချိုတာကိုလဲ စမ်းနေပါတယ်။

အမေရိကားမှာလုပ်တဲ့နည်းက ပိုအလားအလာကောင်းတယ်လို့ ပြောရပါမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/tdf-ivr-hiv.html


Healthy Life

253 Blog posts

Comments